22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 23, 2012

မြန်မာပြည် ဒီမိုကရေစီသမိုင်းမော်ကွန်း ၈လေးလုံးနေ့ ၂၄ နှစ် ပြည်တွင်း ပြည်ပ ကျင်းပမည်

 မြန်မာပြည် ဒီမိုကရေစီသမိုင်းမော်ကွန်း ၈လေးလုံးနေ့ ၂၄ နှစ် ပြည်တွင်း ပြည်ပ ကျင်းပမည်
မိုးမခအထောက်တော် ၀၀၃၊ ဇူလိုင်၊ ၂၀၁၂
လာမည့် ၂၀၁၂၊ သြဂုတ်လ ၈ ရက်သည် မြန်မာပြည် ဒီမိုကရေစီ အရေးတော်ပုံ၏ သမိုင်းမော်ကွန်းသစ် ရေးထိုးသော နေ့ဖြစ်သည်။ လွန်ခဲ့သည် ၁၉ ၈၈ သြဂုတ်လ ၈ ရက်နေ့တွင် ကျောင်းသားလူငယ်များက တတိုင်းပြည်လုံး အတိုင်းအတာဖြင့် အထွေထွေသပိတ်ကြီး ဖော်ဆောင်ပြီး မြန်မာပြည်ကို ၂၆ နှစ်လုံးလုံး တပါတီစနစ်၊ စစ်အာဏာရှင်စနစ်တို့ဖြင့် အုပ်ချုပ်နေသော အစိုးရအဆက်ဆက်ကို ဖြုတ်ချနိုင်ခဲ့သည်။ ထိုနေ့မှ မော်ကွန်းထိုးစတင်ခဲ့သော ဒီမိုကရေစီအရေးတော်ပုံ တိုက်ပွဲသည် ယခု ၂၀၁၂ ၊ ၂၄ နှစ် ဆက်တိုက် ဆက်လက် ချီတက် တိုက်ပွဲဝင် ရုန်းကန်နေဆဲဖြစ်သည်။ သို့ဖြစ်ပါ၍ လာမည့် ၂၄ နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ကို မြန်မာပြည်တွင်းတွင် ၈၈ မျိုးဆက်များနှင့် မြန်မာပြည်သူလူထုတရပ်လုံးက ငွေရတုအကြို အခမ်းအနားများ ကျင်းပကြရန် စီစဉ်နေကြောင်း ကြားသိရသည်။
 
(၂၄) နှစ်မြောက် ငွေရတု အကြို ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို တတိုင်းပြည်လုံး အတိုင်းအတာ ကိုယ်စားပြု၍ မန္တလေးတွင် ပူးပေါင်းကျင်းပ သွားနိုင်ရန် အစည်းအဝေးကို (၁၆-၇-၁၂) နေ့ ၊ နေ့လည် (၁း၃၀)နာရီက မန္တလေးမြို့ ဘုရားကြီး ဒက္ခိဏ ရာမ တိုက် (အလယ်တိုက်)တွင် ကျင်းပခဲ့ကြကြောင်း၊  ထို အစည်းအဝေးသို့ ၈.၈.၈၈ တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော အဖွဲ့အသီးသီးမှ

ပုဂ္ဂိုလ်များ၊ ကျောင်းသား ရဲဘော်ဟောင်းများ ၊ ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများနှင့် အတူ ရန်ကုန်မှ ရောက်ရှိနေသောကိုမင်းကိုနိုင်နှင့်၈၈ကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း၊ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို ဗဟို အချက်အချာကြသော မန္တလေးတွင် ရန်ကုန် အပါအဝင် ဒေသ အသီးသီး မှ လာရောက် ပူးပေါင်းလျက် နိုင်ငံလုံးဆိုင်ရာ အခမ်းအနား အဖြစ် ကျင်းပနိုင်ရေးကို သဘောတူခဲ့ကြပြီး ၈၈ ကျောင်းသားများမှလည်း မန္တလေးတွင်သာ ပူးပေါင်းကျင်းပမည် ဖြစ်ကြောင်း ကြားသိရသည်။

ထို့အတူ ပြည်ပတွင်လည်း အခမ်းအနားများ ကျင်းပမည် ဖြစ်ရာ လက်ရှိတွင် ပထမဦးဆုံး ဖိတ်စာအဖြစ် နယူးယောက်မြို့ မြန်မာတို့ထံက ဖိတ်ကြားစာ ထွက်ရှိလာသည်။ ဖိတ်စာ အပြည့်အစုံအှာ အောက်ပါ အတိုင်းဖြစ်သည်။
 
၂၄ နှစ်မြောက် ၈ လေးလုံးအခမ်းအနားဖိတ်ကြားလွှာ- နယူးယောက်မြို့
၁၉၈၈ ဒီမိုကရေစီပြည့်သူ အရေးတော်ပုံကြီးသည် လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် ၂၄ နှစ် ပြည့်မည်ဖြစ်သည်။
 မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်း နေပြီ ဆိုသော်လည်း ပြည်တွင်းစစ်မီးသည် ဆက်လက်တောက်လောင်နေဆဲဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားအချို့ကို ဖမ်းဆိးထိန်းသိမ်းထားဆဲဖြစ်၍ ဒီမိုကရေစီစနစ်ကို တင်းပြည့်ကျပ်ပြည့် အကောင်အထည်မဖော်နိုင်သေးပေ။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ချက်ခြင်းရပ်စဲရေး၊ ကျန်ရှိနိုင်ငံရေးအကျဉ်းသားအား
လုံးလွတ်မြော်က်ရေးနှင့် တင်းပြည့်ကျပ်ပြည့်ဒီမိုကရေစီစနစ်ပေါ်ပါက်ရေးကို ရှေ့ရှုပြီး နယူးယောက် ရှိ ၈၈ မျိုးဆက်ကျောင်းသားများနှင့်မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသူများစုပေါင်း၍
၈ လေးလုံးနှစ်ပတ်လည်းအခမ်းအနားတရပ်ကို နယူးယောက်မြို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း
မိဘပြည်သူများကိုလေးစားစွာအသိပေးအပ်ပါသည်။
၂၄ နှစ်မြောက် ၈ လေးလုံးအခမ်းအနားကို မိဘပြည်သူများအနေဖြင့်အောက်ပါအစီစဉ်အတိုင်း
မည်သူမဆိုပူးပေါင်းပါဝင်နိုင်ကြောင်းလေးစားစွာဖိတ်ကြားအပ်ပါသည်။
အချိန် - နေ့လည် ၂း၃၀ နာရီ မှ ၄း၃၀ အထိ
နေ့ရက် - သြဂုတ် ၅ ရက် ၂၀၁၂ ခုနှစ်။ (တနင်္ဂနွေ)
နေရာ - project reach , 39 Eldridge St.
4th Floor , NY1002
ဆက်သွယ်ရန်
စန္ဒီ - ၉၁၇-၄၄၅-၉၂၂၂
ရွှေဝါ - ၃၄၇-၂၂၉-၄၃၀၉
နေတင့်မြင် - ၃၄၇-၉၄၄-၇၃၄၁
အောင်ခန့် - ၅၁၆-၈၀၈-၁၅၁၅
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )