22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 24, 2012

သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံ

ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ စတုတ္ထပတ် လွှတ်တော် အစည်းအဝေးကို တက်ရောက်နေတဲ့ ကော့မှူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ နောက်တကြိမ် ထပ်မံတွေ့ဆုံခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်က နေပြည်တော်၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်။

ဒါဟာ လွှတ်တော်တွင်း တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်း ပိုပြီး ပွင့်လင်းလာတယ်ဆိုတာ ပြသနေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေး မဟာအောင်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
"ကျွန်တော်တို့ကလည်းဒါ မကြာမကြာ ပြောထားပါတယ်။ လမ်းညွန်ထားပါတယ်။ ကျွန်တော်တို့ လာတာကိုက ပြည်သူ့လူထု အကျိုးအတွက် ဆိုရင် မတူတဲ့ကိစ္စတွေ ပေါင်းလုပ်ဖို့ဖြစ်တယ်။ အခုထိတော့ ကျွန်တော်တို့ကလည်း လွှတ်တော်တက်တဲ့ ရက်ကတော့ သိပ်ပြီးတော့ မများသေးပါဘူး။ အဲတော့ တဖြေးဖြေးပေါ့လေ၊ ဆက်ဆံရေးကတော့ ပိုပြီးတော့ ချောမွေ့လာမဲ့ အလားအလာတွေ ပိုကောင်းလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တဖြည်းဖြည်း ပွင့်ပွင့်လင်းလင်း ရှိလာပါပြီ။ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးတာတွေလည်း ပွင့်လင်းလာသလိုပေါ့"
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်းတို့ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ နှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန်ခြင်း မရှိပါဘူး။
အလားတူ အာဏာရ ပါတီဖြစ်တဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေနဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဆွေးနွေး ပြောဆိုတာမျိုးတွေ ရှိတယ်လို့ ဦးအုန်းကြိုင်က ဆိုပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )