22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 22, 2012

ရက်ပေါင်း ၅၀ အတွင်း ကျပ်သန်းပေါင်း ၄၃၇၁၄ ကျော် နိုင်ငံသားများ ထပ်မလျှပ်စစ်စွမ်းအား ကဏ္ဍတွင် ကျပ်သန်းပေါင်း ၄၂၀၀၀ ကျော်ဖြင့် အများဆုံးမြှုပ်နှံကြောင်း ထုတ်ပြန်

7423
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပုဂ္ဂလိကသို့ မြှုပ်နှံခွင့်ပြုလိုက်သည့် ယခင် နိုင်ငံခြားရေးဝန်ကြီးဌာန
ရုံးဟောင်းအား Business Apartment ဖွင့်လှစ်ရန် ပြင်ဆင်နေစဉ်




အစိုးရသစ်လက်ထက် ဒုတိယ ဘဏ္ဍာရေးနှစ်၏ မေလ ၂၁ ရက်နေ့ မှ ဇူလိုင် ၉ ရက်နေ့အထိ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုမှာ ကျပ်သန်းပေါင်း ၄၃၇၁၄ ကျော်အထိ ပမာဏ ထပ်မံမြင့်တက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ(Myanmar Citizens Investment Law) အရ နိုင်ငံသားများ မြှုပ်နှံမှု ပမာဏမှာ ၂၀၁၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့အထိ ကျပ်သန်း ပေါင်း ၁၆၆၀၃၄၂ ကျော်အထိရှိ ခဲ့ရာမှ ဇူလိုင်လ ၉ ရက်နေ့တွင် ကျပ်သန်းပေါင်း ၁၇၀၄၀၅၇ ကျော် အထိ ထပ်မံမြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။
ထို့အတွက် ရက်ပေါင်း ၅၀ အ တွင်း ကျပ်သန်းပေါင်း ၄၃၀၀၀ ကျော် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်ပြီး  တည်ဆောက်ရေး၊ လျှပ်စစ်စွမ်းအားနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင် အများဆုံးမြှုပ်နှံခဲ့ခြင်း ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုနှင့် လျှပ်စစ်စွမ်းအား ကဏ္ဍတို့တွင် ကျပ်သန်းပေါင်း ၄၂၀၀၀ ကျော်ဖြင့် အများဆုံးမြှုပ်နှံခြင်း ဖြစ်ကြောင်း သိရသည်။
ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် လုပ်ငန်းသစ်ခြောက်ခု တိုးလာပြီး ကျပ်သန်းပေါင်း ၃၇၀၀၀ ကျော် မြှုပ်နှံခဲ့ကြောင်း၊ လျှပ်စစ်စွမ်းအားကဏ္ဍ တွင်လုပ်ငန်းသစ် ၁ ခုထပ်မံမြှုပ်နှံပြီး ကျပ်သန်းပေါင်း ၄၃၀၀ ကျော် ထပ်မံဝင်ရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ယခုနောက်ပိုင်းတွင် ဘီယာ၊ စီးကရက်စက်ရုံများ တည်ထောင်ခွင့်ကိုပါ ခွင့်ပြုပေးလျက်ရှိကြောင်း၊ အမြန်ဆုံးချထားပေးနေသည့် လုပ်ငန်းမှာ ဟိုတယ်လုပ်ငန်းဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေ ဖြင့်မူ သုံးလအတွင်း အမေရိကန် ဒေါ်လာသန်း ၃၀၀ ကျော်သာဝင် ရောက်ခဲ့ကြောင်း၊ ဆွေးနွေးဆဲလုပ်ငန်းများစွာ ရှိသော်လည်း နိုင်ငံတကာ မှ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ပြင်ဆင် ထားမှုအားစောင့်ကြည့်ခြင်း၊ ထင်သာမြင်သာရှိမှုများအတွက် တောင်းဆိုလာ၍ ပြင်ဆင်နေရခြင်းများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏပြောပလောက်အောင် တိုးတက်ဝင်ရောက်မှု မရှိသေးခြင်းဟု လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
“အခုနောက်ပိုင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံသား မြှုပ်နှံမှုတွေကတော့ တင်ထားတာ အများကြီးပါ။ လက်ရှိမှာတော့ ကုမ္ပဏီအုပ်စုကြီးတွေ လျှောက်ထားတဲ့ လုပ်ငန်းတွေကတော့ မြန်မြန်ဆန်ဆန်ကျတာ များတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကတော့ ပြင်ဆင်ထားတဲ့ ဥပဒေကို စောင့်ကြည့်တာနဲ့ နောက်ထပ်သူတို့ စံနှုန်းနဲ့ဆို ထင်သာမြင်သာ မရှိဘူးလို့ ယူဆရတဲ့ ကဏ္ဍတွေဆိုရင် ဆက်စောင့်ကြည့်နေတာနဲ့ ဆိုတော့ အများကြီး သိသိသာသာ ၀င်မလာသေးဘူးလို့ ယူဆရတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများအတွက်  နိုင်ငံတကာမှ လုပ်ငန်းရှင်များနှင့် ဆွေးနွေးနေသူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
နိုင်ငံသားများ ကဏ္ဍအလိုက် မြှုပ်နှံမှုပမာဏ(ကျပ်၊ သန်း)
လုပ်ငန်းအမျိုးအစား ၂၁-၅-၂၀၁၂ ထိမြှုပ်နှံမှု ၉-၇-၂၀၁၂ ထိမြှုပ်နှံမှု

အရေအတွက် ပမာဏ အရေအတွက် ပမာဏ
ဆောက်လုပ်ရေး   ၅၂ ၆၃၂၃၀၈ .၉၃ ၅၂ ၆၃၃၈၆၅ .၃၃
စွမ်းအင် ၂၄၁၈၆၃ .၂၄ ၂၄၆၂၃၂ .၅၀
ကုန်ထုတ်လုပ်မှု ၅၈၂ ၄၅၂၈၄၂ .၄၆ ၅၈၈ ၄၉၀၆၃၁ .၇၄
အခြား ၁၇ ၁၄၄၁၅၀ .၁၆ ၁၇ ၁၄၄၁၅၀ .၁၆
အိမ်ခြံမြေ ၃၁ ၃၅၀၈၁ .၉၆ ၃၁ ၃၅၀၈၁ .၉၆
သယ်ယူပို့ဆောင်ရေး ၁၈ ၇၁၉၃၇ .၆၂ ၁၈ ၇၁၉၃၇ .၆၂
ရေထွက်ကုန် ၅၆ ၁၅၃၅၃ .၀၀ ၅၆ ၁၅၃၅၃ .၀၀
သတ္တုတူးဖော်ရေး ၅၁ ၁၁၀၀၇ .၉၂ ၅၁ ၁၁၀၀၇ .၉၂
ဟိုတယ်နှင့် ခရီးသွားလာရေး ၂၃ ၅၄၂၃၆ .၅၃ ၂၃ ၅၄၂၃၆ .၅၃
စက်မှု ၁၀၁၂ .၇၉ ၁၀၁၂ .၇၉
လယ်ယာစိုက်ပျိုးရေး ၅၄၇ .၉၀ ၅၄၇ .၉၀
စုစုပေါင်း ၈၄၂ ၁၆၆၀၃၄၂ .၅၁ ၈၄၉ ၁၇၀၄၀၅၇ .၄၅
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )