ပေါ်တိုအသင်း တိုက်စစ်မှူးဟော့ခ်က ၎င်းအနေဖြင့် ချယ်လ်ဆီး အသင်းသို့ သေချာပေါက် ပြောင်းရွှေ့ဖြစ်မည် ဆိုသော သတင်းများအား ငြင်းဆန် သွားခဲ့သည်။
ဘရာဇီးလ် တိုက်စစ်သမား ဟော့ခ်သည် ယခုအခါ လက်ရွေးစင် အသင်းနှင့် အတူ အိုလံပစ် ပြိုင်ပွဲအတွက် ပြင်ဆင်နေသည်။ အသက်(၂၅)နှစ်ရှိ ဟော့ခ်သည် (၃)ဦးစာ ခွင့်ပြုချက် ရသည့် အသက်လွန် ကစားသမားများ စာရင်းတွင် မာဆယ်လို၊ သီယာဂိုဆေးလ်ဗားတို့နှင့် အတူ ပါဝင် ကစားခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီး အသင်းသည် ဟော့ခ်ကို ကာလ ရှည်ကြာစွာ ချိတ်ဆက်နေပြီး ယခု နွေရာသီတွင် ၎င်းအနေဖြင့် စတမ်းဖို့ဒ် ဘရစ်ဂ်ျသို့ သေချာပေါက် ရောက်ရှိမည်ဟု သတင်းကြီးနေသည်။ သို့သော်လည်း ဟော့ခ်က ချယ်လ်ဆီးနှင့် မည်သည့် သဘော တူညီမှုမျှ မရသေးကြောင်း ရှင်းလင်း ပြောဆိုခဲ့သည်။
ပေါ်တိုတွင် ဆက်ရှိနေဦးမည့် ဟော့ခ်
ဟော့ခ်က "ကျွန်တော် ချယ်လ်ဆီးနဲ့ရော၊ တခြား ဘယ်အသင်းနဲ့မှပါ စာချုပ်ကိစ္စ သဘောတူညီမှု မရသေးပါဘူး။ ကျွန်တော် ပေါ်တိုနဲ့ စာချုပ်သက်တမ်း (၄)နှစ် ကျန်နေပါသေးတယ်။ ပြီးတော့ ကျွန်တော် လက်ရွေးစင် အသင်းအတွက် လောလောဆယ် အာရုံ စိုက်နေပါတယ်။ ဒါကြောင့် ဘာမှ ထပ်မပြောချင်ပါဘူး။ လူတိုင်းသိပါတယ်။ ကျွန်တော်က အပြောင်းအရွှေ့ ညှိနှိုင်းမှု အတွက် နီးနီးစပ်စပ် ပါဝင်နေတာ မဟုတ်ပါဘူး။ ကျွန်တော့် အလုပ်ကိုပဲ ကျွန်တော် အာရုံ စိုက်ပါတယ်။ ကျွန်တော့် အေးဂျင့်ကတော့ သူ့အလုပ်သူ လုပ်ပါလိမ့်မယ်" ဟု ပြောကြားသွားသည်။
ပေါ်တိုအသင်းသည် ဟော့ခ်အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၇၀) သတ်မှတ်ထားရာ ချယ်လ်ဆီးက ရှေ့ဆက်မတိုးဘဲ ကြန့်ကြာနေခဲ့သည်။ ဟော့ခ်သည် ပေါ်တိုအတွက် ပြီးခဲ့သည့် ရာသီက (၃၈)ပွဲတွင် (၂၁)ဂိုး သွင်းယူနိုင်ခဲ့သည်။
ကျွန်တော် ချယ်လ်ဆီးနဲ့ရော၊ တခြား ဘယ်အသင်းနဲ့မှပါ စာချုပ်ကိစ္စ သဘောတူညီမှု မရသေးပါဘူး။ ကျွန်တော် ပေါ်တိုနဲ့ စာချုပ်သက်တမ်း (၄)နှစ် ကျန်နေပါသေးတယ်။ ပြီးတော့ ကျွန်တော် လက်ရွေးစင် အသင်းအတွက် လောလောဆယ် အာရုံ စိုက်နေပါတယ်..
4:53 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com