22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

နွေရာသီတွင် အပြောင်းအရွှေ့စရိတ် ယူရိုသန်း(၁၀၀)မျှထိ ဘာစီလိုနာ သုံးစွဲဖွယ်ရှိ

ဘာစီလိုနာ အသင်းသည် နွေရာသီ ဈေးကွက်အတွင်း အသင်း၏ အင်အားကို အသစ်ဖြည့်ဆည်း တည်ဆောက်ရန် အတွက် ယူရိုသန်း(၁၀၀)မျှထိ ငွေကြေး သုံးစွဲလာဖွယ် ရှိနေကြောင်း သိရသည်။

ကာတာလန် အခြေစိုက် ထိပ်သီး ကလပ် အသင်းသည် နည်းပြသစ် တီတို ဗီလန်နိုဗာ၏ ပွဲဦးထွက် ကိုင်တွယ်သော ဘောလုံး ရာသီတွင် အပြောင်းအရွှေ့ ကဏ္ဍအတွက် အလုပ်များဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ သာမန်အားဖြင့် ဘာစီလိုနာသည် တစ်နှစ်လျှင် အသုံးစရိတ် ယူရို သန်း(၅၀)မျှသာ သတ်မှတ်လေ့ ရှိပြီး ယင်းအနက် (၆၀)ရာခိုင်နှုန်းမျှကိုသာ ကစားသမား သစ်များ ခေါ်ယူရေး အတွက် အသုံးပြုလေ့ ရှိသည်။ သို့သော်လည်း ယခုဘောလုံး ရာသီတွင် ဘာစီလိုနာ လူစာရင်း၌ အ၀င်အထွက် ခပ်ကြမ်းကြမ်း ဖြစ်ပေါ်ဖွယ် ရှိနေသည်။
အသင်းမှ ထွက်ခွာသွားသည့် ဂွာဒီယိုလာ

နည်းပြ ဂျိုးဆက် ဂွာဒီယိုလာ ထွက်ခွာ သွားပြီးနောက် ဘရာဇီးလ် လက်ရွေးစင် ညာနောက်ခံလူ ဒန်နီအဲလ်ဗက်စ်သည်လည်း အန်းဖီးလ်ကို စွန့်ခွာနိုင်သည်။ ၎င်းကို ငွေကြေး ကြွယ်ဝသည့် ရုရှားကလပ် အန်းဇီးက စိတ်ဝင်စားနေသည်။ ကွင်းလယ်လူ ဆီဒေါ်ကီတာသည်လည်း နွေရာသီတွင် သေချာပေါက် အသင်း ပြောင်းဖြစ်ဖွယ် ရှိနေသည်။ ဘာစီလိုနာသည် အသင်းမှ ပိုလျှံ ကစားသမား များကို ရောင်းထုတ်ကာ ကစားသမားကောင်းများ ဖြည့်တင်းရန် ချိန်ရွယ်နေဆဲ ဖြစ်သည်။

အနည်းဆုံး ယူရို သန်း(၃၀)မျှ ပေါက်ဈေးရှိသည့် အက်သလက်တီကို ဘီဘာအို တိုက်စစ်မှူး ဖာနန်ဒို လော်ရန်တေးသည် ဗီလန်နိုဗာ၏ အဓိက ပစ်မှတ် ဖြစ်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ထို့အပြင် ဘာစီလိုနာသည် လော်ရန်တေး၏ စပိန် လက်ရွေးစင် အသင်းဖော် ဖြစ်သော ဘယ်နောက်ခံလူ ဂျော်ဒီအယ်လ်ဘာကိုလည်း ဗလန်စီယာ အသင်းထံမှ ခေါ်ယူရန် ချိတ်ဆက်နေကြောင်း သိရှိရသည်။
Ref: Goal
ကာတာလန် အခြေစိုက် ထိပ်သီး ကလပ် အသင်းသည် နည်းပြသစ် တီတို ဗီလန်နိုဗာ၏ ပွဲဦးထွက် ကိုင်တွယ်သော ဘောလုံး ရာသီတွင် အပြောင်းအရွှေ့ ကဏ္ဍအတွက် အလုပ်များဖွယ် ရှိနေကြောင်း သတင်းများက ဆို...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )