မင်္ဂလာပါ မစ္စတာ ဘောဂတ်စ်။ MNL မှာ နိုင်ငံခြားသား နည်းပြတွေ အများကြီး ရှိနေပါလျက်နဲ့ MNL All Star အသင်းကို ကိုင်တွယ်ခွင့် ပေးတဲ့ အပေါ် ဘယ်လိုများ ခံစားရပါသလဲ။
ဒီအတွက် ကျွန်တော် အရမ်း ဂုဏ်ယူမိပါတယ်။ မြန်မာ နေရှင်နယ်လိဂ်မှာ နိုင်ငံခြားသား နည်းပြတွေ အများကြီး ရှိသလို အားလုံးဟာလည်း ထူးချွန်သူတွေပါ။ သူတို့ အားလုံးမှာ ဒီအသင်းကို ကိုင်တွယ်နိုင်တဲ့ အရည်အချင်းရှိသူတွေပါ။ ဒီလောက် အများကြီးထဲကမှ ကျွန်တော့ကို ရွေးချယ် တာဝန်ပေးတဲ့ အတွက် အရမ်း ဂုဏ်ယူမိပါတယ်။
ဒီလောက် နည်းပြတွေ အများကြီးထဲမှာမှ ခင်ဗျားကို ဘာကြောင့် ရွေးချယ် တာဝန်ပေးရတာလဲ။
ကျွန်တော်လည်း ဘာကြောင့်ဆိုတာ အတိအကျ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့ အထင်ကတော့ ကျွန်တော့်အသင်း ရတနာပုံက ထိပ်ဆုံး ရောက်နေလို့ ဖြစ်ပါလိမ့်မယ်။
ခြေစမ်းပွဲမှာ ဘယ်လိုရလဒ်မျိုးကို မျှော်လင့်ထားလဲ။
ကျွန်တော်ကတော့ အနိုင်ကစားဖို့ပဲ ရည်မှန်း ထားပါတယ်။ ကျွန်တော် ပွဲတစ်ပွဲကို ကိုင်တွယ်တဲ့ အခါ အမြဲတမ်း အနိုင်ရလဒ်ကိုပဲ မျှော်မှန်းထားတာပါ။ တစ်ကယ်လို့ အရှုံးရလဒ် ထွက်ခဲ့ရင်တောင် ကျွန်တော် တစ်ကယ်တမ်း မျှော်မှန်းတာက အနိုင် ရလဒ်ပါပဲ။ ဒီပွဲကိုလည်း ကျွန်တော်တို့ အားလုံးက အနိုင်ကစားဖို့ ရည်မှန်း ထားပါတယ်။
ခင်ဗျားတို့ အသင်းက စုစည်း လေ့ကျင့်ချိန် တစ်ညနေပဲ ရှိခဲ့တယ်နော်။ ဒီလောက် အချိန်လေးနဲ့ ခင်ဗျားတို့ အသင်းရဲ့ အကောင်းဆုံး ပုံစံကို ရနိုင်ပါ့မလား။
သိပ်ရတာပေါ့ဗျာ။ သူတို့က ပရိုတွေဗျ။ ကလပ်အသင်းတွေမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ သူတွေချည်းဘဲ။ ကြံ့ခိုင်မှုကလည်း ပြည့်နေကြတာလေ။ သူတို့ကို ကျွန်တော် ဘာလိုချင်တယ် ဆိုတာ ပြောပြီးပါပြီ။ သူတို့ကလည်း နားလည်ကြတယ်။ ခင်ဗျား စောင့်ကြည့်နေပါ။ အကောင်းဆုံး ခြေစွမ်းကို တွေ့ရပါလိမ့်မယ်။
11:26 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com