22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 24, 2012

အားကစား ပြုလုပ်ခြင်း ကြောင့်ဖြစ်သော ကြွက်သား နာကျင်မှု သက်သာ စေရန်

 


အားကစား ပြုလုပ်တဲ့ပုံစံ မမှန် ကန်တာကြောင့်ြွကက်သား နာကျင်တာ၊ြွကက် တက် တာတွေ ဖြစ်တတ် ပါတယ်။ြွကက်တက်တာကြောင့်ြွကက်သားတွေ ကျုံ့သွားရင်၊ ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ပြီး ပြန်ဆန့်ရပါမယ်။ ခြေသလုံြးွကက်သားြွကက်တက်ခဲ့ရင် ခြေချောင်းနဲ့ ခြေဖနောင့်ကို ဆုပ်ကိုင်ပြီး ဒူးခေါင်းဘက်ကို ဆွဲပေးရပါမယ်။ လက် မောင်းသာြးွကက်တက်ခဲ့ရင် လက်ဖဝါးကို မျက်နှာကျက်ရှိရာသို့ မျက်နှာမူပြီး လက် မောင်းဆန့်တန်းပေးရပါမယ်။ြွကက်သားနာကျင်တာ သက်သာအောင် အောက်ပါတို့ ကို ပြုလုပ်ပေးပါ။
၁။ြွကက်တက်တာ သက်သာသွားတာနဲ့တစ်ပြိုင် နက်ြွကက်သားတွေကို နှိပ်နယ်ပေးပါ။ နှိပ်နယ်ပေးတာ ကြောင့်ြွကက်သားတွေ အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေနိုင်ပါ တယ်။
၂။ အနားယူတာဟာ အကောင်းဆုံးနည်းလမ်းပါလို့ ကျွမ်းကျင်သူအများစုက ဆိုပါတယ်။ြွကက်သားတွေကို အသာအယာ ဆွဲဆန့်ပေးနိုင်ပေမယ့် နာကျင်နေတြဲွ့ကက်သားကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ခိုင်းရင် နာကျင်မှုဝေဒနာ ပိုဆိုးရွားနိုင်ပါတယ်။
၃။ ဒဏ်ရာရပြီးပြီးချင်းမှာ RICE နဲ့ ကုသတာဟာ အကောင်းဆုံးကုသနိုင်တဲ့နည်းလမ်း ပါ။ R = Rest (အနားယူပါ)၊ I = Ice (ရေခဲကို ပလတ်စတစ်အိတ်နဲ့ပတ်ပြီး ဒဏ်ရာ ပေါ်မှာ ၁၀ မိနစ်တင်ပြီး ၁၀ မိနစ်အနားပေးပါ)၊ C = Compression (ြွကက်သားကို Elastic ပတ်တီးနဲ့ ပတ်ထားပေးပါ)၊ E = Elevation (ဒဏ်ရာရတဲ့နေရာကို မြှင့်တင် ထားပါ)
၎။ ဒဏ်ရာရပြီးပြီးချင်းမှာ အပူကပ်တာကို ဘယ်သောအခါမှ အသုံးမပြုပါနဲ့။
၅။ မျောက်လွှဲကျော်လိုမျိုး လက်မောင်းကို လွှဲပေးတာဟာ ပခုံးနာကျင်တဲ့ဝေဒနာ သက်သာနိုင်ပါတယ်။
၆။ အကိုက်အခဲပျောက်ဆေးကို ဒဏ်ရာရပြီးပြီးချင်း ၂၄ နာရီမှ ၄၈ နာရီအတွင်း မှီဝဲပါ။
ြွကက်သားဒဏ်ရာ မဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းများ
ြွကက်သားနာကျင်တာဖြစ်စေတဲ့ အဓိကအကြောင်းရင်းဟာ လေ့ကျင့်ခန်း အလုပ် လွန်တာကြောင့်ပါ။ြွကက်သားနာကျင်တာမဖြစ်အောင် လေ့ကျင့်ခန်းလုပ်တဲ့ ပြင်းအား နဲ့ လုပ်တဲ့အချိန်အတိုင်းအတာကို တဖြည်းဖြည်းသာ တိုးမြှင့်ရပါမယ်။ ဥပမာအားဖြင့် သင်ဟာ မပြေးခင်မှာ လမ်းမြန်မြန်လျှောက်တာ ပြုလုပ်ပေးရပါမယ်။
အေးနေတဲ့ ခန္ဓာကိုယ်ကို အပူရအောင် သွေးပူလေ့ကျင့်ခန်းလုပ်ပါ
သွေးပူလေ့ကျင့်ခန်းလုပ်တာကြောင့်ြွကက်သားနာကျင်မှုမဖြစ်အောင် ကာကွယ် နိုင်ပါတယ်။သင့်ခန္ဓာကိုယ်က ပူလောင်ပြီး ချွေးစို့လာတဲ့အထိ သွေးပူလေ့ကျင့်ခန်း လုပ်ပေးရပါမယ်။ လမ်းမြန်မြန်လျှောက်တာ၊ ရွရွပြေးတာ၊ စက်ဘီးစီးတာတွေလိုမျိုး သွေးပူလေ့ကျင့်ခန်းလုပ်ပေးပါ။ အကယ်၍ အဲဒီလိုမျိုး မလုပ်ချင်ရင် ရေနွေးနဲ့ ရေစိမ် ချိုးတာကို ပြုလုပ်ပေးနိုင်ပါတယ်။
ရေဓာတ် ပြည့်ဝပါစေ
ြွကက်တက်တာဟာ များသောအားဖြင့် အပူကြောင့်ဖြစ်ပြီး ချွေးထွက်လွန်ပြီး ရေ ဓာတ်ဆုံးရှုံးတာကြောင့်ပါ။လေ့ကျင့်ခန်းလုပ်ပြီး တစ်နာရီအတွင်း ရေပမာဏ လေး ပေါင်မှ ခြောက်ပေါင်ထိ လျှော့ကျသွားနိုင်ပါတယ်။ ဒီလိုအခါမျိုးမှာြွကက်တက်တတ် ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ချိန် မိနစ် ၂၀ ကြာတိုင်း ရေတစ်ခွက်သောက် ပေးပါ။ ဒါ့အပြင် ဓာတ်ဆားလည်း ဆုံးရှုံးနိုင်တာမို့ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း နေ့စဉ် လတ်ဆတ်တဲ့ သစ်သီးတွေ စားပေးပါ။ အကယ်၍ သင်ဟာ ဆီးဆေးတွေ သောက်နေရပြီး လေ့ကျင့်ခန်းလုပ်နေရရင် ပိုတက်စီယမ်ဆေးဝါးကို မှီဝဲရပါမယ်။
ပူနွေးနေတဲ့ ခန္ဓာကိုယ်ကို ဆွဲဆန့်ပေးပါ
လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းမှာ ဆွဲဆန့်လေ့ကျင့်ခန်းကို နှစ်ကြိမ်ပြုလုပ်ရပါ မယ်။ သွေးပူလေ့ကျင့်ခန်းလုပ်ချိန်နဲ့ ခန္ဓာကိုယ်သွေးအေးအောင် ပြန်လုပ်တဲ့အချိန်တွေ မှာပါ။ သွေးပူချိန်မှာ ပြုလုပ်တဲ့ ဆွဲဆန့်လေ့ကျင့်ခန်းဟာ သွေးအေးအောင်ပြန်လုပ်တဲ့ ဆွဲ ဆန့်လေ့ကျင့်ခန်းထက် ပြင်းထန်မှု လျော့နည်းရပါမယ်။
ပူနွေးတဲ့ ခန္ဓာကိုယ်ကို အေးအောင်ပြန်လုပ်ပါ
ခန္ဓာကိုယ် သွေးအေးအောင် ပြန်လုပ်တာဟာ ခန္ဓာကိုယ်နွေးအောင် လုပ်တာထက် ပိုမိုလိုအပ်ပါတယ်။ြွကက်တက်တာနဲ့ြွကက်သားနာကျင်တာဟာ သင်လေ့ကျင့်ခန်း လုပ်အပြီးမှာ ခန္ဓာကိုယ်သွေးအေးအောင် ပြန်မလုပ်တာကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေပါ။ သင်လုပ်နေတဲ့ လေ့ကျင့်ခန်း ပြင်းထန်မှုကို တဖြည်းဖြည်းလျှော့ချပြီး နောက်မှ ဆွဲဆန့်လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။
ဒေါက်တ်တာခင်မိုးမိုး
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )