22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, July 25, 2012

စပိန် တောင်ပံလူ ကာဇိုလာကို ခေါ်ယူဖွယ် ရှိနေသည့် အာဆင်နယ်

 

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ယခု နွေရာသီတွင် နောက်ထပ် ငွေကြေး သုံးစွဲမှုများ ပြုလုပ်ကာ ကစားသမားသစ်များ ခေါ်ယူဖွယ် ရှိနေကြောင်း သိရသည်။

လတ်တလောတွင် အာဆင်နယ်သည် စပိန် လက်ရွေးစင် တောင်ပံလူ ဆန်တီ ကာဇိုလာအား ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ မာလာဂါ အသင်းသည် ၎င်းတို့၏ အားထားရသော ကစားသမားအား ပေါင်စတာလင် (၁၆)သန်း ဈေးနှုန်း သတ်မှတ်ထားသည်။ အာဆင်နယ်သည် နွေရာသီ ဈေးကွက်အတွင်း ပေါင်စတာလင် သန်း(၄၀)မျှထိ သုံးစွဲသွားဖွယ် ရှိနေပြီး အသင်းမှ ထွက်ခွာမည်ဟု သတင်းထွက်နေသည့် သီအိုဝဲလ်ကော့တ် နေရာတွင် ကာဇိုလာနှင့် အစား ထိုးလာဖွယ် ရှိနေသည်။

အသက်(၂၇)နှစ်ရှိ ကာဇိုလာသည် စပိန်အသင်းအတွက် ဥရောပဖလားတွင် (၂)ကြိမ် ပါဝင်ကစားပေးခဲ့သည်။ အာဆင်နယ်သည် တိုက်စစ်မှူးများဖြစ်သည့် လူးကက်စ် ပိုဒေါ့စကီးနှင့် အိုလီဗီယာ ဂီရော့ဒ်တို့အတွက် ပေါင်စတာလင် (၂၄)သန်းမျှ အသုံးပြု ဝယ်ယူထားပြီးဖြစ်သည်။ အာဆင်နယ် မလေးရှားနှင့် ခြေစမ်းသည့် ပွဲစဉ်တွင် နောက်မှ လိုက်ကစားပြီး (၂-၁)ဖြင့် အနိုင်ရသော ပွဲစဉ် အပြီးတွင် အသင်း အမှုဆောင်ချုပ် အိုင်ဗန်ဂါဇီဒစ်နှင့် ဝင်းဂါးတို့ လူသစ် ဝယ်ယူရန် လိုအပ်ကြောင်း ဆွေးနွေး ခဲ့သည်ဟု သတင်းများက ဖော်ပြသွားသည်။

အာဆင်နယ်သည် ရိန်းစ်အသင်းမှ ကွင်းလယ်လူ ယန်းမားဗီးလားကို ခေါ်ယူမည်ဆိုသည့် သတင်းများအား ငြင်းဆန်ထားပြီး ကိန်းအသင်းမှ အသက်(၁၇)နှစ်ရှိ လူငယ် တိုက်စစ်မှူးလေး အမ်ဘာရီ နီအန်ကို ဆက်လက် ချိတ်ဆက်နေသည်။ ဝင်းဂါးက မလေးရှားနှင့် ခြေစမ်းသော ပွဲစဉ်အပြီးတွင် "ကျွန်တော်တို့ ခုပွဲမှာ မတူညီတဲ့ အသင်းနှစ်သင်းကို အသုံးပြုခဲ့ပြီး နှစ်သင်းလုံး ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲက မြန်နှုန်းမြင့်မြင့် ကစားခဲ့ပြီး ပြိုင်ဘက်ကလည်း အသင်းကောင်းပါ။ ရလဒ်က သိပ်အရေးမကြီးပါဘူး။ ကျွန်တော်တို့ဟာ လိုချင်တဲ့ အရည်အသွေးမျိုး ရှိနေကြာင်း ပြသနိုင် ခဲ့တာကတော့ အပေါင်း လက္ခဏာဆန်တဲ့ အခြေအနေပါပဲ" ဟု ပြောကြားသွားသည်။
အာဆင်နယ်သည် နွေရာသီ ဈေးကွက်အတွင်း ပေါင်စတာလင် သန်း(၄၀)မျှထိ သုံးစွဲသွားဖွယ် ရှိနေပြီး အသင်းမှ ထွက်ခွာမည်ဟု သတင်းထွက်နေသည့် သီအိုဝဲလ်ကော့တ် နေရာတွင် ကာဇိုလာနှင့် အစား ထိုးလာဖွယ် ရှိနေ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )