22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

တွမ်တီး တိုက်စစ်မှူး ဒီဂျောင်အတွက် ကလပ်အသင်း (၁၅)ခုနှင့် ယှဉ်ပြိုင်ရမည့် လီဗာပူးလ်

လီဗာပူးလ် အသင်းသည် တွမ်တီးအသင်း တိုက်စစ်မှူး လုခ်ဒီဂျောင်ကို ခေါ်ယူရန် စိတ်ကူးနေကြောင်း သိရှိရသည်။

စတိဗ်မက္ကလာရင် နည်းပြအဖြစ် ကိုင်တွယ်နေသော နယ်သာလန် ကလပ်တွင် ဒီဂျောင်က ယခုရာသီ (၄၆)ပွဲ ကစားကာ ဂိုးပေါင်း(၃၀) သွင်းယူပြထားသည်။ အသက်(၂၁)နှစ်သာ ရှိသေးသော နယ်သာလန် တိုက်စစ်မှူးအား ပေါင်စတာလင် (၁၂)သန်းမျှဖြင့် ကမ်းလှမ်းနိုင်ရန် လီဗာပူးလ် မန်နေဂျာ ကင်နီဒဲလ်ဂလစ်ရှ်က မျှော်လင့်လျှက် ရှိသည်။ ဒီဂျောင်၏ စာချုပ် သက်တမ်းသည် (၂၀၁၄)ထိ ကျန်ရှိနေသေးသော်လည်း နွေရာသီတွင် ၎င်းသည် နယ်သာလန်လိဂ်ကို စွန့်ခွာရန် ခြေလှမ်း ပြင်လာဖွယ် ရှိနေသည်။
လီဗာပူးလ်မှ စောင့်ကြည့်နေသည့် ဒီဂျောင်


သို့သော်လည်း ၎င်း၏ အေးဂျင့် လူးဝစ်လာရို့စ်က လီဗာပူးလ်သည် ဒီဂျောင်ကို ရရှိရန် အလွယ်တကူ ဖြစ်နိုင်မည် မဟုတ်ကြောင်းနှင့် မိမိ၏ ကစားသမားကို လိုက်နေသော ကလပ်အသင်း (၁၅)ခုမျှရှိကြောင်း ပြောကြားသွားသည်။ လာရို့စ်က “လီဗာပူးလ်က ဒီဂျောင်ကို နီးနီးစပ်စပ် လေ့လာနေပါတယ်။ ဒါပေမဲ့ သူတို့ သိရမှာက ဒီလိုမျိုး တခြား(၁၅)သင်းလောက်ကလည်း လုပ်နေတယ် ဆိုတာပါ။ ပြောရရင် ချန်ပီယံလိဂ် ကစားခွင့် ရတဲ့ ကလပ် အသင်းကြီး (၃)ခုက ဒီဂျောင်အတွက် တွမ်တီးနဲ့ တိတိကျကျ သဘော တူညီမှု ယူဖို့ ကြိုးစား နေပါတယ်” ဟု ဖွင့်ဟပြောဆိုခဲ့သည်။

၎င်းက “ဘာတွေ ဖြစ်လာမလဲ ဆိုတာကို နောက်လာမယ့် သီတင်းပတ်တွေမှာ မြင်နိုင်ပါလိမ့်မယ်။ ခုထိတော့ ဘာမှ တိတိကျကျ ပြောလို့ မရသေးဘူးလေ” ဟုလည်း ဆိုသည်။ လီဗာပူးလ်သည် နယ်သာလန်ကလပ် AZ အယ်လ်ခမာ အသင်းမှ ရက်စ်မက်စ်အမ်းလ်ကို ခေါ်ယူရန် စီစဉ် ခဲ့သော်လည်း အသင်းက ငြင်းပယ်ထားကြောင်း သိရသည်။ ဒဲလ်ဂလစ်ရှ်သည် အမ်းလ်အား ပေါင်စတာလင် (၈)သန်းမျှဖြင့် ခေါ်ယူနိုင်ရန် ဆန္ဒ ရှိနေသော်လည်း AZ ၏ နည်းစနစ် ဒါရိုက်တာ အာနီစတီးဝပ်က “ကျွန်တော်တို့ အမ်းလ်ကို အချိန် အကြာကြီး ထိန်းသိမ်း ထားချင်ပါတယ်။ သူအသင်းမှာ ဆက်နေဖို့ ကျွန်တော်တို့ ပြင်းပြင်းပြပြ ဆန္ဒ ရှိနေပါတယ်” ဟု ပြောဆို သွားခဲ့သည်။
Ref: The Sun
လီဗာပူးလ်က ဒီဂျောင်ကို နီးနီးစပ်စပ် လေ့လာနေပါတယ်။ ဒါပေမဲ့ သူတို့ သိရမှာက ဒီလိုမျိုး တခြား(၁၅)သင်းလောက်ကလည်း လုပ်နေတယ် ဆိုတာပါ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )