22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 24, 2012

ရုပ်ရှင်ရုံများတွင် နိုင်ငံတော်အလံ အလေး ပြုခြင်း အားနည်းခြင်းကို ပညာပေးမည်

 


ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ပြသခြင်း မပြုမီ နိုင်ငံတော် အလံကို ပြသရာတွင် ရုပ်ရှင်ကြည့် ပရိသတ် များက နိုင်ငံတော် အလံအား အလေးပြုခြင်း အစဉ်အလာ အားနည်း လာခြင်း ကို ပထမအဆင့် အနေဖြင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များဖွဲ့၍ ပညာပေးခြင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးရဲထွဋ်က ပြောသည်။
ဇူလိုင် ၁၂ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေး၌ အထက်ပါ ကိစ္စကို မေးမြန်း ဆွေးနွေးခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့လယ်ရှိ အဆင့်မြင့် ရုပ်ရှင်ရုံတစ်ရုံမှ တာဝန်ရှိသူ တစ်ဦးအား မေးမြန်းရာ “ဝန်ကြီးဌာနက ညွှန်ကြားလာရင် ညွှန်ကြားချက်အတိုင်း လုပ်ရပါမယ်။ ကျန်တာတော့ ဖြေလို့မရလို့ပါ” ဟု ပြောကြားသည်။ ဈေးဝယ်စင်တာနှင့် ရုပ်ရှင်ရုံ တွဲလျက်ဖွင့်ထားသော Juntion Square ရှိ ရုပ်ရှင်ရုံမှ တာဝန်ရှိသူတစ်ဦးက “ကျွန်မတို့ ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်အလံကို မပြသမီ ရုပ်ရှင်ကြည့် ပရိသတ်တွေ အလေးပြုပေးဖို့ စာသားနဲ့လည်း စာတန်းထိုးပေးပါတယ်။ Announcer တစ်ဦးရဲ့ အသံနဲ့လည်း အလေးပြုဖို့ သတိပေး ကြေညာပါတယ်” ဟု ဖြေကြားသည်။ နိုင်ငံတော်အလံအား အလေးပြု၊ဂါဝရပြုရန် မလိုက်နာပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူခံရနိုင်ကြောင်း အထက်တန်းရှေ့နေ တစ်ဦးက ပြောသည်။
“ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ထားတဲ့ ကြေညာချက်ကို မလိုက်နာရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ဆိုတာရှိတယ်။ အလံတော်ကို အလေးမပြုရင် ဒီပုဒ်မနဲ့ အရေးယူ ခံရနိုင်ပါတယ်။ ပြစ်ဒဏ်ကတော့ အလုပ်မဲ့ထောင်ဒဏ် တစ်လဖြစ်စေ၊ ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ရုပ်ရှင်ကြည့် ပရိသတ်များ အနေဖြင့် နိုင်ငံတော်အလံ အလေးမပြုခြင်းကြောင့် ယခင်က ရုပ်ရှင်ရုံများတွင် စည်းကမ်း ထိန်းသိမ်းရေး ရဲများထားရှိပြီး အလေးမပြုသူများကို ရုံပြင်ခေါ်ထုတ်၍ ဒဏ်ရိုက် အရေးယူခြင်းများ ရှိခဲ့ဖူးကြောင်းနှင့် နိုင်ငံတော်အလံ ဥပဒေနှင့် နည်းဥပဒေများတွင် ရုပ်ရှင်ရုံများ၌ နိုင်ငံတော်အလံ အလေးပြုရန် ပျက်ကွက်ပါက အရေးယူဆောင်ရွက်ရန် ထည့်သွင်းဖော်ပြထားခြင်း မရှိသေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းက ဇူလိုင် ၁၂ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး ပြောကြားသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီက “ကိုယ့်နိုင်ငံအလံကို အလေးပြုတာတော့ ကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ အလေးပြုဖို့ဆိုတာ ရင်ထဲအသည်းထဲမှာ ရှိဖို့လိုအပ်တယ်။ ရင်ထဲအသည်းထဲမှာ နိုင်ငံတော်ကို လေးစားတဲ့စိတ် ရှိနေရင် အလေးပြုဖို့ဆိုတာ ပြောစရာ မလိုပါဘူး။ အလိုလို ဖြစ်လာမှာပါ။ ဒီတော့ လူငယ်တွေရဲ့ အရင်းခံစိတ်ဓာတ်ကို အရင်ပြောင်းဖို့ လိုပါမယ်” ဟု ၎င်း၏ သဘောထားကို ပြောသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )