22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 26, 2012

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အမှတ် (၂) ကုန်သွယ်ရေးကားလမ်းမကြီး ဆိုးရွားစွာပျက်စီး

မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ကလေး-တီအိုနယ်စပ်ကြား အမှတ် (၂) ကုန်သွယ်ရေးလမ်းမှာ ယခုချိန်ထိ လမ်းပျက်စီးမှု ဆိုးရွား စွာဖြစ်ပေါ်နေပြီး ခရီးသည်များအခက်တွေ့ကြုံနေရသည်။
အမှတ် (၂) ကုန်သွယ်ရေးကားလမ်းမကြီးဆိုးရွားနေမှုကြောင့်  ကား accident ဖြစ်မိမှာ ခရီးသည်များ စိုးရိမ်နေကြကြောင်း  ခရီးသည်တဦး က ပြော ပါတယ်။

“အထူးသဖြင့် နယ်စပ်အတက် နဲ့ တီးတိန်မြို့နယ်အတွင်းသိုင်းငင်းရွာ အလွန် ဟိုင်မွာလမ်း တော်တော် လေးကို လမ်းဆိုး တယ်။ ကား မှောက်တာတို့ မရှိပေမဲ့ မကြာခဏ တောင်ပြိုဗွက်ပေါက်ပြီး ခရီးသည်များ ခြေလျင်ဖြင့် လျှောက်နေ ရတယ်”

“ ဒီလမ်းက ကျမတို့ကုန်သည်တွေအတွက် အင်မတန်အရေးပါတယ်၊ ကုန်တင်ကားမှာ ကုန်အပြည့်တင် ထားတယ်၊ အဲဒီအပေါ်မှာ ခရီးသည်များ အပြည့် လိုက်ပါကြတယ်၊ ကြောက် စရာကောင်း လိုက်တာ။ ကျမမှာတော့ လမ်းဆိုးတဲ့နေရာ ရောက်ပြီဆိုရင် ခြေလျှင်နဲ့သွားတာများ တယ်” ဟု အမှတ် (၂) ကုန်သည် အမျိုးသမီးတဦးက ပြောသည်။

ပြီးတော့ မိုးတွင်းဆိုရင် လမ်းဆိုးလို့ မတော်တဆဖြစ်မှာ စိုးရိမ်တာကတကြောင်း၊ ခရီးကလည်းကြန့်ကြာ တော့ ခုငွေလှဲ နှုန်းနဲ့ဆိုရင် အမြတ်သိပ်မရှိ ဘူးလို့ အဆိုပါအမျိုးသမီးက ဆက်ပြောပါတယ်။ အချို့ကုန် သည်ကြီး တွေမှာ မိမိကုန်ပစ္စည်း များကိုကုန်တင်ကားနဲ့ တင်ပြီးဆိုင်ကယ်နဲ့ သွားကြသူ များလည်းရှိ ကြောင်း သိရသည်။

အဆိုပါ အမှတ် (၂) ကုန်သွယ်ရေးလမ်းမကြီးတွင် နေ့စဉ် ကား (၁၀) စီးသွားလာနေပြီး ကားတစီးမှာ ခရီးသည် ၇ ဦးအ တွက်သာ နေရာရှိသော်လည်း ကားပိုင်ရှင်တွေက လူ ၁၂- ၁၃ အကြား ပုံမှန်တင်နေ ကြောင်း သိရသည်။

“ ဒီလိုမှ မလုပ်ယင် ဓါတ်ဆီဖိုးနဲ့ ဘာမှ အမြတ်မကျန်ဘူးဗျ” ဟု အမည်မဖော်လိုသူ ကားပိုင်ရှင် တဦးက ပြောသည်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )