မန်ချက်စတာ ယူနိုက်တက် အသင်းသို့ အတည်ပြု ရောက်ရှိ လာပြီးနောက် ရှင်ဂျီကာဂါဝါအား ရီယိုဖာဒီနန် တစ်ယောက် စောစောစီးစီး ဆရာ တင်လိုက်ရသည်။
ပေါင်စတာလင် (၁၇)သန်းဖြင့် ဂျာမန်ကလပ် ဘိုရပ်ရှားဒေါ့တ်မန်မှ ပြောင်းရွှေ့လာသည့် ဂျပန် လက်ရွေးစင်သည် မန်ယူအသင်း ခံစစ်မှူး ဖာဒီနန်အား ဂျပန်စာ သင်ပေးခဲ့ကြောင်း သိရှိရသည်။ ကာဂါဝါ မန်ချက်စတာ လေဆိပ်သို့ ရောက်ရှိ လာချိန်တွင် ပရိသတ်များ လာရောက်ကြိုဆိုခဲ့ကြပြီး ၎င်းလေဆိပ်ထဲမှ ထွက်နိုင်ရန် ရဲအစောင့် အရှောက်ဖြင့် လမ်းရှင်းပေးခဲ့ရသည်။ ပေါင်စတာလင် (၂၃)သန်းတန် ဂျပန်ကြယ်ပွင့်သည် ညနေပိုင်းတွင် အသင်းဖော် သစ်များနှင့် တွေ့ဆုံရန် ကာရင်တန် လေ့ကျင့်ရေး ကွင်းသို့ သွားရောက် ပူးပေါင်းခဲ့သည်။
မန်ချက်စတာသို့ ရောက်ရှိလာသည့် ရှင်ဂျီကာဂါဝါ
ဖာဒီနန်က မိမိ၏ မိတ်ဆွေသစ်သည် လေ့ကျင့်ရေး ကွင်းတွင် မိမိကို ဂျပန်စကား သင်ပေးခဲ့ကြောင်း Twitter မှတစ်ဆင့် မန်ယူအသင်း ပရိသတ်များထံ အသိပေးခဲ့သည်။ "ဒီနေ့ ကျွန်တော် ပထမဆုံး ဂျပန်စကား သင်ခန်းစာကို သင်ဖြစ်ခဲ့ပါတယ်။ ကာဂါဝါ ဆီကပေါ့" ဟု ဖာဒီနန်က Twitterတွင် ရေးသားခဲ့သည်။ အသင်းဖော်သစ်များနှင့် လျင်လျင်မြန်မြန် ရင်းနှီးမှု ရသွားသည့် ကာဂါဝါသည် မန်ယူအသင်း ရာသီကြို ခြေစမ်းခရီးစဉ် အဖြစ် တောင်အာဖရိကသို့ လာမည့် သီတင်းပတ် သွားရောက်ရာတွင် အသင်းဂျာစီကို ပထမဆုံး အကြိမ် တရားဝင် ၀တ်ဆင်ကာ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ဒီနေ့ ကျွန်တော် ပထမဆုံး ဂျပန်စကား သင်ခန်းစာကို သင်ဖြစ်ခဲ့ပါတယ်။ ကာဂါဝါ ဆီကပေါ့..
4:49 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com