22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 24, 2012

အိန္ဒိယ အာသံပြည်နယ် ဒေသခံနှင့် အခြေချ ဘင်္ဂလီများ၏ အဓိဂရုဏ်း လူပေါင်း ၁၈ ဦးသေဆုံး

လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပတိပက္ခ အတွင်း လူပေါင်း ၁၈ ဦးသေဆုံး ပြီးနောက် ဝေးကွာလွန်းတဲ့ အာသံပြည်နယ် အတွင်းက ထောင်ပေါင်း မြောက်များစွာသော လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒီကနေ့  အေပီ သတင်း တစ်ပုဒ်မှာ ဖေါ်ပြ ထားပါတယ်။

အခုအချိန်ထိ ပျောက်ဆုံးနေသူ ၁၀ ဦးရှိကြောင်းနဲ့ တိုက်ခိုက်မူတွေဟာ မြေယာပိုင်ဆိုင်မူ အငြင်းပွားရာကနေ ဌာနေ တိုင်းရင်းသား ဘိုရို လူမျိုးတွေနဲ့ ဘင်္ဂလီ မွတ်ဆလင် အခြေချ နေထိုင်သူတွေ အကြားမှာ ဖြစ်ပွားတာ ဖြစ်တယ်လို့ အိန္ဒိယ အာသံပြည်နယ် ပုလိပ်မင်းကြီး  J.N. Choudhury  ကို ကိုးကားပြီး သတင်းက ဆိုပါတယ်။

အခု အဓိဂရုဏ်း ဖြစ်နေတဲ့ နေရာဟာ အာသံပြည်နယ် အနောက်ပိုင်း ကိုကြာဂျဟာ ခရိုင် (Kokrajhar district)  အတွင်းမှာ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။ အခုအခါ အဓိဂရုဏ်းဟာ အနီးအနားက ခရိုင်နှစ်ခုမှာ ဆက်လက် ကူးစက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အဓိဂရုဏ်းအတွင်း ဓါးခုတ် ဒဏ်ရာတွေနဲ့ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို တောထဲ နေရာ တချို့နဲ့ ကားလမ်း ဘေး၊ မြစ်ကမ်းဘေးတွေမှာ ရဲတွေက ရှာဖွေတွေ့တယ်လို့ ပြောပါတယ်။ အခုအခါ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးလာကြတဲ့ လူပေါင်း ၃၀၀၀၀ ခန့်ရှိပြီး သူတို့တွေ အတွက် ကယ်ဆယ်ရေး စခန်း (၆) ခုခန့်ကို ဖွင့်လှစ် ထားတယ်လို့ ပြောပါတယ်။

အခုအခါ အိန္ဒိယ အစိုးရက အဲဒီ ဒေသမှာ ကာဖျူး ထုတ်လိုက်ပြီး အခြေအနေကို ထိန်းသိမ်းဖို့ အဲဒီဒေသကို စစ်တပ်တွေ စေလွှတ်ထားလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယ နိုင်ငံ အာသံပြည်နယ်က ဌာနေ တိုင်းရင်းသား ဘိုရို လူမျိုးတွေနဲ့ ဘင်္ဂလီ အခြေချနေထိုင်သူတွေအကြား အပြန်အလှန် ကွက်တိ ကွက်ကျား တိုက်ခိုက်မူတွေနဲ့ အတူ အိမ်မီးရှို့မူတွေကတော့  ၁၉၉၀ ခုနှစ်ကတည်းက ဖြစ်ပွားနေခဲ့တယ်လို့ ပြောပါတယ်။

မြေယာ ခိုးယူ ပိုင်ဆိုင်မူ အငြင်းပွားမူတွေကြောင့် ဒေသခံ ဘိုရိုတွေနဲ့ ထောင်ပေါင်းများစွာသော အရှေ့ပါကိစ္စတန် လက်ထက် ( ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး မတိုင်မီ) ကတည်းက အခြေချနေထိုင်သူ ဘင်္ဂလီတွေအကြားမှာ အမြဲတန်းလိုလို ဆူပွက်မူတွေနဲ့ ပြဿနာတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

နောက်သတင်း တစ်ခုမှာတော့ မွတ်ဆလင် ကျောင်းသားခေါင်းဆောင်နှစ်ဦး တိုက်ခိုက်ခံရပြီးတဲ့ နောက်မှာ မွတ်ဆလင်တွေက ဘိုရို  လွတ်မြောက်ရေး ကျားအဖွဲ့က လူ ၄ ဦးကို ပြန်လည် တိုက်ခိုက်ရာကနေ အခု အဓိဂရုဏ်း စတင် ဖြစ်ပွားလာတယ်လို့ ပြောပါတယ်။

နိရဉ္စရာ သတင်းဌာန
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )