22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 24, 2012

စတုတ္ထမဏ္ဍိုင်၏ စောင့်ကြည့် ထောက်ပြမှုများ အပေါ် မဏ္ဍိုင်(၃)ရပ်က အလေးထား၊ အရေးယူ၊ လိုက်နာ ပြုပြင်၊ ညှိနှိုင်းဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား

usoewin


ဒီမိုကရေစီစနစ် မှန်မှန်ကန်ကန်နှင့် အနှစ်သာရရှိရှိ ကျင့်သုံးနိုင်ရန်အတွက် စတုတ္ထမဏ္ဍိုင် ဖြစ်သည့် စာပေစာနယ်ဇင်းများ အနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်(၃) ရပ်ကို ထိန်းကျောင်း တည့်မတ်ပေးဖို့ လိုအပ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးဝင်း က ပြောကြားခဲ့သည်။
စတုတ္ထမဏ္ဍိုင်၏ စောင့်ကြည့်၊ ထောက်ပြထိန်းကျောင်းမှုများ အပေါ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်အသီးသီးက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မည်သူရဲ့ တိုက်တွန်းမှုမျှမပါဘဲ အလေးထား၊ အရေးယူ၊ လိုက်နာ၊ ပြုပြင်၊ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ရန် အတွက် ဆိုင်ရာကဏ္ဍအလိုက် လေ့လာ စောင့်ကြည့်စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး စနစ်တကျ အရေးယူဆောင်ရွက် ပေးနိုင်မည်ဆိုပါက ထိရောက်အောင်မြင်မည်ဖြစ်ကြောင်း အကြံပြုပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၄) ပုဒ်မ(က)အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး(သို့) ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဌာန်းထားသည့် ဥပဒေများနဲ့မဆန့်ကျင်ရင် မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာဖော်ထုတ် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ရရှိကြပြီး ဖြစ်ပါတယ်။ သတင်းနှင့်စာနယ်ဇင်း သမားများ၊ မီဒီယာများ အပါအ၀င် ပြည်သူများအားလုံးဟာ ဥပဒေနဲ့ အညီ လွတ်လပ်စွာ ပြောဆိုရေးသား ဖော်ထုတ်ခွင့်ကိုရရှိကြပြီး ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ဒုတိယ၀န်ကြီး က “စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာပေစာနယ်ဇင်းများမှာ ဖော်ထုတ်တင်ပြချက်များဟာ ကျန်မဏ္ဍိုင်ကြီး(၃)ရပ်ကို မတိမ်းစောင်း မယိမ်းယိုင်ရအောင် စောင့်ကြည့်၊ ထောက်ပြထိန်းကျောင်းခြင်း မည်ပါတယ်။ ဒါကြောင့်စောင့်ကြည့်ထိန်းကျောင်းပေးနေတဲ့ ကြိုးပမ်း လုပ်ဆောင်ချက်တွေ၊ တစ်နည်းအားဖြင့် မီဒီယာများက ဖော်ထုတ်တင်ပြချက်တွေအပေါ်ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ ညွှန်ကြားရေးမှူး တစ်ဦး ဦးဆောင်ပြီး အဖွဲ့ဝင်(၆)ဦးပါ ၀င်တဲ့ စောင့်ကြည့်လေ့လာစိစစ်ရေး အဖွဲ့ကိုဖွဲ့စည်းထားပြီး မိမိတို့ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ နိုင်ငံတော်နဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်လာရင် ထိုက်သင့်တဲ့ရှင်းလင်းတင်ပြမှုတွေ ပြုပြင်ပြောင်းလဲ အရေးယူဆောင်ရွက်မှုတွေကို အလေးထား ဆောင်ရွက်လျက်ရှိပါတယ်”ဟုပြောကြားခဲ့သည်။
လက်ရှိ သတင်းစာများသည်လည်း စာနယ်ဇင်းမီဒီယာများ၏ တင်ပြချက်၊ အကြံပြုချက်၊ ဝေဖန်ချက်များအပေါ် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက ပြန်လည်သုံးသပ်စိစစ်ပြီး အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိပြီး ယနေ့ထုတ်ဝေနေသည့် နိုင်ငံပိုင် သတင်းစာများတွင် အယ်ဒီတာ့ထံ ပေးစာများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသည့်ဌာနဆိုင်ရာ အသီးသီးက အရေးယူ ဆောင်ရွက်ကာ ပြီးစီးသည်နှင့် အယ်ဒီတာ့ထံ ပေးစာမှတဆင့်ပြန်လည် ဖြေရှင်းပေးလျက်ရှိပြီး၊ ပြည်သူတွေရဲ့ အကြံပြုတင်ပြချက်များကိုလည်း သတင်းစာများတွင် ပြည်သူ့အတွက် ပြန်ကြားချက်သဘောမျိုး ကဏ္ဍများဖွင့်လှစ်၍ အရေးယူ ဆောင်ရွက်ထားမှုများကို ပြန်ကြားပေးလျက်ရှိကြောင်း သိရသည်။
စတုတ္ထမဏ္ဍိုင် စာနယ်ဇင်းများ အနေဖြင့်ကျန်မဏ္ဍိုင်(၃)ရပ်အား တည့်မတ်မှန်ကန်အောင် ထိန်းကျောင်း နိုင်စေရန်အတွက် အရည်အသွေးရှိပြီး စစ်မှန်တဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်ရန်အတွက်  စာနယ်ဇင်းသမားများ အနေဖြင့်ဘက်မလိုက်ရန်၊ အကြောင်းအရာတစ်ရပ်ကို ရေးသားဖော်ပြရာတွင် ပြည်သူများ မှန်မှန်ကန်ကန် သုံးသပ်နိုင်အောင် ရှုထောင့်တစ်ခုတည်းက မရေးဘဲ ဘက်စုံထောင့်စုံက ရေးသားဖော်ပြရန်၊ ရေးသားရာတွင်လည်း လွတ်လပ်မှု နှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားများကို အမြဲယှဉ်တွဲကျင့်သုံးရန်၊ ဒီမိုကရေစီကျင့်စဉ်နှင့် အညီ ယုံကြည်ချက်၊ ထင်မြင်ယူဆခွင့်များ ကွဲပြားခွင့်ရှိသော်လည်း မတူကွဲပြားသည့်ကြားကပင် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် Unity in Democracy ကိုဦးတည်ဖော်ဆောင်ရန်၊ Unity in Democracy ကို ဖော်ဆောင်ရာတွင် အမျိုးသားအရေး၊ အမျိုးသားအကျိုးစီးပွားကို အခြေခံထား ရပ်တည်ဖော်ဆောင်ကြရန် စသည့် စံ(၅)ချက်နှင့် ညီညွှတ်ပြည့်စုံရန်ကြိုးစားရန် လိုအပ်ပြီး၊စံ (၅)ချက်နှင့် ညီညွတ်ပြည့်စုံသည့် ရေးသားတင်ပြဆောင်ရွက်မှုများကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ မည်သူ့တိုက်တွန်းမှုမျှ မလိုအပ်ဘဲ ပြန်လည်သုံးသပ် စိစစ်ကာ ပြုပြင်ပြောင်းလဲ အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ်အမျိုးသား လွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေး ၁၂ ရက်မြောက်နေ့တွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ မှ ဦးစံထွန်းက “နေ့စဉ်ပြည်သူများ ဖြစ်ပျက်တွေ့ကြုံခံစားနေရသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မီဒီယာများမှတဆင့် ဖော်ပြချက်များသည် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရာတွင် အထောက်အကူ ပြုပါကြောင်းနှင့် ယင်းသတင်းများအပေါ် စောင့်ကြည့်လေ့လာ စိစစ်ပြီး အရေးယူ ဆောင်ရွက်ပေးနေသည့်အဖွဲ့ စနစ်တကျဖွဲ့စည်းထား ရှိခြင်း ရှိမရှိနှင့် ရှိပါက မည်ကဲ့သို့ ဖွဲ့စည်းပြီး အရေးယူ ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့မှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )