22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

ကိုယ်ပိုင် စမတ်ဖုန်းအား စမ်းသပ်နေပြီဟု အမေဇုန် ကုမ္ပဏီမှ ထုတ်ဖော်ပြောကြား

ကိုယ်ပိုင် စမတ်ဖုန်းအား စမ်းသပ်နေပြီဟု အမေဇုန် ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားအွန်လိုင်း ထိပ်သီး ကုန်ပစ္စည်း ရောင်းချရေး ကုမ္ပဏီ အမေဇုန်သည် ၎င်းတို့ ကုမ္ပဏီက ကိုယ်ပိုင် ထုတ်လုပ်ထားသည့် စမတ်ဖုန်း အမျိုးအစားများကို အောင်မြင်စွာ စမ်းသပ်စစ်ဆေးမှုပြုနိုင်ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။
The Wall Street ဂျာနယ်၏ ဖော်ပြမှုတွင် စမတ်ဖုန်း ထုတ်လုပ်ရောင်းချမှုကို ယခုနှစ်အတွင်း အလျင်မြန်ဆုံး ပြုလုပ်သွားမည်ဖြစ်ပြီး မျက်နှာပြင် အရွယ်အစားများကို စမ်းသပ်ရာတွင် လေးလက်မနှင့် ငါးလက်မအတွင်းရှိ အရွယ်အစားများဖြစ်ကြောင်း ပါရှိသည်။
အဆိုပါ စမတ်ဖုန်းများ ထုတ်လုပ်ရန်အတွက် အမေဇုန်ကုမ္ပဏီ အနေဖြင့် Foxconn စက်ရုံနှင့် ပူးပေါင်း၍ လုပ်ဆောင်နေခြင်းဟု သိရပြီး ဈေးကွက်အတွင်းရှိ iPhone နှင့် Android အခြေပြု စမတ်ဖုန်းများအား အဓိက စိန်ခေါ်နိုင်ရန် ဖန်တီးသွားမည်ဖြစ်သည်။ အမေဇုန်သည် နည်းပညာပစ္စည်း ထုတ်လုပ်မှုပိုင်းကို Amazon Kindle E-Reader ဖြင့် အစပြုခဲ့ပြီး ပြီးခဲ့သည့်နှစ်က နိုင်ငံတကာ တက်ဘလက်ဈေးကွက်ကို တင်ပို့ခဲ့သည့် Kindle Fire တက်ဘလက်မှာ ရောင်းအားအကောင်းဆုံး Android တက်ဘလက် အမျိုးအစားအဖြစ် ရပ်တည်နိုင်ခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )