22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, July 25, 2012

မြန်မာ အလုပ်သမားရေး ထိုင်းနိုင်ငံရှိ NGO တွေနဲ့ ဝန်ကြီး ဦးအောင်ကြည် ဆွေးနွေး

မြန်မာအလုပ်သမားဝန်ကြီး ဦးအောင်ကြည်ဟာ ဒီကနေ့ မနက် (၉) နာရီအချိန်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ NGOs အဖွဲ့အစည်း တချို့နဲ့ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။
၁ နာရီခွဲကြာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဝန်ကြီး ဦးအောင်ကြည်က တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေထံကနေ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခက်အခဲတွေကို လေ့လာမေးမြန်းခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့တဲ့ Foundation for Education and Development (FED) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
“ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေမှာ ထိုင်းအစိုးရရဲ့ ပေါ်လစီကြောင့် သို့တည်းမဟုတ် ထိုင်းအာဏာပိုင်တွေ၊ နောက်လုပ်ငန်းရှင်တွေနဲ့ ကြုံရတဲ့ အလုပ်သမား အခွင့်အရေး ပြဿနာတွေကို အဓိက ကျွန်တော်တို့က တင်ပြခဲ့တယ်။ နောက် ကျွန်တ်ာတို့ ယုံကြည်တာက တချို့ဟာတွေက အစိုးရ အချင်းချင်း ပြောလို့ရှိရင် ပိုပြီးတော့ အဆင်ပြေနိုင်တယ်။ နောက် ကျွန်တော်တို့ ကိုယ်နှိုက်ကလည်း ကြုံဖူးတယ်။ အစိုးရက ကူညီပြီးတော့ ပြောဆိုပေးလို့ တချို့ လုပ်ငန်းတွေက အောင်မြင်သွားတာ တွေ့တယ် ဆိုတဲ့ဟာမျိုးဆိုတော့ အစိုးရအနေနဲ့ ဒီထက် စနစ်ကျတဲ့ ပုံစံမျိုးနဲ့ လုပ်ဖို့ပေါ့နော်။ ကျွန်တော်တို့ အနေနဲ့ အကြံပေးတာရယ်၊ နောက်တစ်ခုက အဲဒီ ကျွန်တော်တို့နဲ့ တွဲလုပ်ရမယ့် ဌာနဆိုင်ရာ ဝန်ထမ်း အသီးသီးကလည်း တကယ့်ကို မျိုးချစ်စိတ်ရှိတဲ့ ဝန်ထမ်းတွေကို ခန့်ပေးဖို့အထိ ကျွန်တော်တို့ တောင်းဆိုခဲ့တာမျိုးတွေ ရှိပါတယ်”
ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးကို အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားအရေး တာဝန်ခံ ဦးကျော်ကျော်လွင်တို့ တက်ရောက်ကြပြီး အဖွဲ့အစည်းများမှ UNDIP, MAP ဖောင်ဒေးရှင်း၊ FED နဲ့ BAT အဖွဲ့တွေ အပြင် ယာယီပတ်စပို့ ထုတ်ပေးရေး ဝန်ဆောင်မှု အဖွဲ့ဝင်အချို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )