22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 26, 2012

ချယ်လ်ဆီးနှင့် စာချုပ်သစ် ကိစ္စ ဆွေးနွေးရန် စီစဉ်နေသည့် လမ်းပတ်

ချယ်လ်ဆီး အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရေး အတွက် စတင်ညှိနှိုင်း ဆွေးနွေးသွားရန် အသင့် ရှိနေကြောင်း ဖရန့်ခ်လမ်းပတ်က ဖွင့်ဟ ပြောကြားခဲ့သည်။


အသက်(၃၄)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူသည် ယခုအခါ စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် ကစားသမားဘဝကို အဆုံးသတ်ရန် မျှော်လင့်လျှက် ရှိသည်။ လမ်းပတ်သည် လက်ရှိ စာချုပ်အရ ချယ်လ်ဆီးတွင် (၁၂)လသာ ဆက်ကစားရန် သက်တမ်း ကျန်ရှိနေတော့သည်။ အသင်း၏ ဂန္ထဝင်မြောက် ကစားသမား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သော လမ်းပတ်သည် အစောပိုင်းက အမေရိကန် ကလပ် လော့စ်အန်ဂျလိစ် ဂလက်စီသို့ ပြောင်းရွှေ့နိုင်ကြောင်း သတင်းများ အပေါ် မငြင်းဆိုခဲ့သော်လည်း ယခုအခါတွင်မူ အသင်းနှင့် သက်တမ်းတိုးရန် စီစဉ်လာခြင်း ဖြစ်သည်။

စာချုပ်သစ်အတွက် ဆွေးနွေးမည့် လမ်းပတ်

လမ်းပတ်က "ကျွန်တော် ချယ်လ်ဆီးနဲ့ စာချုပ်သစ်ကိစ္စ အခြေတကျ စကားပြောဖို့ စီစဉ်နေပါပြီ။ သူတို့ဘက်ကလည်း အလိုရှိတယ် ဆိုပါတော့။ ချယ်လ်ဆီးမှာ ကစားရင်း ကြီးကျယ် ခမ်းနားတဲ့ ကာလတွေကို ကျွန်တော် ပိုင်ဆိုင်ခဲ့ပါတယ်။ ကျွန်တော် ဒီလို ကာလတွေကို ရှေ့ဆက် တည်တံ့စေနိုင်ဖို့ မျှော်လင့် ထားမိပါတယ်။ ကျွန်တော့် ကစားသမား ဘဝကို ဒီမှာ အဆုံးသတ်ခွင့် ရမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခု ဖြစ်လာမှာပါ။ ကျွန်တော် ချယ်လ်ဆီးမှာ (၁၀)နှစ် နေခဲ့ပြီးပါပြီ။ ကျွန်တော် ကစားနိုင်စွမ်း အမြင့်ဆုံး ရှိနေသမျှ ကာလတစ်လျှောက် ကျွန်တော် ကစားပေး နေချင်ပါတယ်" ဟု ပြောကြား သွားခဲ့သည်။

၎င်းက "ကျွန်တော့် ခြေထောက်တွေက အကောင်းအတိုင်း ရှိနေဆဲပါ။ ပြီးတော့ ကျွန်တော့် အတွေ့အကြုံတွေက ဘောလုံး ကွင်းထဲမှာ အသင်းက လူငယ်တွေကို ဦးဆောင် လမ်းပြနိုင်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ဒီလို လုပ်ခွင့် ရဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ ချယ်လ်ဆီးဟာ ကျွန်တော့် ကစားသမား ဘဝ ပြီးဆုံး သွားရင်တောင် ကျွန်တော့်ရဲ့ ကလပ်အသင်း အဖြစ် ဆက်ရှိ နေမှာပါ" ဟုလည်း ဖွင့်ဟသွားခဲ့သည်။
ချယ်လ်ဆီးမှာ ကစားရင်း ကြီးကျယ် ခမ်းနားတဲ့ ကာလတွေကို ကျွန်တော် ပိုင်ဆိုင်ခဲ့ပါတယ်။ ကျွန်တော် ဒီလို ကာလတွေကို ရှေ့ဆက် တည်တံ့စေနိုင်ဖို့ မျှော်လင့် ထားမိပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )