မြန်မာနိုင်ငံရဲ့ အဆင့်မြင့် ပညာရေးစနစ်ကို နိုင်ငံတကာနဲ့ အညီ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကို ပညာရေးမြှင့်တင်မှု ကော်မတီက လက်ရှိတင်ပြထားတဲ့ ၂၀၁၂ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်းကို အသစ်ပြန်လည် ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံဆွေးနွေးတင်ပြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။
အဲဒီ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်း နဲ့ ပတ်သက်ပြီး ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ ပါဝင်ဆွေးနွေးကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောကြားတာ ဖြစ်ပါတယ်။
ဒီတက္ကသိုလ် ပညာရေး ဥပဒေကြမ်းဟာ လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ခန့်က ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ပြင်ဆင်မွန်းမံထားခြင်း ဖြစ်တယ်ဆိုကာ တခြားလွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးသိန်းညွန့်၊ သူရဦးအောင်ကိုနဲ့ ဒေါ်တင်နွယ်ဦးတို့ကလည်း ၀ိုင်းဝန်း ကန့်ကွက် ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီလို လွှတ်တော် ကိုယ်စားလှယ်တွေက ၀ိုင်းဝန်း ဆွေးနွေးခဲ့ ကြပြီးနောက်မှာ ဒီအဆိုကို အသစ်ပြန်လည်ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံတင်ပြ ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အတည်ပြုခဲ့ကြောင်း သိရပါတယ်။
9:17 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com