22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

ပေါ့ဂ်ဘာ၏ အနာဂတ်ကို လာမည့် သီတင်းပတ်တွင် ဆုံးဖြတ်မည်ဟု အေးဂျင့် အတည်ပြု

ပေါလ်ပေါ့ဂ်ဘာ၏ အနာဂတ်ကို လာမည့် သီတင်းပတ် အတွင်း အတည်ပြု ဆုံးဖြတ်မည်ဟု အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောကြားလိုက်သည်။

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ပြင်သစ်လူငယ် ကွင်းလယ် ကစားသမားသည် အသင်းနှင့် စာချုပ်သက်တမ်း တိုးရန်၊ ဂျူဗင်းတပ်စ်သို့ ရာသီကုန်တွင် ပြောင်းရွှေ့ရန်ဆိုသော ဦးတည်ချက် နှစ်ခုကြား ဗျာများနေခဲ့သည်။ အသက်(၁၉)နှစ်ရှိ ပေါ့ဂ်ဘာသည် အင်္ဂလန် ချန်ပီယံ အသင်း၏ အတောက်ပဆုံး သွေးသစ်လူငယ် ကစားသမား အဖြစ် သတ်မှတ် ခံထားရပြီး ဂျူဗင်းတပ်စ်က ၎င်းကို ဇန်န၀ါရီ လကတည်းက ချိတ်ဆက်လာခဲ့သည်။ ဂျူဗင်းတပ်စ်သည် ပေါ့ဂ်ဘာကို တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၀၀၀၀)အပါအ၀င် သီးခြား ခံစားခွင့်များ ပေးချေကာ ခေါ်ယူနိုင်ကြောင်း သတင်းများက ဆိုသည်။

ပေါ့ဂ်ဘာ၏ အေးဂျင့်ဖြစ်သူ မီနိုရိုင်အိုလာက နွေရာသီတွင် မန်ယူနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ပေါ့ဂ်ဘာအတွက် အနာဂတ်ကို လာမည့် သီတင်းပတ် အတွင်း ထိထိမိမိ ဆုံးဖြတ် ရတော့မည်ဟု ဖွင့်ဟခဲ့သည်။ ရိုင်အိုလာက “ကျွန်တော် ဘရာဇီးလ်ကို သွားပါမယ်။ နောက်တစ်ပတ်မှာ ပြန်ရောက်မယ်။ အဲဒီကျရင် ပေါ့ဂ်ဘာရဲ့ အနာဂတ်ကိစ္စကို ကျွန်တော် သေသေချာချာ ကိုင်တွယ်ပါတော့မယ်။ ဘာဖြစ်မယ်ဆိုတာ ကျွန်တော် မပြောတတ်ဘူး။ ပေါ့ဂ်ဘာ မန်ယူမှာပဲ ဆက်နေဖြစ်တာလည်း ဖြစ်နိုင်ပါသေးတယ်။ နောက်တစ်ပတ်လောက်မှာတော့ ကျွန်တော် သေသေချာချာ အဖြေတစ်ခု ပြောနိုင်ပါမယ်။ လောလောဆယ် ချာတိတ်လည်း တော်တော် ခေါင်းစားနေတယ်” ဟု ပြောကြားသွားသည်။

နောက်တစ်ပတ်လောက်မှာတော့ ကျွန်တော် သေသေချာချာ အဖြေတစ်ခု ပြောနိုင်ပါမယ်။ လောလောဆယ် ချာတိတ်လည်း တော်တော် ခေါင်းစားနေတယ်...
ရိုင်နိုလာက ပေါ့ဂ်ဘာသည် မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်ကို လေးစားမှု အပြည့်ရှိကြောင်းလည်း ဆိုသည်။ “ပေါ့ဂ်ဘာက ဆာအဲလက်စ်နဲ့ ပတ်သက်ပြီး အမြဲ အကောင်း မြင်တယ်လို့ ကျွန်တော် ထင်တယ်။ နားထောင်စမ်းပါ။ သူကြုံနေရတာ သိပ်ခက်ခဲတဲ့ ရွေးချယ်စရာ ဆုံးဖြတ်ချက တစ်ခု ချဖို့ပါ။ ဘာပဲဖြစ်ဖြစ် သူဒါကို နောက်တစ်ပတ်မှာ လုပ်နိုင်လိမ့်မယ်” ဟု ရိုင်နိုလာက ပြောဆို သွားခဲ့သည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )