22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 21, 2012

မော့ဆက်စ်ကို အလို ရှိပါက ပေါင်(၁၀)သန်း အသုံးပြုရမည်ဟု ချယ်လ်ဆီးကို ဝီဂန် ဥက္ကဋ္ဌ သတိပေး

ချယ်လ်ဆီး အနေနှင့် ဗစ်တာ မော့ဆက်စ်အား အလို ရှိပါက ပေါင်စတာလင် (၁၀)သန်းမျှ ပေးချေရန် လိုအပ်ကြောင်း ဝီဂန် အသင်း ဥက္ကဋ္ဌ ဖြစ်သူက သတိပေး ပြောဆိုလိုက်သည်။


ဥရောပ ချန်ပီယံ ချယ်လ်ဆီးသည် ဝီဂန်အသင်းမှ တောင်ပံ တိုက်စစ်သမားကို စိတ်ဝင်စားလျှက် ရှိနေရာ မော့ဆက်စ်ကို ဈေးပေါပေါဖြင့် ရမည် မဟုတ်ဟု ဝီဂန်ဥက္ကဋ္ဌ ဒေ့ဗ်ဝှီလန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီးသည် မော့ဆက်စ်ကို အတည်ပြု စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှု (၃)ကြိမ်မျှထိ ပြုလုပ်ပြီး ဖြစ်ကြောင်း ယုံကြည်ရသည်။ ပြီးခဲ့သည့် ဘောလုံးရာသီက ခြေစွမ်းပြခဲ့သော မော့ဆက်စ်သည် လက်ရှိလုပ်ခထက် (၂)ဆ မြှင့်တင်ပေးထားသည့် စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းမှုကို ပယ်ချထားရာ ဝီဂန်မှ သေချာပေါက် ထွက်ခွာဖွယ် ရှိနေသည်။
ပေါင်(၁၀)သန်း ဈေးခေါ်ထားသည့် မော့ဆက်စ်

နိုက်ဂျီးရီးယား လက်ရွေးစင် ကစားသမားသည် ဝီဂန်တွင် စာချုပ်သက်တမ်း (၁၂)လသာ ကျန်ရှိတော့သည်။ အသက်(၂၁)နှစ်ရှိ ကစားသမားအတွက် မိမိတို့ ပေါင်စတာလင် (၁၀)သန်း ဈေးသတ်မှတ်ထားကြောင်း ဝှီလန်က BBCသို့ အတည်ပြု ပြောဆိုခဲ့သည်။ "ချယ်လ်ဆီးက မှန်ကန်တဲ့ ဈေးနှုန်းနဲ့ ကမ်းလှမ်းရင် ကျွန်တော်တို့ မော့ဆက်စ်ကို ရောင်းပါမယ်။ ကျွန်တော်တို့ဟာ လူငယ် ကစားသမားတွေရဲ့ တက်လမ်းကို ဘယ်တော့မှ ပိတ်ဆို့မထားပါဘူး။ ဒါပေမဲ့ တကယ်လို့သာ မှန်ကန်တဲ့ ဈေးနှုန်းမရရင် ကျွန်တော်တို့ နောက်(၁၂)လ သူ့ကို ဆက်ထိန်းထားမှာပါ"ဟု ဝှီလန်က ဆိုသည်။

ချယ်လ်ဆီးက မှန်ကန်တဲ့ ဈေးနှုန်းနဲ့ ကမ်းလှမ်းရင် ကျွန်တော်တို့ မော့ဆက်စ်ကို ရောင်းပါမယ်။ ကျွန်တော်တို့ဟာ လူငယ် ကစားသမားတွေရဲ့ တက်လမ်းကို ဘယ်တော့မှ ပိတ်ဆို့မထားပါဘူး ...
၎င်းက ဆက်လက်၍ "အသင်းမန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က မော့ဆက်စ်ကို မရောင်းချင်ပါဘူး။ ပရိသတ်တွေကလည်း သူ့ကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ပေါင်စတာလင် (၁၀)သန်းလောက် ရရင်တော့ မာတီနက်ဇ်က သူ့ကို လက်လွှတ်မှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးဆီက ကျွန်တော်တို့ ငွေသားတစ်ရပ်နဲ့ ကမ်းလှမ်းမှု နှစ်ကြိမ်ကို ငြင်းဆန်ထားပါတယ်။ နောက်တစ်ခါ ချယ်လ်ဆီးက ကစားသမား အလဲအထပ်နဲ့ရော ဖြစ်နိုင်မလားလို့ မေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတ်မှတ်ဈေးနှုန်း တစ်ရပ်နဲ့ ရောင်းထုတ်ဖို့ပဲ စိတ်ဝင်စားပါတယ်"ဟုလည်း ပြောကြားသွားခဲ့သည်။
Ref: Sport 360
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )