ပြီးခဲ့သည့် ဘောလုံး ရာသီက လီဗာပူးလ် အသင်း FA ဖလားအား ဗိုလ်စွဲ ရယူနိုင်ခဲ့လျှင်ပင် ကင်နီဒဲလ်ဂလစ်ရှ်အား မန်နေဂျာ အဖြစ်မှ ထုတ်ပယ်မည်သာ ဖြစ်ကြောင်း အသင်းပိုင်ရှင် ဂျွန်ဟင်နရီက ဝန်ခံလိုက်သည်။
လီဗာပူးလ် အသင်းသည် FAဖလား ဗိုလ်လုပွဲတွင် အရေး နိမ့်ခဲ့သည့်နောက် ကားလင်းဖလား ချန်ပီယံဆု တစ်ခုတည်းဖြင့် ရာသီ သိမ်းခဲ့သည်။ ထို့အပြင် ရာစုနှစ်ဝက်ကျော် ကာလတစ်ခု အတွင်း အမှတ်ပေး ဇယား ရပ်တည်မှု အဆိုးရွားဆုံး အဖြစ် အဋ္ဌမ နေရာသာ ရရှိခဲ့သည့်နောက် အသင်း၏ တစ်ကျော့ပြန် မန်နေဂျာ ဒဲလ်ဂလစ်ရှ်အား ဟင်နရီက ထုတ်ပယ်ပစ်ခဲ့သည်။ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြီးဆုံးပြီး (၃)ရက် အကြာတွင် အန်းဖီးလ်အား စွန့်ခွာ သွားရသည့် စကော့သား၏ ကံကြမ္မာသည် FAဖလားတွင် ဗိုလ်စွဲရုံဖြင့် အပြောင်းအလဲ မရှိနိုင်ဟု အမေရိကန် သူဌေးက ဆိုသည်။
လီဗာပူးလ်သည် ပြီးခဲ့သည့်ရာသီ ပရီးမီးယား လိဂ်တွင် အိမ်ကွင်း၌ (၁၉)ပွဲ ကစားရာ (၆)ပွဲသာ အနိုင် ရခဲ့သည်။ အချို့က ဒဲလ်ဂလစ်ရှ်သာ FAဖလားကို ဆွတ်ခူး နိုင်ခဲ့ပါက လက်ရှိ အချိန်တွင် အသင်းအား ဆက်လက် ဦးဆောင်ခွင့် ရနေဦးမည်ဟု မှတ်ချက်ပြုနေကြသော်လည်း ဟင်နရီက ငြင်းဆိုသွားသည်။ "ပြီးခဲ့တဲ့ ရာသီ ဒုတိယနှစ်ဝက်က ကျွန်တော်တို့အတွက် ဆိုးရွားလွန်းတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ဒဲလ်ဂလစ်ရှ်နဲ့ စတိဗ်ကလာ့ခ်ကိုချည်း အပြစ်တင်လို့တော့ မရပါဘူး။ ဒုတိယ နှစ်ဝက်ရဲ့ အသင်း တစ်သင်းစီ ဖြတ်သန်းမှုကို ဇယားချကြည့်ရင် ကျွန်တော်တို့ဟာ အဆင့်(၁၇)မှာ ရှိနေပါတယ်။ ဒါဟာ လီဗာပူးလ် ရပ်တည်ရမယ့် အဆင့် မဟုတ်ဘူးလေ" ဟုလည်း ဟင်နရီက ရှင်းပြခဲ့သည်။
၎င်းက Fenway Sport Groupသည် FA ဖလား ဗိုလ်လုပွဲရလဒ် မထွက်ပေါ်မီ ကတည်းက ရာသီကုန်တွင် မည်သို့မည်ပုံ ရွေးချယ်ရမည်ကို စိတ်ပိုင်းဖြတ် ထားကြောင်းလည်း ဆိုသည်။ "FAဖလားရဲ့ ရလဒ်ကို ကျွန်တော်တို့ တွေးလို့ မနိုင်ပါဘူး။ ကျွန်တော်တို့ မှန်ကန် သင့်လျော်တဲ့ လူငယ် မန်နေဂျာသစ် တစ်ယောက်ကို ခန့်အပ်ဖို့ ဆုံးဖြတ် ထားပြီးသားပါ။ ဒဲလ်ဂလစ်ရှ်ဟာ မန်နေဂျာ တစ်ယောက် အနေနဲ့ လုပ်သင့်တာကို လုပ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ အသင်းကို ရောက်ကတည်းက အသင်းထက် ဘယ်သူမှ အရေးမကြီးဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကွဲပြားတဲ့ ဦးတည်ချက်တွေ ရှိခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒဲလ်ဂလစ်ရှ်ဟာ ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်မှု တချို့ကိုတော့ လုပ်ပြခဲ့ပါတယ်" ဟုလည်း ဟင်နရီက ပြောကြားသွားသည်။
ဒုတိယ နှစ်ဝက်ရဲ့ အသင်း တစ်သင်းစီ ဖြတ်သန်းမှုကို ဇယားချကြည့်ရင် ကျွန်တော်တို့ဟာ အဆင့်(၁၇)မှာ ရှိနေပါတယ်။ ဒါဟာ လီဗာပူးလ် ရပ်တည်ရမယ့် အဆင့် မဟုတ်ဘူးလေ...
မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က လီဗာပူးလ် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၏ လူမျိုးရေး ခွဲခြားမှုကို ဒဲလ်ဂလစ်ရှ်က လိုက်လံ ထောက်ခံသည့် သဘောမျိုး ဖြစ်သွားခြင်းသည် အထုတ်ပယ် ခံရသည့် အဓိက အကြောင်းရင်းဟု ဝေဖန်ထားဖူးရာ ယင်းနှင့်ပတ်သက်ပြီး ဟင်နရီက "တကယ်တော့ ဒီအချက်က အရမ်းတော့ အဓိက မကျလှပါဘူး။ ကျွန်တော်တို့ဟာ ဒဲလ်ဂလစ်ရှ်ကို ထုတ်ပယ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့တာ အသင်းရဲ့ ညွှန်ကိန်းတွေ အများကြီး အပေါ် အခြေ ခံခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ ကာလရှည် စီမံကိန်းအတွက် လိုအပ်တဲ့ အနေအထားကို ဆုံးဖြတ်ခဲ့တာပါ" ဟုလည်း ပြောကြားသွားသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com