ကျန်းမာရေး ပြဿနာ တစ်ခုခု ဖြစ် လာချိန် မှာ လူအများ စုက ခြေ မကိုင်မိ လက် မကိုင်မိ ဖြစ်တတ်ကြပါတယ်။ အဲဒီ လို အခြေအနေမှာ စိတ်အေးအေးထား နိုင်ဖို့ဆိုတာလည်း လွယ်တော့ မလွယ်ပါ ဘူး။ အရေးပေါ်ကျန်းမာရေးအခြေအ နေတစ်ခုခု အပြောင်းအလဲ ဖြစ်လာချိန် မှာ ဖုန်းနံပါတ် ၅၀၀၀၀၅ ကို ခေါ်ဆိုသင့် တဲ့ အကြောင်းရင်း ငါးခုရှိပါတယ်။
(၁) သတိမေ့ခြင်း
ရုတ်တရက် သတိမေ့သွားတဲ့အခြေ အနေက သေဆုံးခါနီးအချိန်ကျမှ ဖြစ် တတ်တာမဟုတ်ပါဘူး။ သွေးတွေကို မြင် လိုက်ရတဲ့အခါ၊ ထိတ်လန့်စရာ အခြေအ နေတစ်ခုခုကို ကြုံလိုက်ရတဲ့အခါတွေမှာ သတိလစ်မေ့သွားတတ်ပါတယ်။
(၂) ရင်ဘတ်အောင့်ခြင်း
ရင်ဘတ်အောင့်တာကို လူအများစု က လျစ်လျူရှုထားတတ်ကြပါတယ်။ ဒါ ကြွကက်သားနာတာ၊ ရင်ပူတာလောက် ပဲ ထင်တတ်ကြလို့ပါ။ တကယ်တော့ ရင် ဘတ်အောင့်တာက နှလုံးရောဂါထခြင်း (Heart Attack) ရဲ့ အဖြစ်များတဲ့ လက္ခ ဏာတစ်ရပ်ဖြစ်ပါတယ်။
(၃) ခန္ဓာကိုယ်တစ်ခြမ်း အားနည်းခြင်း
လေဖြတ်တာက ရုတ်တရက်ဖြစ် ပေါ်နိုင်သလို တဖြည်းဖြည်းနဲ့ တိုးပြီး ဆိုး လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ တ ကယ်လို့ သွားရည်တွေကျနေပြီး ဘယ်လို မှ ထိန်းလို့မရရင်၊ စကားမပြောနိုင်တော့ ရင်၊ ခန္ဓာကိုယ် တစ်ခြမ်းက အားနည်း သွားရင်၊ ခန္ဓာကိုယ် တစ်ခြမ်းက ထုံနေ ပြီး လှုပ်ရှားလို့ မရရင် အရေးပေါ်ဖုန်းကို ခေါ်သင့်နေပါပြီ။ တခြားတစ်ဖက်က ကောင်းနေပါရက်နဲ့ သင့်ခြေထောက်တစ် ဖက် ဒါမှမဟုတ် လက်မောင်းတစ်ဖက် က ထုံပြီး အားနည်းနေရင် အရေးပေါ် ဖုန်းခေါ်သင့်ပါတယ်။
(၄) အသက်ရှူရခက်ခြင်း
အသက်ရှူရခက်တာက တခြား ရောဂါတွေရဲ့ သတိထားရမယ့်လက္ခဏာ တစ်ရပ်ပါ။ နှလုံးရောဂါထခြင်း၊ အဆုတ် မှာ သွေးခဲပိတ်ဆို့တာ၊ အဆုတ်သွေး ကြောပြတ်တာ၊ ဓာတ်မတည့်မှုကြောင့် ရှော့ခ်ရတာစတဲ့ အကြောင်းရင်းတွေ ကြောင့် အသက်ရှူရခက်ခဲတတ်ပါတယ်။
(၅) တက်ခြင်း
တက်တာက အတက်ရောဂါ (Epiepsy) လို နာတာရှည်ရောဂါကြောင့် ဖြစ် နိုင်သလို ဦးနှောက် ထိခိုက်မှုအသစ် ဒါမှ မဟုတ် သွေးတွင်းသကြားဓာတ်နည်းတာ၊ အပူလျှပ်တာ စတဲ့ အခြေအနေတွေ ကြောင့် လည်း ဖြစ်တတ်ပါတယ်။ အရင်က တစ်ခါ မှ မတက်ဖူးဘဲ တက်တာမျိုးဆိုရင် အရေး ပေါ် ဖုန်းကိုခေါ်ပြီး အကူအညီတောင်းပါ။
6:32 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com