22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 24, 2012

အသက်၁၃နှစ် ပြည့်ပြီး အရွယ်များ အလုပ် လုပ် ကိုင်လျှင် တစ်ရက် ၄ နာရီသာ ခွင့်ပြုရမည်

 
အသက် (၁၅) နှစ်အောက် အလုပ် လုပ်ကိုင်လို စိတ် ရှိသော ကလေးများ အနေဖြင့် တာဝန်ခံ ဆရာဝန် များ၏ ထောက်ခံချက်ဖြင့်သာ အသက်ပြည့်မီသော လုပ်သားများ အတိုင်း အလုပ် လုပ်ကိုင်နိုင် ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားသည်။
ကလေးသူငယ် ဥပဒေနှင့် အလုပ်ရုံ ကလေးသူငယ် ဥပဒေသည် တူညီမှု မရှိကြောင်း၊ ကလေး သူငယ် ဥပဒေတွင် အသက် (၁၃)နှစ်မှ (၁၅)နှစ်အထိ၊ အသက်(၁၅)နှစ်မှ (၁၈)နှစ်အထိ မပြည့် သေးသော သူများသည် လူငယ်အဖြစ် သတ်မှတ်ကြောင်း၊ ၁၉၅၁ ခုနှစ် အလုပ်ရုံ ဥပဒေအရ အသက် (၁၅)နှစ် အထက် အရွယ်များအား လူငယ်အဖြစ် သတ်မှတ် ထားသောကြောင့် လုပ်သား များ အတိုင်း အလုပ် လုပ်ရန်ခွင့် ပြုချက်များ ရရှိမှသာ အလုပ်လုပ်ကိုင်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။ အသက် (၁၃)နှစ် ပြည့်ပြီးသည့် ကလေးများအား ကလေးလုပ်သား အဖြစ် လုပ်ကိုင်ခွင့် ပြုရာတွင် ၎င်းင်းတို့၏ ကိုယ်ကာယအလိုက် အဆင့်ခွဲ၍ သင့်လျော်ကြောင်း တာဝန်ခံ ဆရာဝန်၏ ထောက်ခံ ချက် လက်မှတ် ရပြီးမှသာ လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး ယင်းထောက်ခံချက် လက်မှတ်၏ သက်တမ်းမှာ ၁၂ ထိသာ ဖြစ်သည်။
အလုပ်ခန့်အပ်သော အလုပ်ရှင်ဘက်မှလည်း သက်ဆိုင်ရာ မြို့နယ်များမှ ဦးစီးအရာရှိများ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုကို အချိန်တိုအတွင်း အဆင်ပြေ စေရန် အသက် (၁၃) နှစ်ပြည့် ကလေးလုပ်သားများ၏ ဆရာဝန်ထောက်ခံချက် မှတ်တမ်းများကို သေချာစွာ သိမ်းဆည်း ထားရမည်။ အသက် (၁၅) နှစ်အောက် အရွယ်များကို ကလေးသူငယ်များ အဖြစ် သတ်မှတ် နိုင်စေခြင်း၊ တစ်ရက်လျှင် အလုပ်ချိန် ၄ နာရီသာ အလုပ်စေခိုင်းခြင်း ပြုရမည်ဟု ၁၉၅၁ ခုနှစ် အလုပ်ရုံအက်ဥပဒေအရ ပြဌာန်းထားခဲ့ပြီး ဖြစ်ကာ ဖောက်ဖျက်မှုများရှိပါက အလုပ် ရှင်အား ဒဏ်ငွေ ကျပ် ၅၀၀ နှင့် ထောင်ဒဏ်ပြစ်မှုများ ကျခံရမည်ဖြစ်သည်။
အလုပ်လုပ်ကိုင်နေသော ကလေးသူငယ်ဥပဒေကိုလည်း ယခုနှစ် ၂၀၁၂ ခုနှစ် အတွင်း ပြန်လည် ရေးဆွဲရန် စီစဉ်လျက်ရှိကြောင်း၊ အသက် (၁၃)နှစ်မှ (၁၅)နှစ်အထိ၊ အသက်(၁၅) နှစ်မှ (၁၈)နှစ် အထိ အသက်မပြည့်သေးသူများအား သက်ဆိုင်ရာ မြို့နယ်အလိုက် ဦးစီးအရာရှိများနှင့် တာဝန် ရှိသူ များက စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်များနှင့် အလုပ်ဌာနများသို့ သွားရောက်ဆွေနွေးကာ သတိပေး မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )