22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 24, 2012

သင့်ကို ပိုမိုနုပျိုစေမည့် အပြုအမူ ငါးမျိုး

 

စိတ်ဖိ စီးမှုတွေ ကြောင့် သင့်ရုပ် သွင် က ပို ပင်ပန်းနွမ်း နယ်ကာ အိုစာ နေတတ် ပါတယ်။ ဒါကြောင့် သင့်ကို အခုထက် ပိုပြီး နုပျိုကျန်းမာလာစေဖို့ ဖိစီးမှုလျော့ ပါးကာ ကြည်နူးမှုဖြစ်စေမယ့် အပြုအမူ တွေကို ဖော်ပြလိုက်ရပါတယ်။
(၁) အသက်ပြင်းပြင်းရှူပေးပါ
တရားထိုင်သလိုမျိုး အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ်လုပ်ပေးတာက အသားအရေကို ကြည်လင်စေတဲ့အပြင် ခန္ဓာကိုယ်မှာ အနာကျက်စွမ်းအားကို တိုး စေပါတယ်။ ဒါကြောင့် စိတ်နဲ့ ခန္ဓာကို ကျန်းမာစေကာ အရွယ်တင်နုပျိုစေပါ တယ်။
(၂) ရယ်မောပါ
ရယ်မောတာကြောင့် ခန္ဓာကိုယ်ထဲ မှာ ကောင်းတဲ့ ဟော်မုန်းဓာတ်တွေ အ ထွက်တိုးလာပြီး ကြည်နူးနှစ်သိမ့်မှုကို ရရှိ စေပါတယ်။
(၃) စိတ်ပါလက်ပါ သီချင်းဆိုပါ
တကယ်လို့ သီချင်းမဆိုချင်ရင် တောင် သီချင်းညည်းတာ၊ စည်းချက် လိုက်တာတို့ လုပ်ပြီး စိတ်ပျော်ရွှင်အောင် ထားပါ။ သီချင်းဆိုတာ ကောင်းဖို့၊ မ ကောင်းဖို့က အဓိက မကျပါဘူး။ စိတ် ပါလက်ပါ သီချင်းဆိုတာကြောင့် စိတ်ဖိ စီးမှုလျော့ပါးကာ နုပျိုလှပစေပါတယ်။
(၄) လှုပ်ရှားပါ
မကောင်းတဲ့ ကိုယ်နေဟန်ထားကို ပြင်ဆင်ပြီး လှုပ်ရှားမှုလုပ်ပေးရင် ကိုယ် တွင်းမှာ သွေးလှည့်ပတ်မှုကောင်းစေပြီး အသားအရေကို နုပျိုစေပါတယ်။ တ ကယ်လို့ အချိန်မရရင် အကြောဆန့်တာ မျိုးကို လုပ်ဆောင်သင့်ပါတယ်။
(၅) ချစ်မြတ်နိုးပါ
ကောင်းတဲ့အရာပဲ ဖြစ်ဖြစ်၊ အကျည်း တန်တဲ့အရာပဲ ဖြစ်ဖြစ် သင့်အနေနဲ့ ချစ် မြတ်နိုးစွာ လက်ခံတတ်အောင် ကြိုးစား ပါ။ ဒါဆိုရင် အကောင်းအဆိုး လောက ဓံတရားကို ခံနိုင်ရည်ရှိလာပြီး အရာရာ ကို အပြုံးမပျက် ရင်ဆိုင်နိုင်ပါလိမ့်မယ်။
ကြယ်စင်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )