22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 24, 2012

Myanmar Imperial College (MIC)၏ ပညာရေး ဆွေးနွေးပွဲပြုလုပ်

 

မြန်မာနိုင်ငံ အတွင်း၌ပင် သင်ယူ လေ့လာမှုများ ပြုလုပ်ပြီး နိုင်ငံတ ကာ အသိအမှတ်ပြု ဒီပလိုမာနှင့်ဘွဲ့ဒီဂရီများ ရယူလိုသော မြန်မာကျောင်း သားများ အတွက် July intake အဖြစ် ဖွင့်လှစ်သင်ကြားမည့် Higher National Diploma in Business, Master Of Business Administration (MBA) နှင့်Media Art သင်တန်းများကို MIC တွင် ဖွင့် လှစ်သင်ကြားပေးလျက်ရှိပြီး အဆိုပါသင်တန်းများအတွက် သိသင့် သိထိုက်သော အကြောင်းအရာများနှင့် ကြိုတင်ပြင်ဆင်သင့်သည်များ အတွက် ရည်ရွယ်၍ ပညာရေးဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက်နေ့ နေ့လည် ၃ နာရီမှ ၅ နာရီအထိ Myanmar Imperial College အမှတ် 62/C အင်းလျားလမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပညာရေးဆွေးနွေးပွဲတွင် Higher National Diploma in Business, Master Of Business Administration(MBA) နှင့်ံHigher National Diploma in Media သင်တန်းများအကြောင်းကို မိတ်ဆက်ရှင်းလင်းခြင်းနှင့် Academic Pathway များ Payment Struefure များကို ရှင်းလင်းခဲ့ပြီး တက်ရောက် လာသော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် စာနယ်ဇင်းများမှ ပုဂ္ဂိုလ်များက ဖွင့်လှစ်သင်ကြားမည့် သင်တန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခြင်းနှင့်တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ သည်။ Myanmar Imperial College ကို ၂၀ဝ၆ ခုနှစ်မှစတင် တည် ထောင်ခဲ့ပြီးUK နိုင်ငံ၏ အကြီးမားဆုံး ပညာရေးအဖွဲ့အစည်းဖြစ်သော င်္ိFdexcel အဖွဲ့အစည်းမှ ထောက်ခံချက်ရရှိထားသော ပုဂ္ဂလိကသင်တန်း ကျောင်းဖြစ်ကြောင်းသိရှိရသည်။
ကျော်ညိုသွေး
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )