22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 22, 2012

တရုတ်လူ့အခွင့်အရေး လှုပ်ရှားသော မျက်မမြင် အမျိုးသမီးတစ်ဦး ထွက်ပြေးလွတ်မြောက်

တရုတ်လူ့အခွင့်အရေး လှုပ်ရှားသော မျက်မမြင် အမျိုးသမီးတစ်ဦးသည် စစ်ဆေးမေးမြန်းမှုခံနေရစဉ်အတွင်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ဟောင်ကောင်လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ မျက်မမြင်ချင်ကွမ်းချန်သည် ပြီးခဲ့သောသုံးလက သူ့ကိုလုံခြုံရေး ထူထပ်စွာ စောင့်ကြပ်နေသည့်ကြားမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ယခုအခါ အမေရိကန် ကာကွယ်ပေးမှုအောက်တွင် ရောက်ရှိနေခဲ့ပြီးနောက် ယခု အခါ အလားတူဖြစ်စဉ်မျိုး ထပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ 
အသက် ၅၇ နှစ်ရှိ Li Guizhi သည် ဇူလိုင်လ ၁ ရက်တွင် ဟောင်ကောင်၌ ဒီမိုကရေစီထောက်ခံမှု ဆန္ဒပြပွဲတွင်ပါဝင်နိုင်ရန် ဟောင်ကောင်သို့ ၀င်ရောက်ရန် ကြိုးပမ်းစဉ် နိုင်ငံတောင်ပိုင်းရှိ Shenzhen မြို့နယ်စပ်တွင် ထိန်းသိမ်းခံရခြင်းဖြစ်ပြီး ဆွေ မျိုးများ၏ အကူအညီဖြင့် ယခုသီတင်းပတ်အတွင်း ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်လူ့အခွင့်အရေး ကာကွယ်ရေးမဟာမိတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ 
၂၀၀၆ ခုနှစ်တွင် ရုတ်တရက် သေဆုံးခဲ့ပြီး ချက်ချင်းသင်္ဂြိုဟ်ခံရသော သူ၏သားနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးရန် Li က အစိုးရ တာဝန်ရှိသူများကို တောင်းဆိုခဲ့သည်မှာ နှစ်ချီလာပြီဖြစ်သည်။ သူ့သားအလောင်းကို Li က မတွေ့လိုက်ရပေ။
ဟောင်ကောင်ကို ဗြိတိန်ထံမှ တရုတ်လွှဲယူခြင်း ၁၅ နှစ်ပြည့် ဆန္ဒပြပွဲတွင် Li က သူ၏ သားနှင့်ပတ်သက်ပြီး အသနားခံတင်ပြနိုင်ရေးအတွက် ဟောင်ကောင်သို့ ၀င်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် လျူဝေဖင်းက ဇူလိုင်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
Ref:AFP
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )