22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 24, 2012

ဆီးရီးယားတွင် အစိုးရထိပ်တန်းအရာရှိများ အစည်းအဝေးပြုလုပ်စဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ က ဆီးရီးယား နိုင်ငံ ဒမ်မာစကက် မြို့တော်ရှိ အမျိုးသား လုံခြုံရေး အဆောက်အအုံတွင် သမ္မတ ဘက် ရှာအယ်အာဆက်နှင့် ရင်းနှီးသော ပုဂ္ဂိုလ်များ၊ ဆီးရီးယားထိပ်တန်း အရာရှိများ အစည်းအဝေးတစ်ရပ် ကျင်းပနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့ရာ ထိပ်တန်းအရာရှိ (၃) ဦး သေဆုံပြီး ဒဏ်ရာရသွားသူ တချို့ လည်း ရှိခဲ့ကြောင်းသိရသည်။
ဗုံး ပေါက်ကွဲမှုကြောင့် ဆီးရီးယား ကာကွယ်ရေးဝန်ကြီး ဒါဝုဒ်ရာဂျာ ၄င်း၏လက်ထောက် အာဆက်၏ ယောက်ဖတော်စပ်သူ အာဆက်ဖ် ချော်ကက်တို့ ပွဲချင်းပြီး သေဆုံး သွားကာ ဒုသမ္မတဟာဆန်ဆက်ခ် မန်နီမှာ ပြင်းထန်သော ဒဏ်ရာများ ကြောင့်နာရီပိုင်းအကြာတွင် သေဆုံး သွားခြင်းဖြစ်သည်။
ဒဏ်ရာရသွား သူများထဲတွင် ဆီးရီးယားပြည်ထဲ ရေးဝန်ကြီး မိုဟာမက်အီဗရာဟင် အဲလ်ရှာလည်းပါဝင်ခဲ့သည်။အစည်း အဝေး တက်ရောက်လာကြသည့် အဆင့်မြင့် အရာရှိအများစုသည် လက်ရှိဆီးရီးယား ပြဿနာကို ဖြေ ရှင်းရန်ကြိုးပမ်းနေသူများဖြစ်ပြီးပေါက် ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို သဲသဲကွဲကွဲ မသိရသေးချေ။ အတွင်း လူတစ်ဦးက အဆောက်အအုံထဲတွင် ဖောက်ခွဲရေးပစ္စည်းများ ထားခဲ့ပြီး အဝေးထိန်းချုပ်စနစ်ဖြင့် ဖောက်ခွဲခဲ့ ခြင်းဖြစ်ကြောင်း ပြည်ပအခြေစိုက် အ တိုက်အခံအဖွဲ့က ပြောကြားခဲ့ချိန်တွင် နိုင်ငံပိုင်ရုပ်သံကမူ အသေခံဗုံးဖောက် ခွဲမှုဟု ကြေညာခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုသည် ပဋိပက္ခဖြစ်ပွားနေ သည့် (၁၆)လကာလအတွင်း အာ ဆက်အစိုးရအပေါ် အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်ခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက လက်နက်ကိုင်အကြမ်း ဖက်သမားများ ခြေကုပ်နေသောဒေသ များတွင် ပြင်းပြင်းထန်ထန် တုံ့ပြန် တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည့်အတိုင်း ဆီးရီးယားတပ်ဖွဲ့များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် Midan ဒေသတွင် ဗုဒ္ဓဟူးနေ့ကလက်နက်ကိုင်အကြမ်းဖက် သမား ၃၀ ခန့် သေဆုံးသွားကြောင်း အစိုးရထောက်ခံ မီဒီယာက ဖော် ထုတ်ခဲ့သည်။
ယခုတိုက်ခိုက်မှုတွင် မိမိတို့တာဝန်ရှိကြောင်း လွတ်လပ် သည့် ဆီးရီးယားတပ်မတော်(FSA) သူပုန်အဖွဲ့ခေါင်းဆောင် Riad Assad ကကြေညာခဲ့ပြီး ဆီးရီးယားအစိုးရ အပေါ် တိုက်ခိုက်မှုများထပ်မံပြုလုပ် ဦးမည်ဟုပြောကြားခဲ့သည်။ အမေရိ ကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တာက ဆီးရီးယာတွင် ထိန်း ချုပ်မှုကင်းမဲ့နေပြီဟု သုံးသပ်ခဲ့ပြီး ဒမ်မာစကက် အစိုးရအပေါ် နိုင်ငံ တကာက ပိုမိုဖိအားပေးရန် တိုက် တွန်းသွားခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )