22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 23, 2012

ဗန်ပါစီကို ဆက်ထိန်းထားမည်ဟု အာစင်ဝင်းဂါး ပြောကြား

ရော်ဘင် ဗန်ပါစီကို အသင်းတွင် ဆက်လက် ထိန်းသိမ်းသွားရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အာဆင်နယ် အသင်း မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားလိုက်သည်။

သတင်းများက အာဆင်နယ်သည် မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီး အသင်းများက အလိုရှိနေသော နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး အတွက် ပေါင်စတာလင် သန်း(၃၀)မျှထိ လိုလားနေဖွယ် ရှိကြောင်း ဖော်ပြခဲ့သည်။ ဝင်းဂါးကမူ မိမိတို့၏ အကောင်းဆုံး ကစားသမားကို အမ်းမရိတ်စ်တွင် ဆက်ထိန်းထားရန် မျှော်လင့်နေဆဲဟု ဆိုသည်။ "ဗန်ပါစီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက်ပါ။ ကျွန်တော့် ဆန္ဒက သူ့ကို အသင်းမှာ ဆက်ရှိနေစေဖို့ပါပဲ။ ကျွန်တော့် အနေနဲ့ အာဆင်နယ် အတွက် အကောင်းဆုံး အခြေအနေ ဖြစ်လာအောင်ပဲ လုပ်ဆောင် သွားမှာပါ" ဟု ဆိုသည်။
အနာဂတ် မရေရာဆဲ ဗန်ပါစီ

ဗန်ပါစီသည် အာဆင်နယ်တွင် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး အသင်းနှင့် သက်တမ်းတိုးရန် ငြင်းဆိုထားသည်။ ပြီးခဲ့သည့် ဘောလုံးရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးဆုရှင် ဖြစ်ခဲ့သော ဗန်ပါစီအား မန်ယူရော၊ မန်စီးတီးကပါ ပေါင်စတာလင် သန်း(၂၀)ထက် ပိုမိုဈေးပေးဖွယ် မရှိချေ။ ဩဂုတ်လ (၆)ရက်နေ့တွင် အသက်(၂၉)နှစ် ပြည့်တော့မည့် ဗန်ပါစီကို မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပေါင်စတာလင် (၁၅)သန်းဖြင့် ကမ်းလှမ်းထားကြောင်းလည်း သိရသည်။

ဝင်းဂါးက "ဗန်ပါစီဟာ နေ့တိုင်း သူရဲ့ အလုပ်အပေါ် အပြည့်အဝ အကောင်းဆုံး အာရုံစိုက် လုပ်ဆောင်နေပါတယ်။ သူဟာ ဘောလုံးကို ချစ်မြတ်နိုးသူပါ။ သူအသင်းမှာ ဆက်ရှိနေသမျှ ကာလတစ်လျှောက် အာဆင်နယ်အတွက် အာရုံစိုက်ပေးနေမယ် ဆိုတာကို ယုံကြည်ပါတယ်"ဟု ဆိုသည်။ အာဆင်နယ် ဘုတ်အဖွဲ့ကမူ အသင်းနှင့် ဗန်ပါစီ စာချုပ်သက်တမ်း မတိုးဖြစ်ပါက ကစားသမားအား ရောင်းထုတ်ရန် ဝင်းဂါးအား ဖိအား ပေးလာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။
ဩဂုတ်လ (၆)ရက်နေ့တွင် အသက်(၂၉)နှစ် ပြည့်တော့မည့် ဗန်ပါစီကို မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပေါင်စတာလင် (၁၅)သန်းဖြင့် ကမ်းလှမ်းထားကြောင်းလည်း သိရ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )