22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 26, 2012

နွေရာသီ ဈေးကွက်အတွင်း ကစားသမားသစ် ထပ်ခေါ်မည်ဟု ဖာဂူဆန် အတည်ပြု

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ယခု နွေရာသီတွင် အသင်းအတွက် သေချာပေါက် ကစားသမားသစ် ဖြည့်ဆည်းမှု ပြုလုပ်ဦးမည်ဟု ပြောကြား သွားခဲ့သည်။


ရှင်ဂျီကာဂါဝါနှင့် နစ်ခ်ပါဝဲလ်တို့ နှစ်ဦးကို ခေါ်ယူထားပြီး ဖြစ်သော်လည်း မန်ယူ၏ နွေရာသီ လူသစ် ဖြည့်တင်းရေး စီမံကိန်းသည် အဆုံး မသတ်သေးကြောင်း ဖာဂူဆန်က ရှန်ဟိုင်း ရှန်ဟွာကို အနိုင် ရခဲ့သည့် ပွဲစဉ် အပြီးတွင် သတင်းထောက်များအား အသိပေး ပြောဆိုသွားသည်။ မန်ယူ အသင်းသည် Chevrolet ၏ တရုတ် ဖိတ်ခေါ်ဖလား ပြိုင်ပွဲတွင် ရှန်ဟိုင်းအား (၁-၀)ဖြင့် အနိုင် ရခဲ့သည်။ လက်ရှိတွင် မန်ယူ အသင်းသည် အာဆင်နယ် တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီ၊ ဆော်ပေါ်လို ကွင်းလယ်လူ လူးကက်စ် မိုရာနှင့် အဲဗာတန် ဘယ်နောက်ခံလူ လင်တန်ဘိန်းစ်တို့အား ချိတ်ဆက် ကမ်းလှမ်းထားသည်။
ရှန်ဟိုင်း ရှန်ဟွာ အသင်းအား အနိုင်ရခဲ့သည့် မန်ယူ

စကော့သား မန်နေဂျာကြီးက "ကျွန်တော်တို့ဟာ အသင်း လူစာရင်းမှာ နောက်ထပ် တစ်ယောက်၊ နှစ်ယောက် ထပ်ဖြည့်ဖို့ ကြိုးစား နေတုန်းပါ။ လိုအပ်တဲ့ ကစားသမားတွေကို ချိတ်ဆက်နေပြီး လူအင်အား ဖြည့်တင်းဖို့ အလေးအနက် စီစဉ်နေပါတယ်" ဟု သတင်းထောက်များထံ ပြောကြားခဲ့သည်။ ၎င်းက ရှန်ဟိုင်းဘက်သို့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သည့် လူသစ် ကစားသမား ကာဂါဝါကိုလည်း ချီးကျူးခဲ့သည်။ အသက်(၂၃)နှစ်ရှိ ဂျပန် လက်ရွေးစင်နှင့် ပတ်သက်ပြီး ဖာဂူဆန်က "သူကစားသွားတာ သိပ်ကောင်းတယ်လို့ ထင်ပါတယ်။ သူဟာ အသင်းရဲ့ ကစားကွက်မှာ အလုံးစုံ ပါဝင် နိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အတွဲအဖက်တွေ၊ ဘောလုံးပိုင်ဆိုင်မှုတွေ တော်တော်များများမှာ သူက လိုက်ချိတ်ဆက် သွားတယ်" ဟု မှတ်ချက်ပြု သွားသည်။

ဖာဂူဆန်က မန်ယူ ကစားသမား ဘဝ အစောပိုင်းတွင် ရုန်းကန်ခဲ့ရသလို ပြီးခဲ့သည့် ရာသီက အငှားထွက်ကစားခဲ့ရသည့် ပေါ်တူဂီ တိုက်စစ်မှူး ဘီဘီကိုလည်း ချီးကျူးသွားသည်။ "ဘီဘီဟာ ကာဂါဝါရဲ့ ဂိုးကို အကောင်းဆုံး ဖန်တီးပြလိုက်ပါတယ်။ သူကွင်းထဲ ဝင်လာတဲ့ နောက်ပိုင်း တစ်ချိန်လုံး ခြေစွမ်း ပြနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆထားတယ်" ဟု ဖာဂူဆန်က ဆက်လက် ပြောကြား သွားခဲ့သည်။
ကျွန်တော်တို့ဟာ အသင်း လူစာရင်းမှာ နောက်ထပ် တစ်ယောက်၊ နှစ်ယောက် ထပ်ဖြည့်ဖို့ ကြိုးစား နေတုန်းပါ။ လိုအပ်တဲ့ ကစားသမားတွေကို ချိတ်ဆက်နေပြီး လူအင်အား ဖြည့်တင်းဖို့ အလေးအနက် စီစဉ်နေပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )