22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 26, 2012

ဗန်ပါစီ အသင်းမှ ထွက်ခွာ သွားပါက ပိုဒေါ့စကီးအား ကျောနံပါတ်(၁၀) လွှဲပေးရန် ဝင်းဂါးရည်ရွယ်

 

အာဆင်နယ် အသင်းသည် ရော်ဘင် ဗန်ပါစီအား ရောင်းထုတ်ဖြစ်ပါက ၎င်းဝတ်ဆင်သည့် ကျောနံပါတ် (၁၀)ကို လူးကက်စ် ပိုဒေါ့စကီးထံ လက်လွှဲပေးရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။

အာဆင်နယ်သည် အသင်း၏ ရာသီသစ် ကျောနံပါတ် များကို ထုတ်ပြန် ကြေညာခဲ့ရာ အသင်းခေါင်းဆောင် ဗန်ပါစီအား ကျောနံပါတ် (၁၀)ကိုပင် ဆက်လက် ဝတ်ဆင်ခွင့် ပေးထားသည်ကို တွေ့ရသည်။ သို့သော်လည်း ဂျာမန် ကလပ် ကိုလုံးမှ ပေါင်စတာလင် (၁၁)သန်းဖြင့် ဝယ်ယူထားသည့် ဂျာမနီ လက်ရွေးစင် ပိုဒေါ့စကီးကိုမူ မည်သည့် ကျောနံပါတ်မျှ အတည်ပြု သတ်မှတ်ပေးခြင်း မရှိသေးဘဲ နေရာလွတ် ချန်လှပ်ထားသည်။ ထို့ကြောင့် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် နယ်သာလန် လက်ရွေးစင် ဗန်ပါစီအား ရောင်းထုတ် ဖြစ်ပါက ပိုဒေါ့စကီးအား ကျောနံပါတ်(၁၀) ဆက်ခံခွင့်ပေးရန် ရည်ရွယ်ထားကြောင်း ခန့်မှန်းမှုများ အားကောင်းလာခြင်း ဖြစ်သည်။

အာဆင်နယ်က ပိုဒေါ့စကီး၏ ကျောနံပါတ်ကို အတည်မပြုရသေးဟု ဖော်ပြထားသည်။ ဝင်းဂါးသည် ဘောလုံးရာသီ မစတင်မီအထိ ပိုဒေါ့စကီးအား ကျောနံပါတ်တစ်ခု တရားဝင် ပေးအပ်သွားဖွယ် မရှိသေးချေ။ ဗန်ပါစီအား လတ်တလောတွင် မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီးနှင့် ဂျူဗင်းတပ်စ် အသင်းများက အပြိုင်အဆိုင် ချိတ်ဆက်နေသည်။ ကစားသမား ကိုယ်တိုင်ကလည်း စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိနေတော့သည့် အခြေအနေတွင် အာဆင်နယ်နှင့် သက်တမ်းတိုးရန် ငြင်းဆိုထားသည့် အတွက်  ယခု နွေရာသီတွင် ဗန်ပါစီ အမ်းမရိတ်စ်မှ သေချာပေါက် ထွက်ခွာမည်ဟု သတင်းကြီးလျှက် ရှိသည်။
ပေါင်စတာလင် (၁၁)သန်းဖြင့် ဝယ်ယူထားသည့် ဂျာမနီ လက်ရွေးစင် ပိုဒေါ့စကီးကိုမူ မည်သည့် ကျောနံပါတ်မျှ အတည်ပြု သတ်မှတ်ပေးခြင်း မရှိသေးဘဲ နေရာလွတ် ချန်လှပ်ထား...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )