22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 21, 2012

နယူးကာဆယ်လ်မှ ထွက်ခွာမည် မဟုတ်ဟု တီယော့တီဆို

နယူးကာဆယ်လ် ယူနိုက်တက် ကွင်းလယ် ကစားသမား ချိခ်တီယော့တီက ၎င်းအနေဖြင့် အသင်းကို စွန့်ခွာသွားရန် စိတ်ကူး မရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။


မန်ချက်စတာ ယူနိုက်တက်၊ ချယ်လ်ဆီးနှင့် အင်တာမီလန် အသင်းများက စိတ်ဝင်စားခြင်းကို ခံနေရသော်လည်း အိုင်ဗရီကို့စ် လက်ရွေးစင် ကွင်းလယ်အဖျက် ကစားသမားက မိမိသည် နယူးကာဆယ်လ်တွင် ပျော်ရွှင်နေကြောင်း ဆိုသည်။ နယူးကာဆယ်လ် အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် အဆင့်(၅) နေရာထိ တက်လှမ်းနိုင်ခဲ့ပြီး တီယော့တီသည် အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့သည်။ ၎င်းသည် ယခုနွေရာသီတွင် ဥရောပထိပ်သီး တစ်သင်းသင်းသို့ ပြောင်းရွှေ့နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အသက်(၂၆)နှစ်ရှိ ကစားသမားက ကောလဟာလများကို ငြင်းဆိုသွားသည်။
နယူးကာဆယ်လ်တွင် ဆက်ရှိနေမည့် တီယော့တီ

"ကျွန်တော်ဟာ နယူးကာဆယ်လ် ကစားသမား တစ်ယောက်ပါ။ ပြီးတော့ ဒီအသင်းမှာ ကစားရတာ ကျွန်တော် ပျော်ပါတယ်။ ကျွန်တော် ရှေးရှုနေတဲ့ အနာဂတ်ကလည်း အသင်းနဲ့ အတူ တစ်ရာသီလုံး အကောင်းဆုံး ဖြတ်သန်းဖို့ပါ။ ပြီးခဲ့တဲ့ ရာသီကလို ကောင်းမွန်တဲ့ အနေအထားမျိုး ရရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပဉ္စမ နေရာကို ထပ်ရဖို့ ဆိုတာ ခက်ခဲမှာ သေချာနေပါတယ်။ ကျွန်တော်တို့ဟာ အဓိက ပြိုင်ပွဲ နှစ်ခုမှာ ကစားရမှာ ဖြစ်ပေမယ့် အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု တီယော့တီက ပြောဆိုသွားခဲ့သည်။
ကျွန်တော်ဟာ နယူးကာဆယ်လ် ကစားသမား တစ်ယောက်ပါ။ ပြီးတော့ ဒီအသင်းမှာ ကစားရတာ ကျွန်တော် ပျော်ပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )