22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 24, 2012

ဘေဘီလေးတို့ မေမေတွေ အပြင်ထွက်မယ်ဆိုရင်

 

ဒေါက်မြင့် ဖိနပ်တွေ ကို ရှောင်ပါ အပျို ကတည်းက ဒေါက်မြင့် ဖိနပ် စီးခဲ့ တာ ဘာပြဿနာ မှ မရှိပါဘူးလို့တော့ မထင်လိုက်ပါနဲ့။ တစ်နေကုန် ဒေါက်မြင့် ဖိနပ်စီးထားတာကြောင့် သင့်ခြေဖနောင့် နဲ့ ခါးနေရာတွေကို နာကျင်စေပါတယ်။ ဖိနပ်အပါးနဲ့ အမြင့်စီးချင်သူဆိုရင် ခုံအ ထူဖိနပ်မျိုးကိုသာ ရွေးပါ။ ကလေးတစ် ဖက်နဲ့ ပြေးရလွှားရချိန်တွေမှာ ဒေါက်မြင့် ဖိနပ်က ဘယ်လိုမှ အဆင်ပြေမှာ မဟုတ် ပါဘူး။
မီနီစကတ်အတိုတွေက သင့်ကို ကြည့် ရဆိုးစေပါတယ်
စကတ်ကတော့ လုံချည်ထက်စာ ရင် သင့်ကို ပိုပြီးသက်သောင့်သက်သာ ဖြစ်စေမှာပါ။ ဒါပေမဲ့ မီနီစကတ် အတို လေးတွေကိုတော့ ရှောင်ပါ။ လုပ်ငန်းခွင် မှာတော့ သင့်အတွက် ပြဿနာမရှိပေ မယ့် ကလေးတစ်ဖက်နဲ့ အပြင်သွားချိန် မှာတော့ စကတ်အတိုက သင့်ကို ကြည့် ရဆိုးစေပါတယ်။
အဖြူရောင်တွေ ခဏသိမ်းထားပါ
အထူးသဖြင့် ကလေးငယ်နဲ့အတူ အပြင်သွားချိန်မှာ အဝတ်အစား အဖြူ တွေကတော့ ညစ်ပေလွယ်ပြီး အပေ လည်း မခံပါဘူး။ ဒါကြောင့် အဖြူရောင် အဝတ်အစားတွေကိုတော့ ခဏသိမ်း ထားလိုက်ပါဦး။ အပေခံတဲ့ အရောင်တွေ နဲ့ အရောင်ရင့်တွေကိုသာ ရွေးချယ်ပေးပါ။
အရမ်းကျပ်တာတွေကို မဝတ်ပါနဲ့
ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်တဲ့အဝတ် အစားအကျပ်တွေက သင့်ကို ဆွဲဆောင် မှုပိုစေတာ မှန်ပါတယ်။ ဒါပေမဲ့ ကလေး ငယ်နဲ့အတူသွားမယ်ဆိုရင်တော့ ဒီလို အဝတအ် စားတေကွ သငက့ို သကေ် သာင့် သက်သာဖြစ်စေမှာ မဟုတ်ပါဘူး။ ကျပ် ထုပ်နေတဲ့ အဝတ်အစားတွေအစား ဆွဲသားပါတဲ့ အင်္ကျီနဲ့ ဘောင်းဘီတွေက သင့်ကို ပိုပြီး စိတ်လက်ပေါ့ပါးစေမှာပါ။
လက်ကိုင်အိတ်သေးသေးတွေက အပို တွေပါ
လက်ကိုင်အိတ်သေးသေးတွေက သင့်ကို ပိုပြီး အလုပ်ရှုပ်စေမှာပါ။ ဘေး လွယ်အိတ်အကြီးကြီးတွေက သင့်ကလေး ငယ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ထည့်သွားနိုင်တဲ့အပြင် ပစ္စည်းပျောက်မှာ မစိုးရိမ်ရတဲ့အတွက် အိတ်သေးသေး တွေကို မသုံးပါနဲ့ဦး။
တောက်ပနေအောင် မပြင်ပါနဲ့
အရမ်းတောက်လွန်းတဲ့ ပြင်ဆင် မှုတွေက ကလေးတစ်ဖက်နဲ့ သင့်အတွက် လူရယ်ချင်စရာဖြစ်နေမှာပါ။ ပန်းရောင် သန်းတဲ့ ပြင်ဆင်မှုမျိုးကိုသာ ဖန်တီးပါ။ နေရောင်ကာခရင်မ်လိမ်းဖို့တော့ မမေ့ပါနဲ့။
လမင်းလေး
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )