22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 24, 2012

ချစ်စနိုးဦးပြောတဲ့ အနုပညာသက်တမ်းနဲ့ နေရာ

 

လတ်တလောမှာ ဇာတ်ကား ရိုက်ကူးမှု တွေမပြတ် လုပ်ဖြစ်နေတဲ့ ချစ်စနိုးဦးက တစ်ကိုယ်တော် စီးရီးထွက်ရှိဖို့လည်း ပြင်ဆင်နေပါတယ်။ချစ်စနိုးဦးက သူငယ်ချင်း ဖြစ်သူဆုပန်ထွာနဲ့ အတူမကြာမီကပဲ စင်ကာပူကို အလည်ခရီးသွားခဲ့ပါသေး တယ်။ ပြည်ပရှိုးတွေမှာဖျော်ဖြေတဲ့အခါ ကျရင်ပရိသတ်တွေတအားအားပေးတယ် လို့လည်းပြောတဲ့ချစ်စနိုးဦး ကအစား အသောက်မှာတော့အခက်ခဲရှိကြောင်း လည်းပြောပါတယ်။
''ဟိုက ရှိုးတွေ မှာသွားဆိုရင် ဟိုကပရိသတ်တွေက အိမ်နဲ့ဝေးနေတဲ့လူတွေ များနေတော့ မြန်မာပြည်ကလူတွေလာရင် အားပေး ကြတယ်။အကုန်လုံး လည်း ဝိုင်းကူညီ ကြတယ်။အစ်မတို့ဆိုရင်ရန်ကုန်မှာ ဆိုရတာထက် နယ်မှာဆိုရတာများ တယ်။နယ်က ပရိသတ်တွေကျတော့ မင်းသမီး၊ မင်းသားကိုမမြင်ဖူးကြ တာများတယ်။ရန်ကုန်မှာတော့သွားနေလာနေကြရင်းမြင်ဖူးပြီးသားပဲ။နယ်က ပရိသတ်တွေလည်းအားပေးကြ တယ်။အားပေးမှုကတော့အတူတူပါပဲ။အခက် အခဲ ကျတော့ထွေထွေထူး ထူးမရှိပါဘူး။အစား အသောက်လေးတစ်ခုပဲရှိတယ်။
အစ်မတို့က မြန်မာစာ ကြိုက်တော့ နိုင်ငံခြားတွေမှာက ဘိုစာတွေများတယ်။ဟိုမှာမြန်မာအစား အစာတော့ရှိတယ်။ဒါပေမဲ့အရသာမတူဘူး။ကျန်တာကတော့အကုန်လုံးအဆင်ပြေပါ တယ်''လို့လည်း ပြောပါတယ်။နောက်ပိုင်းမှာ လည်း သရုပ်ဆောင်ပိုင်းရော၊ အဆိုပိုင်းကိုပါ နှစ်ခုစလုံးမျှမျှတတလုပ်သွားမယ်လို့ ချစ်စနိုးဦးကဆိုလာပါတယ်။အနုပညာသက်တမ်း ရှစ်နှစ်ရှိလာပြီဖြစ်တဲ့ ချစ်စနိုးဦးကို ရောက်နေ တဲ့နေရာမှာ ကျေနပ်မှုရှိရဲ့လား လို့ မေးကြည့် တော့''အခုဆိုရင် ရှစ်နှစ်ရှိသွားပြီ။ဒါပေမဲ့ အောင်မြင်မှုကို မကျေနပ်သေးဘူး။
အားလုံး ကလည်းတစ်နှစ်ထက်တစ်နှစ်၊တစ်ရက်ထက်တစ်ရက်ပိုကောင်းအောင်ကြိုးစားနေကြ တာပဲ။ဘာပဲဖြစ်ဖြစ်တော့ အရင်တုန်းက ထက်စာရင်တော့ ဒီအခြေအနေကို ကျေနပ် ပေမယ့် လုံးဝကျေနပ်သွားတဲ့ အဆင့်တော့ မဟုတ်ပါဘူး။အမှန်အတိုင်းပြောရရင် စီးရီးကိုလုပ်ဖို့လည်းအစီအစဉ်မရှိခဲ့ဘူး။ရှစ်နှစ်လုံးလုံး 
ချစ်စနိုးဦးဆိုတဲ့နေရာလေးက ပရိသတ်တွေပေးတဲ့နေရာလေးပါ။ ပရိသတ် အားမပေးရင် ချစ်စနိုးဦးဆိုတာဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။အဆို ပိုင်းကျတော့ ပေါက်စပဲရှိသေးတယ်။ကိုယ်ဖြစ်လာတဲ့ လမ်းကြောင်း အပေါ်မှာပဲမူတည်ပြီး လုပ်ရမှာပဲ။သရုပ်ဆောင်ဘက်မှာ အားပေးတယ်ဆိုရင် သရုပ်ဆောင်ပေါ့။
အဆိုဘက်မှာပိုအားပေးရင် တော့အဆိုတော်ပေါ့။ဒါပရိသတ်အားပေး မှုမှာ မူတည်ပြီးလုပ်ရမှာပေါ့''လို့လည်းပြော ပါတယ်။တစ် ကိုယ်တော်စီးရီးလည်း ဒီနှစ်ကုန်မှာ ထွက်ရှိတော့မှာဖြစ်ကြောင်း
ချစ်စနိုးဦးက သတင်းပေးခဲ့ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )