22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, July 25, 2012

မိုင်းရှင်းလင်းရေးစစ်ရေး လေ့ကျင့်မှုများကို ပင်လယ်ကွေ့တွင် ပြုလုပ်မည်

 

ရေတပ်သုံး မိုင်းများ ခြိမ်း ခြောက်မှု အန္တရာယ်ကို တုံ့ပြန်နိုင်မည့် မိုင်း ရှင်းလင်းရေး လေ့ကျင့်မှု များကို အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက အရှေ့ အလယ်ပိုင်း ဒေသရှိ ပင်လယ် ကွေ့တွင် လာမည့်စက်တင်ဘာလ၌ ပြုလုပ်ကြမည်ဖြစ်ပြီး အပြန်အလှန် ပူး ပေါင်းဆောင်ရွက်မှုနှင့် စွမ်းရည်များ တိုးမြှင့် လာစေရန် ရည်ရွယ်ကြောင်း ပင်တဂွန်သတင်းပြန်ကြားရေးအတွင်း ရေးမှူး ဂျော့ရှ်လစ်တယ်က အင်္ဂါနေ့ တွင်ပြောကြားခဲ့သည်။
အဆိုပါစစ်ရေး လေ့ကျင့်မှုသည် အီရန်ကိုအသိပေးစေ လိုခြင်းမဟုတ်ဘဲ အမေရိကန်ရေတပ် ဌာနချုပ်ရှိရာ နေရာများ၌ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နှင့် ရေတပ်သုံးမိုင်းများအား တန်ပြန် တိုက် ခိုက်နိုင်စွမ်းရှိစေရန် လေ့ကျင့် ခြင်းသာဖြစ်ကြောင်း လစ်တယ်က ထုတ်ဖော်ခဲ့သည်။ ၄င်းပြင်ဒေသတွင်း တည်ငြိမ်မှုနှင့် အရှေ့အလယ်ပိုင်းရှိ နိုင်ငံတကာရေလမ်းကြောင်းများတွင် သင်္ဘောများ လွတ်လပ်စွာသွားလာ နိုင်ရန်ရည်ရွယ်သည့် စစ်ရေးလေ့ကျင့် မှုဖြစ်သည်ဟု ၄င်းကထပ်လောင်း ပြောကြားခဲ့သည်။
The International Mines Countermeasures Exercise ဟု အမည်ပေးထားသည့် စစ်ရေးလေ့ ကျင့်မှုတွင် တိုက်ကြီး(၄)တိုက်မှ နိုင်ငံ ပေါင်း (၂၀) ကျော်ပါဝင်မည်ဖြစ်ပြီး စက်တင်ဘာ ၁၆ရက်မှ ၂၇ရက်အထိ ပြုလုပ်ကြမည်ဖြစ်သည်။ ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့နှင့် ဟိုပန်ပင် လယ်ကွေ့တို့တွင် ပြုလုပ်ကြမည်ဟု ပင်တဂွန်မှ ထုတ်ပြန်သော အစီရင်ခံစာ တွင်ဖော်ပြထားသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )