ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည ၉နာရီခွဲအချိန်ခန့်က အမျိုးသား၊ အမျိုး
သမီး စုစုပေါင်း ၅၀ ခန့်ရှိ လူအင်အားတစ်
စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက်
အတွင်းဝင်ရောက်ကာ ၄င်းရပ်ကွက်အတွင်း
တွင်ရှိသော လူအများကို ရိုက်နှက်ခြင်း၊ ဈေးဆိုင်အချို့ရှိ ပစ္စည်းများကိုဖျက်စီးခြင်း၊
နေအိမ်များကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်းနှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းမှု ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လူအင်အားအဖွဲ့သည် အမှတ် ၁၅ ရပ်ကွက် ၊ မြစ်ကိုင်းရပ် လက်ပံကန်ချောင်တွင်နေထိုင်သော လူအချို့ဖြစ်ပြီးယခင်ကလည်းယခုလိုဖြစ်ရပ်ကဲ့သို့ပင်ရမ်းကားဖျက်ဆီးမှုလုပ်ရပ်များလုပ်ဆောင်ခဲ့မှု
မှတ်တမ်းများရှိကြောင်း၊
၎င်းတို့သည် အနီးအနားရပ်ကွက်များသို့ဝင်ရောက်ပြီး ဥပဒေမဲ့အုပ်စုဖွဲ့ရမ်းကားခြင်းများကို ဆောင်ရွက်လျှက်ရှိနေခြင်းကြောင့် အဆိုပါရပ်ကွက်များတွင်နေထိုင်ကြသော ဒေသခံမြို့သူမြို့သားများ၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ကြောင်း၊
တာဝန်ရှိသူများမှ ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မှုပြုလုပ်ရန်လိုအပ်လျှက်ရှိကြောင်း ယင်းဒေသခံများကပြောသည်။
ဓာတ်ပုံ - ကိုဇေ PopularNews
ဓာတ်ပုံ - ကိုဇေ PopularNews
11:34 AM
Admin


Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com