22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, August 27, 2012

မောင်တောပြူးမချောင်း ကမ်းပြိုမှုကြောင့် လယ်မြေဧကရာချီ ဆုံးရှုံးမှု

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း
နယ်စပ်နတ်မြစ်လက်တက် ပြူးမချောင်း
မြစ်ကမ်းပါးမှာ မိုးရာသီတွင်   နှစ်စဉ်နှစ်
တိုင်းချောင်း ကမ်းပါးပြိုကျမှုများပြား
လာခြင်းကြောင့်   ချောင်းတစ်ဖက်


တစ်ချက်ရှိလယ်ယာစိုက်ပျိုးမြေဧကများလျော့နည်းပျောက်ဆုံးမှုများရှိလာကြောင်းဒေသခံတောင်

သူများထံက  သိရသည်။

သဘာဝအလျှောက်ချောင်းရေစီးကြောင်း   ပြောင်းလဲလာမှုများကြောင့်  ချောင်းကမ်းပါးပြိုကျမှုများ

နှင့်အတူ မင်းကြီးရွာ၊ ကြိမ်ချောင်း၊စံကားပင်ရင်း၊ ၀က်ကျိန်း၊ ပဒကားဒေ၀ါနာလီ ၊မြ၀တီအစရှိ
သောကျေးရွာ (၁၀)ရွာခန့်တွင် လယ်ယာမြေဧက  ရာနှင့်ချီ၍ ရေထဲကျပျောက်ဆုံးနေခြင်း
ဖြစ်ကြောင်း   ဒေသခံတောင်သူများ ၏ပြောပြချက်အရသိရသည်။

ယင်းကဲ့သို့လယ်ယာမြေများဆုံးရှုံးမှုများကြောင့် ဒေသခံများတို့၏စားဝတ်နေရေးအခြေအနေနှင့်

တိုက်ရိုက် အကျိုးသက်ရောက် မှုများ ရှိလာပြီးသားသမီးများ၏ ပညာရေးကဏ္ဍများကိုပါ သွယ်ဝိုက် ထိခိုက်လာကြောင်းကိုလည်းသိရသည်။

" လွန်ခဲ့တဲ့ဆယ်စုနှစ်ဝန်းကျင်လောက်မှစပြီး ကမ်းပြိုမှုကတစ်နှစ်ထက်တစ်နှစ် များပြားလာတာပါ။ မိုးရာသီတစ်နှစ်မှာချောင်း ကမ်းပေ (၂၀)မှပေ(၃၀)အထိ တောင်ပြို တယ်။ ဒီလိုကမ်းပြိုမှုများကြောင့် လယ်ယာမြေဧကများပိုင်ဆိုင်မှု နည်းပါးလာရတာကြောင့် မိသားစုစားဝတ်နေရေးအခြေအနေတွေ ယိမ်းယိုင်ကုန်တယ်" ဟု မောင်တောမြောက်ပိုင်းပြူးမချောင်းကမ်း၊ မင်းကြီးကျေး ရွာမှကျေးရွာ အုပ်ချုပ်ရေးမှုးဦးသန်းဝေကပြောသည်။


ကမ်းပြိုမှုအား ဟန့်တားထိန်းချုပ်နိုင်ရန်အတွက် ထိရောက်သည့်ကမ်းထိန်းနံရံများ တည်ဆောက် ကာကွယ်နိုင်ရန်မြို့နယ်   အုပ်ချုပ်ရေးမှုး၊သက်ဆိုင်ရာမြို့နယ် ဆည်းမြောင်းဦးစီးဋ္ဌာနမှတာဝန်ရှိသူများက  ပြီးခဲ့သည့် ဇွန်လအတွင်းက  အဆိုပါဒေသ သို့လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းကိုလည်း သိရသည်။


ထို့အပြင် သဘာဝဘေးကြောင့် ကမ်းပြိုရာတွင်ပါဝင်ခဲ့သူမြေဧကပိုင်ရှင်များအား   ငွေကြေးထောက်

ပံ့မှုများ   ပြုလုပ်ခဲ့သည်။

“ ဆုံးရှုံးမှု အနည်းအများအလိုက် ပေးခဲ့တာပါ၊ တစ်ယောက်မှ အနည်းဆုံးနှစ်သောင်း အများဆုံး သုံးသောင်းပါပဲ”ဟု မင်းကြီးရွာမှ ရွာခံတစ်ဦးကပြောသည်။


ထိုကဲ့သို့ ထောက်ပံ့ကြေးငွေပေးအပ်မှုအားမြိ့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သည့်

အဖွဲ့က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး
ကျေးရွာ(၄)ရွာဝန်းကျင်မှ ဒေသခံရခိုင်လူမျိုးများ (၃၀)ကျော်ရရှိခဲ့ကြောင်းကိုလည်း
ဒေသခံများထံက သိရှိရသည်။


မြစ်မခမီဒီယာ

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )