22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 24, 2012

စာပေစီစစ်ရေးက ဖော်ပြခွင့်မပြုတဲ့ "Newday News "ဂျာနယ်မှ ဘင်္ဂလီ အင်တာဗျူးတခု..




မြန်မာတိုင်းရင်သားမဟုတ်သည့် ခိုးဝင်လာသော ဘင်္ဂလီဒုက္ခသည်များကို ကျွေးမွေးထောက်ပံ့မှု မပြုခြင်းသည် ကုလသမဂ္ဂ၏ တာဝန်ချို့ယွင်းမှုသာဖြစ်

ကိုရဲ
ရန်ကုန် ဇူလိုင် ၁၉

မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်လာသော တိုင်ရင်းသား မဟုတ်သည့် ရိုဟင်ဂျာများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ထောက်ပံ့မှု မပြုနိုင်ခြင်းသည် ကုလသမဂ္ဂ၏ တာဝန်ချို့ယွင်းမှုသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုမှ ဒေါက်သာသန်းငြိမ်းက Newday News ဂျာနယ်သို့ ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၁ရက်က ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ တာသန်ရှိသူ Mr.Antonio Guterres နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်လာသော ရိုဟင်ဂျာများကို လက်ခံရန်မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ ခိုးဝင်လာသော ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်းနှင့် UNHCRမှ စာနပ်ရိက္ခာများ ထောက်ပံ့ပေးရန်နှင့် တတိယနိုင်ငံက လက္ခံမည်ဆိုပါက ပေးပို့ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထိုကဲ့သို့ ကမ်းလှမ်းမှုကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) အန်တိုနီယို ဂူတာရက်စ်က (Mr. Antonio Guterres) ငြင်းပယ်လိုက်သည်။ မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရိုဟင်ဂျာများကို တာဝန်ယူ နေရာချထားပေးရေးမှာ UNHCR ၏ လုပ်ငန်းတစ်ရပ် မဟုတ်ကြောင်း အန်တိုနီယို ဂူတာရက်စ်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါက်တာသန်းငြိမ်းက “ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုး တစ်ခုနေနဲ့ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ နာမည်ပေးပေး၊ ဒီဘင်္ဂလီတွေ ဒီနိုင်ငံထဲကို ရောက်နေခဲ့တယ်။ ဒီနိုင်ငံထဲမှာ နေခွင့်ရလို့နေ နေတယ်ဆိုရင်တော့ သူနဲ့သက်ဆိုင်တဲ့ အခြေခံလူ့အခွင့်အရေးကတော့ ပေးရမှာပဲ။ ဥပဒေအရဆိုရင် ဒီမှာအနေကြာပြီး တတိယမျိုးဆက်လောက် ရောက်သွားပြီဆိုရင် ဒီနိုင်ငံသားအဖြစ်ပေးလို့ရတယ်။ နိုင်ငံသားဖြစ်တယ်ဆိုတာ တိုင်းရင်သားလူမျိုးဖြစ်တာနဲ့ မဆိုင်ဘူးနော်။ နိုင်ငံသားဆိုတာ ဒီကအခွင့်အရေးကို ဥပဒေနဲ့အညီ ပေးထားလို့ နိုင်ငံသားဖြစ်တာ။ အဲ့နောက်ပိုင်းမှ တရားမ၀င် ခိုးဝင်လာပြီးတော့ နေတဲ့ဟာကိုတော့ နိုင်ငံသားအဖြစ် ပေးလို့မရဘူး။ တိုင်းရင်းသားလူမျိုးအဖြစ်ဆိုတာ ဝေးရောပေါ့။”ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။

ထို့နောက် ကုလသမ္မဂ၏ တာဝန်ချို့ယွင်းမှုနှင့် ပတ်သက်ပြီး “ဒါမျိုးတွေ ဖြေရှင်းတဲ့အခါမှာ တရားမျှမျှတတ ဖြေရှင်းဖို့လိုပါတယ်။ ဒီလိုပဲ ကုလသမဂ္ဂက ဒီပြသနာတွေကို ဖြေရှင်းတဲ့အခါမှာလည်း တခြားနိုင်ငံတွေမှာ ဖြေရှင်းတဲ့ ပုံစံအတိုင်းပဲ ဖြေရှင်းရမှာပါဘဲ။ တခြားနိုင်ငံတွေမှာ ဒုက္ခသည်တွေကို သက်ဆိုင်ရာနိုင်ငံက စောင့်ရှောက်ပေးတယ်၊ ဒုက္ခသည် မဟာမင်းကြီးရုံးတို့ ဘာတို့က ကူညီတယ်၊ ကျွေးမွေးတယ်။ ဒီလိုပဲပေါ့၊ ခုလည်းပဲ ဒီနိုင်ငံထဲကို တရားမ၀င် ရောက်လာသူတွေကို တို့နိုင်ငံတော်ကနေ စောင့်ရှောက်ပေးထားမယ်။ သို့သော်လည်း ကျွေးမွေးတာတို့၊ ကူညီထောက်ပံ့တာတို့ ကိုတော့ ရေရှည်မှာဆိုရင် မကျွေးမွေးနိုင်ဘူးလေ။ ဒါ ကုလသမ္မဂမှာ တာဝန်ရှိတယ်။ အဲ့ဒါကို မလုပ်နိုင်ဘူးဆိုရင်တော့ ဒါကုလသမဂ္ဂဘက်က တာဝန်ချို့ယွင်းတာ လို့ပဲ ပြောရမှာဘဲ”ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဒေါက်တာသန်းငြိမ်းက ဆက်လက်ပြီး သုံးသပ်ပြောဆိုသည်။

ကိုရဲ
ဓာတ်ပုံ စစ်တွေ အင်ဘာလာရပ်ကွက်မှ ဘင်္ဂလီများအား သဲချောင်းရွာ ဒုက္ခသည်စခန်းသို့ လုံခြုံရေး အကူအညီနှင့် ပြောင်းရွှေ့စဉ် (ဒီမိုဝေယံ သတင်းထောက်)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )