22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 22, 2012

သုံးလအတွင်း ဆန်နှင့်ပဲ တန်ချိန်တစ်သန်းနီးပါး ပြည်ပတင်ပို့ပြီး အမေရိကန် ဒေါ်လာသန်း ၅၀၀ နီးပါးရရှိထား ငွေလဲနှုန်းမြင့်တက်

7421
ပဲပေါ်ချိန်ကာလက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အတွင်းရှိ ပဲစိုက်တောင်သူများ
မတ်ပဲများအား မိုးမမိစေရန် လူအင်အားဖြင့် သိမ်းဆည်းနေကြစဉ်




ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် သုံးလအတွင်း ဆန်နှင့်ပဲ တန်ချိန်တစ်သန်းနီးပါး ပြည်ပ တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရရှိကြောင်း စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် ဧပြီလမှ ဇူလိုင် လ ၁၃ ရက်နေ့အထိ ဆန်တန်ချိန် ၃၆၇၃၁၅ တင်ပို့ထားပြီး ပဲမျိုးစုံ တန်ချိန် ၆၀၈၀၀၄ တင်ပို့ထားကြောင်း၊ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃၅ သန်းကျော်ရရှိ ပြီး ပဲတင်ပို့မှုမှ အမေရိကန်ဒေါ် လာ ၃၈၄ သန်းနီးပါး ရရှိကြောင်း သိရသည်။
တောင်သူများ လက်ဝယ်သီးနှံရှိသည့် ကောက်သစ်ရာသီ၊ ပဲ သိမ်းသည့်ရာသီကာလများက အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၆၈၀ အထိ ကျဆင်းခဲ့သည့်အတွက် စပါးနှင့်ပဲ ပြည်တွင်းဈေးများမှာ စိုက်ပျိုး စရိတ်ပင် ပြန်လည်မရရှိသည့် ဈေး အထိ ကျဆင်းခဲ့သည်။
သို့သော် တောင်သူများလက်ဝယ် သီးနှံမကျန်ရှိဘဲ လှောင်လက်များ လက်ဝယ်သီးနှံများ အဆိုပါ အနိမ့်ဈေးဖြင့် ရောက်ရှိပြီးချိန်တွင်မူ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၉၀၀ ၀န်းကျင်အထိ မြင့်တက်သွားခဲ့ပြီး လက်ရှိအချိန်၌ တစ်ဒေါ်လာလျှင် ကျပ် ၈၇၀ ကျော်အထိ မြင့်တက်နေဆဲ ဖြစ်သည်။
ထို့အတွက် အနိမ့်ဈေးဖြင့် ရရှိထားသည့် လှောင်လက်လုပ်ငန်းရှင်များ အကျိုးရှိခဲ့ကြောင်း၊ တင်ပို့မှုမှာလည်း ယခင် ငွေဈေးအနိမ့်ကကဲ့သို့ မဟုတ်ဘဲ ပြန်လည်သွက်လက်လာကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပဲအဓိကတင်ပို့ နေသည့် အိန္ဒိယနိုင်ငံတွင် ရာသီဥတု ဖောက်ပြန်နေသည့်အတွက် ပဲအထွက်ကျနိုင်ဖွယ်ရှိသည့် အခြေအနေ ဖြစ်ပေါ်နေ၍ မြန်မာ့ပဲဈေးမှာလည်း တဖြည်းဖြည်းချင်းပြန်လည် မြင့်တက်လာခဲ့ကြောင်း၊ ငွေလဲနှုန်းမြင့်ခြင်း၊ ပြည်ပပဲဈေးနှုန်း မြင့်ခြင်းများကြောင့် အနိမ့်ဈေးဖြင့် ပဲလှောင်ထားသူများ အကျိုးပိုမိုဖြစ်ထွန်းကြောင်း သိရသည်။
ဆန်အနေဖြင့်မူ ပြည်ပဈေးမြင့်တက်ခြင်း မရှိသော်လည်း စပါးပေါ်ချိန်က တင်းတစ်ရာလျှင် ကျပ်သုံး သိန်းနှင့်သုံးသိန်း အောက်ဈေးဖြင့် အများစု ၀ယ်လှောင်ခွင့်ရခဲ့သည့် ငွေလဲနှုန်းမြင့်တက်မှုအပေါ်တွင်မူ ခံစားခွင့်ရရှိကြောင်း ပြည်ပပို့ကုန် လုပ်ငန်းရှင်များက ဆိုသည်။
“၂၀၁၁ ခုနှစ် တစ်နှစ်လုံးငွေ လဲနှုန်းကျဆင်းခဲ့တယ်။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့မှာ တစ်ဒေါ်လာကို ကျပ် ၆၈၀ အထိကျသွားတယ်။ ကာလရှည်ကျဆင်းတဲ့အတွက် စပါးကျတယ်၊ ပဲဈေးကျတယ်။ စပါးပေါ်ချိန်မှာ တောင်သူတွေ တင်း တစ်ရာကို ကျပ်သုံးသိန်းတောင်မရလို့ ဒုက္ခဖြစ်နေလို့ နိုင်ငံတော်သမ္မတ က နိုင်ငံတော်အရန်ဆန်ဆိုပြီး ၀ယ်ပေးခဲ့ရတယ်။ ဒါတောင် တင်းတစ်ရာ ကျပ်သုံးသိန်းပဲရခဲ့ကြတာ။ အများစုက ကျပ်သုံးသိန်းအောက်မှာ ပဲရှိနေတာ။ တကယ်လို့ အဲဒီလို အချိန်မှာ ငွေဈေးသာ မြင့်တက်ရင် တစ်နိုင်ငံလုံး တောင်သူတွေ ရသင့် ရထိုက်တာရကြမှာ။ ဒါပေမယ့် ငွေဈေးက ဘယ်လိုမှ ပြန်မတက်ခဲ့ဘူး။ တောင်သူတွေ လက်ဝယ်မှာ ပဲ၊ ဆန် မကျန်တော့တဲ့အချိန် လှောင်လက်တွေ အနိမ့်ဈေးနဲ့ ၀ယ်လှောင်ထားပြီး တဲ့အချိန်မှာတော့ ၂၀၁၂ ခုနှစ်ဧပြီလ ၂ ရက်နေ့နောက်ပိုင်းမှာငွေမာဈေး က ပြန်တက်လာတယ်။ တိတိကျ ကျဆိုရင် ဇွန်လ ၂၇ ရက်နေ့ မှာ အပြင်မှာလဲတဲ့နှုန်းက တစ်ဒေါ်လာ ကို ကျပ် ၉၀၀ အထိမြင့်သွားတယ်။ အဲဒီတော့ လှောင်လက်တွေက ငွေလဲနှုန်းအပြောင်းအလဲ တစ်ခုတည်းပေါ်မှာ အကျိုးအမြတ်ရသွားတယ်။ ပဲဆိုရင် အိန္ဒိယ အခြေအနေကြောင့် ဈေးလည်း နည်းနည်းချင်းတက်နေတယ်။ ပြည်ပပို့တာလည်း သွက်လာတယ်။ ဒီလိုအခြေအနေဖြစ်တာ ကောင်းပါတယ်။ ဒါပေမယ့် တောင် သူတွေမှာ အခုဆိုရင် အလယ်ပိုင်း မှာ မိုးမရွာလို့ သီးနှံတောင် ပြောင်းစိုက်ရမယ့် အခြေအနေထပ်ကြုံရတဲ့ တောင်သူတွေရှိနေတယ်။ ဆို လိုချင်တာက တောင်သူတွေ အခု စိုက်ပျိုးတဲ့သီးနှံတွေ ပေါ်မယ့်အ ချိန်မှာလည်း ဒီလိုငွေလဲနှုန်းမျိုးနဲ့ ထိုက်သင့်တာရဖို့လိုတယ်။ သီးနှံပေါ်တဲ့အချိန်ကျမှ ငွေလဲနှုန်းပြန်ကျတာမျိုး အခုတစ်နှစ်ထပ်ကြုံရင် တောင်သူတွေလည်း ခံနိုင်ရည်ရှိ တော့မှာမဟုတ်သလို အင်တိုက် အားတိုက်မစိုက်တဲ့အတွက် ကျွန်တော်တို့လည်း လွယ်လွယ်ကူကူ သီးနှံရောင်းဝယ်လို့ရမှာ မဟုတ် ဘူး။ ကျွန်တော်လည်း စပါးဝယ် ထားတဲ့အတွက် ဈေးတက်ရင် အကျိုးအမြတ်ရမှာပါပဲ။ ဒါပေမယ့် အခုက နှစ်စဉ်အဲဒီလို ဖြစ်စဉ်ဖြစ်နေတာတော့ မကောင်းဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့မှ ဆန်စပါးရောင်းဝယ်သူ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ခဲ့သည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )