22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, July 25, 2012

NLD ညီလာခံ ကိုယ်စားလှယ်တစ်ထောင်ကျော် တက်ဖို့ရှိ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီညီလာခံ ကျင်းပနိုင်ရေးအတွက် ညီလာခံကျင်းပရေး ကော်မရှင်အဆင့်ဆင့်ကို ဖွဲ့စည်းလျက်ရှိရာမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ တိုင်းနဲ့ပြည်နယ် တစ်ဝက်လောက်မှာ မြို့ နယ်အဆင့်တွေ ဖွဲ့စည်းပြီးပြီ ဖြစ်ကြောင်း NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောပါတယ်။
"တိုင်းနဲ့ ပြည်နယ် တစ်ဝက်လောက်က မြို့ နယ်အဆင့်အထိ ရောက်သွားပြီ။ ရပ်ကွက်ကျေးရွာတော့ မဆက်နိုင်သေးဘူး။ ကျွန်တော်တို့ ရက်ကို သတ်မှတ်တာကို အမြန်ဆုံးဖြစ်အောင် တိုက်တိုက်တွန်းတွန်းနဲ့ လုပ်နေကြပါတယ်။ ကျွန်တော်တို့က ဒီနှစ်ထဲမှာ ညီလာခံတွေ အကုန်လုံး ပြီးစေချင်တယ်လေ။ အဓိကက မြို့နယ်ညီလာခံက ပိုပြီးတော့ အဓိက ကျတယ်"
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအဆင့် ညီလာခံကို နိုဝင်ဘာလလောက်မှာ ကျင်းပနိုင်လိမ့်မယ်လို့  မျှော်လင့်ရပြီး ပါတီညီလာခံ ကိုယ်စားလှယ် တစ်ထောင်ကနေ တစ်ထောင့်နှစ်ရာလောက် ရှိမယ်လို့  ခန့်မှန်းရကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
ညီလာခံကျင်းပရေး ကော်မရှင်တွေကို ဖွဲ့စည်းရာမှာ ဒီမိုကရေစီနည်း အပြည့်အဝဖြင့် ဗဟိုကနေ အောက်ခြေကို ဦးတည်ဖွဲ့စည်းလာတာ ဖြစ်ကြောင်း ဇီးကုန်းမြို့ နယ် ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြတ်သူက ပြောပြပါတယ်။
"မြို့နယ်ကော်မရှင်ဖြစ်တဲ့အတွက် မြို့နယ်ကနေ ကြီးကြပ်ပြီးတော့ ရပ်ကျေးအထိ ဆင်းမယ်ပေါ့နော်။ ရပ်ကျေးတွေကို ကျွန်တော်တို့ လိုက်ဖွဲ့ပေးရမှာ။ တစ်နိုင်ငံလုံး အနေနဲ့ လုပ်တဲ့ပွဲက ဗဟိုကောင်မရှင် ရှိပါတယ်။ ဗဟိုကောင်မရှင်ကို ဖွဲ့တယ်။ တိုင်းဒေသ ကျင်းပရေး ကော်မရှင်ကို ဖွဲ့တယ်။ နောက်ခရိုင် ညီလာခံ ကျင်းပရေးကော်မရှင်ကို ဖွဲ့တယ်။ ခရိုင်ဖွဲ့ပြီးတဲ့ အခါကျတော့ မြို့နယ်ညီလာခံ ကျင်းပရေး ကော်မရှင်ကို ဖွဲ့ပါတယ်။ အဲတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပါ"
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )