22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 16, 2012

သုတေသနလေ့လာမှုအရ အသက်ရာကျော်ရှည်စေမည့် နည်းများ

သုတေသနလေ့လာမှုအရ သိရသော အသက်ရာကျော်ရှည်စေမည့် နည်းများနယူးယောက်မြို့သူ၊ မြို့သား တွေရဲ့ ပျမ်းမျှ ဘဝသက်တမ်း က ၈၀ ဒသမ ၆နှစ် ရှိတယ် လို့ ဝါရှင်တန် တက္ကသိုလ် လေ့လာသူတွေက ဆိုပါတယ်။ နယူးယောက်မြို့သူ၊ မြို့သားတွေအနေနဲ့ ကျန်းမာရေး ပိုမိုကောင်းမွန်မှု ရှိစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာခဲ့တဲ့အခါမှာ ပျမ်းမျှသက်တမ်းထက် ပိုရှည်လာတာကို တွေ့ရတယ်လို့ သိရပါတယ်။
ဟင်းရွက်သုပ် စားပါ
နေ့စဉ် ဟင်းရွက်အစိမ်းတစ်ခွက် လောက်စားပေးရင် ဘဝသက်တမ်း နှစ်နှစ် တိုးစေနိုင်တယ် လို့ အီတလီလေ့ လာသူတွေက ဆိုပါတယ်။ ဟင်းရွက်တွေ ကို ချက်လိုက်ရင် ဟင်းရွက်တွေထဲက အင် တီအောက်ဆီးဒင့် ၃၀ ရာခိုင်နှုန်းနဲ့အထက် လျော့ပါးသွားစေနိုင်ပါတယ်။ ဟင်းရွက်အ စိမ်းတွေ စားဖြစ်စေဖို့ ငရုတ်သီးစိမ်း၊ ငရုတ် သီးမှည့်၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ပန်း ဂေါ်ဖီစိမ်းနဲ့ မုန်လာဥတို့ကို ပေါင်မုန့်ထဲ ညှပ်စားပေးပါ။ ဟင်းရွက်စိမ်းသုပ်ရာမှာ သံ လွင်ဆီထည့်ပေးပါ။ သံလွင်ဆီဟာ ခန္ဓာ ကိုယ်ကနေ တချို့အာဟာရဓာတ်တွေ စုပ် ယူမှုကို အားကောင်းစေပါတယ်။
သကြားကဲသော အချိုရည်ကို ရှောင်ပါ
သကြားကတဲ အဲ့ ချုရိ ညေ် တကွ သင့် ကို အရွယ်မတိုင်ခင် သေဆုံးစေနိုင်ပါတယ်။ အမျိုးသားတွေအနေနဲ့ သကြားကဲတဲ့ အချို ရည်တွေကို များများသောက်ရင် နှလုံးရော ဂါထနိုင်ခြေကို မြင့်တက်စေတယ်လို့ လေ့ လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။ တစ် နေ့မှာ အချိုရည် အစားရေငါးခွက်လောက် ပိုသောက်တဲ့ အမျိုးသားတွေက အချိုရည် များများသောက်ပြီး ရေနှစ်ဖန်ခွက်နဲ့ အောက်ပဲ သောက်တဲ့ အမျိုးသားတွေထက် နှလုံးရောဂါထပြီး သေဆုံးနိုင်ခြေ ၅၄ ရာ ခိုင်နှုန်း ပိုနည်းတယ်လို့ လိုမာလင်ဒါ တက္ကသိုလ်ရဲ့ လေ့လာသူတွေက ဆိုပါ တယ်။
အခွံမာသော အစေ့အဆန်ကို စားပါ
တစ်ပတ်မှာ ငါးရက်လောက် အခွံ့ မာသီးတွေကို ကြိတ်ဝါးစားသောက်သူ တွေဟာ ဘဝသက်တမ်းး ၂ ဒသမ ၉ နှစ် ပိုတိုးစေနိုင်တယ်လို့ လိုမာလင်ဒါ တက္က သိုလ်ရဲ့ လေ့လာသူတွေက ဖော်ထုတ်နိုင် ခဲ့ပါတယ်။ အခွံမာတဲ့ အစေ့အဆန်ကို တစ်နေ့မှာ လက်တစ်ဆုပ်စာ ပမာဏပဲ စားပါ။
လွယ်ကူသောနည်းဖြင့် ကယ်လိုရီ လျှော့ချပါ
ခန္ဓာကိုယ်မှာ အဆီပိုတွေ များများ ရှိတာကြောင့် ဆီးချိုသွေးချိုရောဂါ၊ နှ လုံးရောဂါ၊ လေဖြတ်ဝေဒနာနဲ့ အူမကြီး ကင်ဆာတို့ ဖြစ်နိုင်ခြေကို မြင့်တက်စေ နိုင်ပါတယ်။ ခန္ဓာကိုယ်ထုထည်အညွှန်း ကနိး (BMI)က ၂၅-၃၅ ကြားရှိနေရင် အ၀လွန်တဲ့ အဆင့်ဖြစ်နေတာကြောင့် ဘ၀သက်တမ်းကို သုံးနှစ်ကျော်ယုတ် လျော့စေတယ်လို့ အလာဘားမားတက္က သိုလ်လေ့လာသူတွေက ဆိုပါတယ်။ ဒါ ကြောင့် ကိုယ်အလေးချိန်ကို တတ်နိုင် သမျှ ထိန်းနိုင်အောင် ကယ်လိုရီများတဲ့ အစားအသောက်တွေကို လျှော့စားပါ။
ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပါ
သာယာတဲ့ ပတ်ဝန်းကျင်ကို လေ့ လာဖို့ စက်ဘီးစီးတာ၊ တောင်တက်တာ၊ လမ်းလျှောက်တာ၊ ပြေးတာစတဲ့ လှုပ်ရှား မှုတွေကို လုပ်ဆောင်ပေးပါ။ တစ် ပတ်မှာ အချိန် တစ်နာရီလောက် ခပ်သွက်သွက် လမ်းလျှောက်ပေးရင် ဘ၀ သက်တမ်းကို ၆ ဒဿမ ၂ နှစ်ခန့် ပိုရှည်နိုင်တယ်လို့ ဒင်းနစ်တက္ကသိုလ် လေ့လာမှု အရ သိရပါတယ်။
သူငယ်ချင်းများထံ မှန်မှန် ဆက်သွယ် ပါ
လေ့လာမှုတစ်ရပ်အရ မိတ်ဆွေသူ ငယ်ချင်းတွေနဲ့ ဆက်သွယ်မှုကွန်ယက် ကြီးတစ်ခု ရှိတာက အသက်ပိုရှည်စေစေ တယ်လို့ ဩစတြေးလျ လေ့လာသူတွေ က တွေ့ရှိခဲ့ပါတယ်။ တချို့ မိတ်ဆွေသူ ငယ်ချင်းတွေက အန္တရာယ်ရှိတဲ့ အပြုအ မူ(ဥပမာ- အရက်သောက်တာ၊ အပျော် အပါးလိုက်စားတာ)တွေကို လုပ်ဆောင် ဖို့ ရံဖန်ရံခါတိုက်တွန်းတတ်ပေမယ့် အ များအားဖြင့် စစ်မှန်တဲ့ ခင်မင်မှုဟာ မိတ် ဆွေအပေါင်းအသင်းတွေကို အကူအညီ ပေးတတ်ပါတယ်။ ဒါကြောင့် အလုပ်မှာ လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ မိတ်ဆွေ ဖွဲ့ပါ၊ အားကစားခန်းမမှာ မိတ်ဆွေ တွေနဲ့ အတူတွဲပြီး အားကစားလုပ်ပါ၊ အိမ်နီးချင်းတွေကို နှုတ်ဆက်စကားဆို ပါ။
အငြိမ်းစားယူပြီးချိန်မှာ စေတနာ့ဝန် ထမ်း အလုပ်လုပ်ပါ
ယေးတက္ကသိုလ်ရဲ့ လေ့လာမှုအရ အသက်ကြီးလာတဲ့ ဖြစ်စဉ်အပေါ် အ ကောင်းမြင်စိတ်ရှိသူတွေက အငြိမ်းစား ယူပြီးချိန်မှာ စိတ်နဲ့ ရုပ်ကျန်းမာရေးထိ ခိုက်သွားသူတွေထက် အသက် ခုနစ်နှစ် ကျော် ပိုရှည်ရှည်နေရစေကြောင်း သိရ ပါတယ်။ အငြိမ်းစားယူပြီးချိန်မှာ စေတ နာ့ဝန်ထမ်းအလုပ်ကို လုပ်တာကြောင့် ဘဝနေထိုင်မှုအပေါ် အကောင်းမြင်စိတ် ပိုများစေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အပြုအမူတွေကို လုပ်ဖြစ်နိုင်ခြေ လျော့ နည်းကြောင်း စိတ်ကျန်းမာရေးဆိုင်ရာ လေ့လာမှုမှတ်တမ်းအရ သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )