22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 26, 2012

ကချင်နှင့် ရခိုင် ကလေးငယ်များအတွက် ပညာရေး ရန်ပုံငွေ ဈေးရောင်းပွဲတော် ကျင်းပ

အောင်ခိုင်မိုက် (ရန်ကုန်)
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ
ကလေးငယ်များအတွက် ပညာရေးရန်ပုံငွေ
 ဈေးရောင်းပွဲတော်တခုကို




ရန်ကုန်မြို့ ပြည်လမ်းမရှိ တော်ဝင်စင်တာတွင် ယနေ့ သြဂတ်စ်လ ၂၅ရက်နေ့

တွင် ကျင်းပခဲ့သည်။



အဆိုပါ ဈေးရောင်းပွဲတော်ကို ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များကွန်ယက်က ဦးဆောင်းပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


“ ကျနော်တို့ ဒီပွဲဖြစ်မြောက်ဖို့အတွက် အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။

ဒီလို ကြားထဲက အခုလို အောင်မြင်စွာ ကျင်းပနိုင်တဲ့အတွက် အတိုင်းမသိ
ပျော်ရွင်မိပါတယ်။

လာရောက်အားပေးကြတဲ့ လူတွေ အများကြီး တွေ့ရတဲ့ အတွက်လည်း ပီတိဖြစ်မိပါတယ်”

ဟု ဦးဆောင်သူ လူငယ်တဦးက ပြောသည်။

၎င်းဈေးရောင်းပွဲတော်တွင် သီဆိုဖျော်ဖြေပွဲများလည်း ပါဝင်ပြီး အဆိုတော်များနှင့် တခြားလူငယ်များကလည်း ငြိမ်းချမ်းရေး သီချင်းများအပါအ၀င် တခြားသီချင်းများနှင့်

ဖျော်ဖြေခဲ့ကြသည်။


ထို့အပြင် အစားအသောက်များ၊ ဓာတ်ပုံများ၊ ပန်းချီကားချပ်များ၊ အမှတ်တရ လွယ်အိတ်များနှင့် တခြားအမှတ်တရ ပစ္စည်း အများအပြားကို လည်း ရန်ပုံငွေအတွက် ပြသရောင်းချခဲ့ကြသည်။





၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်လည်း လာရောက် လည်ပတ်အားပေးခဲ့ပြီး မိန့်ခွန်းစကားပြောကြားခဲ့သည်။


“ ကျနော်တို့ ထောင်ထဲမှာတုန်းက ကြားခဲ့ရသလို လူငယ်တွေဟာ ဂိမ်းဆော့မယ်၊ နိုင်ငံခြားသွားမယ်၊ အပျော်အပါးလိုက်စားမယ်ဆိုပြီး ကြားခဲ့ရတယ်။


ဒါပေမယ့် အဲဒီတုန်းက ကြားခဲ့ရသလိုမျိုးမဟုတ်ဘူးဆိုတာကို အခုလို လူငယ်တွေက ကိုယ့်ဟာကို ထိုးဖောက်ပြီး အလုပ်နဲ့ သက်သေပြလိုက်ပါပြီ”  ဟု ကိုမင်းကိုနိုင်က မိန့်ခွန်းတွင် ထည့်သွင်း ပြောဆို သွားခဲ့သည်။



အဆိုပါ ဈေးပွဲတော်ကို မနက် ၉နာရီမှ ည ၉နာရီအထိ တော်ဝင်စင်တာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


နိရဉ္စရာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )