22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

ဖလား(၂)လုံး ရပါက အောင်မြင်သည့် ဘောလုံးရာသီ တစ်ခုဟု သတ်မှတ်နိုင်ကြောင်း ကာရေဂါ သုံးသပ်

အကယ်၍ ယခုရာသီ ဆုဖလား(၂)လုံး လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ပါက အမှတ်ပေး ပြိုင်ပွဲတွင် ရလဒ်များ ကျဆင်းမှုကို မေ့ဖျောက်ကာ လီဗာပူးလ် အတွက် အောင်မြင်သော ဘောလုံးရာသီ တစ်ခုအဖြစ် ယူဆနိုင်ကြောင်း ဂျင်မီ ကာရေဂါက မှတ်ချက် ပြုခဲ့သည်။

လီဗာပူးလ်၏ ၀ါရင့် အင်္ဂလန် ခံစစ်မှူးကြီးက ချယ်လ်ဆီးကို ၀င်ဘလေတွင် အနိုင်ရပြီး FA ဖလားကို ဆွတ်ခူး နိုင်ခဲ့ပါက အသင်း အနေဖြင့် ယခုရာသီ အောင်မြင်ခဲ့သည်ဟု မှတ်ယူနိုင်ကြောင်း ဆိုသည်။ လီဗာပူးလ်သည် နောက်ဆုံး ကစားသည့် ပရီးမီးယားလိဂ် (၁၃)ပွဲတွင် (၈)ပွဲ အရေးနိမ့်ထားပြီးနောက် အမှတ်ပေး ဇယား အဆင့်(၈) နေရာ၌ ရပ်တည်နေသည်။ ကာရေဂါက ယခုရာသီ ကားလင်း ဖလားကို ဆွတ်ခူး ထားသလို FA ဖလားကိုပါ ကိုင်မြှောက်ခွင့် ရခဲ့ပါက အမှတ်ပေး ပြိုင်ပွဲ၏ အခြေအနေ အားလုံးကို လျစ်လျူရှု မေ့ဖျောက် နိုင်လိမ့်မည်ဟု Liverpoolfc.tv နှင့် အင်တာဗျူးတွင် ပြောဆို သွားခဲ့သည်။
ကားလင်းဖလားနှင့် အတူ အောင်ပွဲခံနေသည့် ကာရေဂါ

“ကျွန်တော်တို့ဟာ အမှတ်ပေး ပွဲတွေမှာ လိုချင်တဲ့ အနေအထားကို ရယူနိုင်ခဲ့တာ မရှိဘူး။ ဒါပေမဲ့ ဖလား ပြိုင်ပွဲတွေမှာတော့ ကျွန်တော်တို့ ဆန္ဒရှိတဲ့ အတိုင်း ဖြစ်လာခဲ့တယ်” ဟု ကာရေဂါက ဆိုသည်။ “အနည်းဆုံးတော့ ကျွန်တော်တို့ဟာ ဆုဖလား (၂)လုံးအတွက် အောင်မြင်တဲ့ ဘောလုံးရာသီ တစ်ခုအဖြစ် ဂုဏ်ယူလို့ ရပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ လီဗာပူးလ်သည် နောက်ဆုံး ကစားသော ပရီးမီးယားလိဂ် ပွဲစဉ်တွင် အိမ်ကွင်း၌ ဖူလ်ဟမ်ကို (၁-၀)ဖြင့် အရေး နိမ့်ခဲ့သည်။ ကာရေဂါက ထိုကိစ္စကို မေ့ဖျောက်ကာ စနေည ဗိုလ်လုပွဲအတွက် အပြည့်အ၀ အာရုံစိုက်ရန် လိုအပ်ကြောင်း အသင်းဖော်များထံ ရည်ရွယ် သတိပေးခဲ့သည်။

၎င်းက “တကယ်လို့ ကျွန်တော်တို့ဟာ ချယ်လ်ဆီးကို အနိုင်ယူပြီး FAဖလား ချန်ပီယံ ဖြစ်လာရင် ဒီရာသီဟာ ကျွန်တော်တို့ အတွက် တကယ့်ကို ခမ်းနား သွားပါပြီ။ ကျွန်တော်တို့ဟာ ပြိုင်ပွဲ (၃)ခုပဲ ၀င်ပြိုင်ခဲ့တာပါ။ (၂)ခုမှာ ဖလား ရခဲ့မယ်ဆိုရင် တကယ့် မယုံနိုင်စရာ ကိစ္စပဲလေ။ ဒီရာသီဟာ အကောင်းဆုံး တစ်ခု ဖြစ်လာပါလိမ့်မယ်”ဟု ပြောကြားသွားသည်။
Ref: Daily Mail
ကျွန်တော်တို့ဟာ အမှတ်ပေး ပွဲတွေမှာ လိုချင်တဲ့ အနေအထားကို ရယူနိုင်ခဲ့တာ မရှိဘူး။ ဒါပေမဲ့ ဖလား ပြိုင်ပွဲတွေမှာတော့ ကျွန်တော်တို့ ဆန္ဒရှိတဲ့ အတိုင်း ဖြစ်လာခဲ့တယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )