22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 21, 2012

အော့အန်ခြင်းအတွက် အိမ်တွင်းဖြေရှင်းနည်း

 

ရေများများသောက်ပါ
အော့အန် တာကြောင့် ရေဓာတ် ခန်းခြောက်မှု ရဲ့ရောဂါ လက္ခဏာတွေ ဖြစ် တတ် ပါတယ်။ ရေများများသောက်ပေး တာကြောင့် ခန္ဓာကိုယ်တွင်းကုန်ဆုံးသွား တဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်ပေးရာ ရောက်ပါတယ်။ ခန္ဓာကိုယ်တွင်းက အ ဆိပ်အတောက်တွေကိုလည်း သဘာဝ နည်းနဲ့ ဖယ်ရှားပေးရာရောက်ပါတယ်။
ချင်းအနည်းငယ် သုံးပါ
ချင်းဟာ အစာအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေနဲ့ ဝမ်းဗိုက်နာကျင်တာတွေ ကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ရေထဲမှာ ချင်းတစ်လက်မလောက်ကို ၁၅ မိနစ်လောက်စိမ်ထားပြီး အန်ချင်စိတ်ဖြစ် တဲ့အချိန်မျိုးမှာ သောက်ပေးပါ။ အန် တာကို ရပ်တန့်သွားစေအောင် ကူညီနိုင် ပါတယ်။
လေးညှင်းပွင့် သုံးပါ
အစာကြေခြင်းနဲ့ ရင်ချောင်ခြင်းဆို တဲ့အာနိသင်တွေ လေးညှင်းပွင့်မှာ ရှိပါ တယ်။ ရေနွေးတစ်ခွက်ထဲကို လေးညှင်း ပွင့် လက်ဖက်စားဇွန်းတစ်ဇွန်းထည့်ပြီး ၁၀ မိနစ်လောက်စိမ်ထားကာ အန်ချင် တယ်လို့ခံစားရချိန်မျိုးမှာ သောက်ပေးပါ။ လေးညှင်းရနံ့နဲ့ ရနံ့ကုထုံးခံယူတာကြောင့် လည်း အန်ချင်တာကို သက်သာစေနိုင် ပါတယ်။
သစ်ကြံပိုးခေါက် သုံးပါ
အော့အန်တာက အစာမကြေ တာကြောင့် အဖြစ်များတတ်ပါတယ်။ သစ်ကြံပိုးခေါက်ဟာ အစာကြေစေတဲ့ အာနိသင်ရှိတာကြောင့် ဟင်းချက်ရာမှာ ထည့်စားနိုင်ပါတယ်။ အန်ချင်စိတ် ပျောက်အောင် သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းကို ရေနွေးထဲ မှာ စိမ်ပြီး သောက်ပါ။
ကြက်သွန်နီဖျော်ရည် သောက်ပါ
ကြက်သွန်နီနဲ့ ချင်းရောထားတဲ့ ဖျော်ရည်ဟာ အော့အန်ခြင်းကို သက် သာစေနိုင်ပါတယ်။ ကြက်သွန်နီရဲ့ အနံ့ ကြောင့် သင့်ကို သက်သောင့်သက်သာ မဖြစ်စေဘူးဆိုပေမယ့် အော့အန်မှုကို တော့ အမှန်တကယ်သက်သာစေနိုင်ပါ တယ်။
ဆားနဲ့သကြားသုံးပါ
သကြားလက်ဖက်ရည်ဇွန်း တစ်ဇွန်း နဲ့ ဆားအနည်းငယ်ကို ရေတစ်ခွက်ထဲ ထည့်ပြီး မွှေကာ သောက်ပေးပါ။ အော့ အန်ချင်စိတ်ကို သက်သာစေတဲ့အပြင် အော့အန်ပြီးချိန်မှာ ဖြစ်တတ်တဲ့ မ အီမသာဖြစ်မှုကိုပါ သက်သာစေနိုင်ပါ တယ်။
ပန်းသီးရှလကာရည် သောက်ပါ
ရှလကာရည်ဟာ အစာမကြေ တာကြောင့် အော့အန်တာနဲ့ ဘက်တီးရီး ယားကြောင့်ဖြစ်တတ်တဲ့ အော့အန်မှု တွေကိုပါ သက်သာစေနိုင်ပါတယ်။ ရေ တစ်ခွက်ထဲကို ရှလကာရည်တစ်ဇွန်း ထည့်မွှေပြီး သောက်ပေးပါ။
လိမ္မော်ရည်သောက်ပါ
အန်တာကို ရပ်သွားစေချင်ရင် လိမ္မော်ရည်တိုက်ပေးနိုင်ပါတယ်။ လိမ္မော် ရည်မှာ ဗီတာမင်စီ၊ ပရိုတင်း၊ မဂ္ဂနီဆီ ယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်ဘီနဲ့ အန် ချင်စိတ်ကိုသက်သာပျောက်ကင်းစေတဲ့ စွမ်းအင်တွေပါဝင်ပါတယ်။
စမုန်နက်သုံးပါ
စမုန်နက်လက်ဖက်ရည်ဇွန်းတစ် ဇွန်းကို ရေနွေးထဲ ၁၀ မိနစ်လောက် ထည့် စိမ်ပြီးသောက်ပေးပါ။ အန်တာကြောင့် ဝမ်းဗိုက်ြွကက်သားတွေ နာကျင်နေမှုကို ပါ သက်သာစေနိုင်ပါတယ်။
Tips
- အန်ချင်စိတ်ဖြစ်ပေါ်နေတဲ့ အချိန်မျိုး မှာ အရည်နဲ့ ဖျော်ရည်တွေကိုသာ သောက် ပေးပါ။
- အစာမာမာ အများကြီး မစားမိပါစေ နဲ့။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပါ။
- အဆီများတဲ့ အစားအစာတွေနဲ့ အ သင့်ပြုလုပ်ထားတဲ့ အစားအစာတွေကို မစားပါနဲ့။ ကဖင်းနဲ့ အရက်မသောက်ပါနဲ့။
သဲသဲ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )