ချယ်လ်ဆီး အသင်းသည် ဘရာဇီးလ် လူငယ် ကစားသမား အော်စကာကို ခေါ်ယူမှု အလုံးစုံ ပြီးပြတ် သွားပြီဟု သတင်းများက ဖော်ပြခဲ့သည်။
အသက်(၂၀)အရွယ် ကွင်းလယ်တိုက်စစ် ကစားသမားလေးသည် အိုလံပစ် ပြိုင်ပွဲ အပြီးတွင် ဥရောပ ချန်ပီယံ အသင်းသို့ တိုက်ရိုက် ချိတ်ဆက်နိုင်မည် ဖြစ်သည်။ ချယ်လ်ဆီးသည် တော့တင်ဟမ် ဟော့စပါးနှင့် အပြိုင် အော်စကာ အတွက် ကြိုးပမ်းခဲ့ရပြီးနောက် ပေါင်စတာလင် (၂၅)သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်။ အင်တာနေစီယွန်နယ်လ် အသင်းနှင့် အတူ တောက်ပလာသော လူငယ်လေးသည် ပြီးခဲ့သည့် သောကြာနေ့က အိုလံပစ် ပြိုင်ပွဲဝင် ဗြိတိန် အသင်းကို (၂-၀)ဖြင့် အနိုင်ရသော ဘရာဇီးလ်တွင် ပါဝင် ကစား ပေးခဲ့သည်။
ချယ်လ်ဆီးသည် ယခု နွေရာသီတွင် လူငယ် ကစားသမားသစ် များကို ဖြည့်တင်း စုဆောင်းနေပြီး အီဒင်ဟာဇက်၊ မာကိုမာရင်၊ သော်ဂန်ဟာဇက်တို့ အပြီး အော်စကာကို ထပ်မံ ဝယ်ယူခဲ့သည်။ အော်စကာသည် (၂၀၀၉)ခုနှစ်က ဆော်ပေါ်လို အသင်းမှ အင်တာနေစီ ယွန်နယ်လ်သို့ ပြောင်းရွှေ့ လာခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် နွေရာသီက အသက်(၂၀)အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပေါ်တူဂီဘက် Hat-Trick သွင်းယူပြီးနောက် ကမ္ဘာ့ဘောလုံးလောကတွင် လူသိများလာခဲ့သည်။
ချယ်လ်ဆီးသည် အသက်အရွယ် ရလာပြီဖြစ်သော ကွင်းလယ်လူ ဖရန့်ခ်လမ်းပတ် နေရာတွင် ရေရှည်အစားထိုးနိုင်မည့် ကစားသမားသစ် တစ်ဦးကို ရှာဖွေနေရာ ယခုအခါ အော်စကာကို ခေါ်ယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ချယ်လ်ဆီးသည် တော့တင်ဟမ် ဟော့စပါးနှင့်အပြိုင် အော်စကာ အတွက် ကြိုးပမ်းခဲ့ရပြီးနောက် ပေါင်စတာလင် (၂၅)သန်းဖြင့် ခေါ်ယူနိုင်ခဲ့...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com