22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 26, 2012

ဘေးလ်ကို ရာသီကြိုကာလတွင် ပွဲပယ်သွားရန် FIFA ဆန္ဒရှိနေ

တော့တင်ဟမ် ဟော့စပါး အတွက် အင်ပြည့်အားပြည့် ပါဝင်ကစားပေးနေသည့် ဂါရတ်ဘေးလ်အား အိုလံပစ်ပြိုင်ပွဲ ကာလတစ်လျှောက် ပွဲပယ်ပြစ်ဒဏ် ချမှတ်သွားရန် FIFAက လိုလားနေကြောင်း သိရှိရသည်။
FIFA ဥက္ကဋ္ဌ ဆပ်ဘလတ္တာက အိုလံပစ် ပြိုင်ပွဲဝင် ဗြိတိန်အသင်းတွင် ဒဏ်ရာ အကြောင်းပြကာ ပါဝင်ခဲ့ခြင်း မရှိသော ဝေလ လက်ရွေးစင်အား ပွဲပယ်ပြစ်ဒဏ် တစ်ရပ် ချမှတ်နိုင်ရန် ဆန္ဒရှိနေကြောင်း သတင်းများက ဆိုသည်။ အသက်(၂၂)နှစ်ရှိ ဘေးလ်သည် အိုလံပစ် အသင်းတွင် ပါဝင်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာရရှိခဲ့သည်ဆိုကာ နုတ်ထွက်သွားခဲ့သည်။ သို့သော်လည်း ယခုအခါ စပါးအသင်း၏ အမေရိကန်ခြေစမ်းခရီးစဉ်တွင် ကြံ့ခိုင်မှု အပြည့်ဖြင့် ပါဝင် ကစားပေးလျှက် ရှိသည်။



ဘလတ္တာက "ကလပ်အသင်း တစ်ခုက နိုင်ငံပြိုင်ပွဲ တစ်ခုအတွက် ကစားသမား တစ်ယောက်ကိုလည်း မလွှတ်ပေးဘူး၊ ပြီးတော့ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်ကလည်း FIFAကို တိုင်ကြားလာတယ် ဆိုရင် ကျွန်တော်တို့ဘက်က ပိတ်ပင်မှု တစ်ခုခု ပြုလုပ်နိုင်ပါတယ်။ ဘေးလ်ဟာ ဒဏ်ရာကို အကြောင်းပြပြီး တမင်တကာ ဗြိတိန်အသင်းကို ငြင်းခဲ့တာဆိုရင် ပြိုင်ပွဲကာလ အတွင်း သူ့ကို ပွဲကစားခွင့် ပိတ်ထားလို့ ရပါတယ်။ တကယ်လို့ ဘယ်သူကမှ တရားဝင် မတိုင်ကြားခဲ့ဖူး ဆိုရင်တောင် လက်ရွေးစင် အသင်းမှာ သူတို့ကို ရွေးထားချိန်မှာ ကျွန်တော်တို့ တားဆီးလို့ ရပါတယ်" ဟု ပြောကြား သွားခဲ့သည်။

အကယ်၍ ဘလတ္တာ ပြောဆိုခဲ့သည့်အတိုင်း ဘေးလ်သာ ပွဲပယ်ခံရပါက ၎င်းသည် ရာသီကြို ခြေစမ်း ပွဲများနှင့် လွဲရမည်ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ဩဂုတ်လ (၁၈)ရက်နေ့၊ နယူးကာဆယ်လ် ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရာတွင်မူ ပြန်လည် ပါဝင်ခွင့် ရလာမည် ဖြစ်သည်။ ဘေးလ်သည် ဗြိတိန်အသင်းကို ငြင်းပယ်ရန် နောက်ကျော ဒဏ်ရာကို အကြောင်း ပြခဲ့သော်လည်း လော့စ်အန်ဂျလိစ် ဂလက်စီနှင့် (၁)ဂိုးစီ သရေကျသော ပွဲတွင် မည်သည့် ဒဏ်ရာ ပြဿနာမျှ ရှိနေဟန် မတူသလို ပွဲချိန်(၁၈)မိနစ်တွင် အဖွင့်ဂိုးကို ခေါင်းတိုက် သွင်းယူ ပေးသွားသည်။
ဘေးလ်ဟာ ဒဏ်ရာကို အကြောင်းပြပြီး တမင်တကာ ဗြိတိန်အသင်းကို ငြင်းခဲ့တာ ဆိုရင် ပြိုင်ပွဲကာလ အတွင်း သူ့ကို ပွဲကစားခွင့် ပိတ်ထားလို့ ရပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )