22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 31, 2012

စစ်တပ်၊ အစိုးရနှင့် NLD တွင်ပါ ရှေးရိုးစွဲများရှိဟု သမ္မတပြော

ရန်ကုန် (မဇ္ဈိမ) ။      ။ တပ်မတော်နှင့် အစိုးရတွင်သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တွင်လည်း ရှေးရိုးစွဲ အမြင်ရှိသူများ ရှိနေသည်ဟု စင်္ကာပူအခြေစိုက် ရုပ်သံလွှင့် သတင်းဌာန တခု ဖြစ်သည့် CNA က တွေ့ဆုံမေးမြန်းရာ တွင် သမ္မတ ဦးသိန်းစိန် က ပြောဆိုသွားသည်။

ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ထိုင်းနိုင်ငံသို့ သမ္မတ ဦးသိန်းစိန် သွားရောက်စဉ် CNA ၏ မေးမြန်းမှုအား မြန်မာ သမ္မတ က ပြန်လည်ဖြေကြားခဲ့မှုအား တနင်္လာနေ့ ညနေပိုင်းတွင် ထုတ်လွှင့်ပြသသွားခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေးရိုးစွဲ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ နောက်ပြီးတော့ တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေလည်း ရှိပါတယ်။ တပ်မတော်ထဲမှာလည်း အလားတူ ရှိမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အစိုးရအဖွဲ့ထဲမှာ လည်းရှိမှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသွားသည်။

ထို ရှေးရိုးစွဲများ ရှိနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင်သာ မူတည်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြခြင်းဖြင့် “ဆန့်ကျင်သဘောထား အမြင်ရှိတဲ့သူတွေ နောက်က အလိုလို လိုက်ပါလာမှာ ဖြစ်ပါတယ်” ဟုလည်း သမ္မတ က ထည့်သွင်း ပြောသွားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတို့ကြား အမေရိကန်နှင့်၊ ဥရောပနိုင်ငံ အချို့တို့၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ရှိနေသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသွားသေးသည်။

“မတူတာကတော့ ကျနော်တို့က နိုင်ငံကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်
အောင် လုပ်ဖို့အတွက် ပိတ်ဆို့ တားဆီးထားတာတွေကို ကျနော်တို့က ဖြေလျှော့ပေးစေချင်တယ်။ လုံးဝ ရုတ်သိမ်း
ပေးစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုလှည့်ပြီး ပြောတဲ့ တွေ့တဲ့အထဲမှာတော့ ရင်းနှီး မြှုပ်နှံမှုတွေကို ချက်ချင်း မလာဖို့၊ စဉ်းစဉ်းစားစားနဲ့လုပ်ဖို့ ဆိုတာတွေက ဒီအချက်တွေကတော့ ကွဲပြားခြားနားမှုရှိပါတယ်” ဟု
ပြောကြားသွားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်ကိုလည်း ဦးစားပေးလုပ်ဆောင်နေကြောင်း “နိုင်ငံရေး တည်ငြိမ်ဖို့အတွက်ဆိုတာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံနေတဲ့ အင်အားစုတွေနဲ့ အဆင်ပြေ ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူ့အင်အားစုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့အတွက် ဒါ အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ကျနော်တို့ ဦးစားပေးပြီး လုပ်ပါတယ်” ဟု ဦးသိန်းစိန်က ပြောကြား သွားသည်။

ထို့ကြောင့် အသက်အရွယ်နှင့် ကျန်းမာရေးအရ သမ္မတ သက်တမ်းတခုသာ တာဝန်ယူမည့် ဦးသိန်းစိန်က မြန်မာ့ အနာဂတ်အတွက် “ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်တည်ငြိမ်ငြိမ် ဖြစ်အောင် လုပ်နိုင်မယ့် လူမျိုးတွေ၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ့် မျိုးဆက်မျိုးတွေ၊ ဒီမျိုးဆက်မျိုးက ဆက်ပြီးတော့ တာဝန် ယူသွားစေချင်ပါတယ်” ဟု CNA ၏ တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားသွားခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )