22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

ဆမ်မာမက်စ်တွင် ဖလားသိမ်း တိုက်ပွဲကို အောင်မြင်စွာ ဆင်နွှဲခဲ့သည့် ရီးယဲလ်မက်ဒရစ်

ရီးယဲလ်မက်ဒရစ် အသင်းသည် (၂၀၁၁-၁၂) ဘောလုံးရာသီ၏ လာလီဂါ ဆုဖလားကို အောင်မြင်စွာ ဆွတ်ယူသိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်သည်။

ဆမ်မာမက်စ် ကွင်းကြီးတွင် အိမ်ရှင် အက်သလက်တီကို ဘီလ်ဘာအိုအား (၃-၀)ဖြင့် အနိုင်ရပြီးနောက် အသင်း၏ ရာဇ၀င်တွင် (၃၂)ကြိမ်မြောက် အမှတ်ပေး ချန်ပီယံဘွဲ့ကို ရီးယဲလ်တို့ ဆွတ်ခူးရယူနိုင်ခဲ့သည်။ နည်းပြ ဟိုဆေး မော်ရင်ဟို၏ အသင်းအတွက် ဂွန်ဇာလို ဟီဂူအင်း၊ မီဆွတ်အိုဇေးလ်၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့က အသီးသီး ဂိုးများ သွင်းယူခဲ့သည်။ ယခုပွဲ၏ နှောင်းပိုင်းတွင် ဘီလ်ဘာအို အသင်းမှ တစ်ဦး အထုတ် ပယ်ခံခဲ့ရသေးသည်။ တစ်ဖက်တွင် ရီးယဲလ်၏ ခါးသီး ပြိုင်ဘက်ကြီး ဘာစီလိုနာသည် မာလာဂါကို (၄-၁)ဖြင့် အနိုင် ရခဲ့သေးသော်လည်း (၂)ပွဲကျန်တွင် (၇)မှတ် ကွာဟ နေမှုကြောင့် ချန်ပီယံ ကာကွယ်ခွင့်ကို လက်လျှော့ အရှုံးပေးလိုက်ရသည်။
လာလီဂါ ချန်ပီယံ ဖြစ်သွားသည့် ရီးယဲလ်

ဘာစီလိုနာသည် ကားလက်စ်ပူယိုးလ်သွင်းဂိုး၊ လီယွန်နယ်လ် မက်ဆီ၏ Hat-Trickတို့ဖြင့် မာလာဂါကို အနိုင်ရသွားခြင်း ဖြစ်သည်။ ယခုအခါ မက်ဆီသည် ဥရောပ ဘောလုံးရာသီ တစ်ခုအတွင်း ဂိုးအများဆုံး သွင်းယူသည် ဂရတ်မူလာ၏ စံချိန်ကို ချိုးဖျက်ခဲ့ပြီ ဖြစ်သည်။ မက်ဆီအတွက် ထိုညတွင် ဒုတိယမြောက် ကန်သွင်းသော ပင်နယ်တီသည် ဘိုင်ယန်မြူးနစ် ဂန္ထ၀င် မူလာ၏ တစ်ရာသီအတွင်း (၆၇)ဂိုး သွင်းယူသည့် စံချိန်နှင့် တူညီသွားစေသည်။ ထို့နောက် ထိုစံချိန်ကို ချိုးဖျက်မည့် မက်ဆီ၏ ဂိုးအား အန်းဒရက်စ် အင်နီယေစတာက အကွက်ဆင် ဖန်တီးပေးနိုင်ခဲ့သည်။

ရီးယဲလ်သည် ဆမ်မာမက်စ်တွင် အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့သည့်နောက် သမိုင်းတစ်လျှောက် ဘီလ်ဘာအိုကွင်းတွင် ဖလားရသည့် ပထမဆုံး ဧည့်သည်အသင်းလည်း ဖြစ်လာသည်။ “ခက်ခဲကြမ်းတမ်းလွန်းတဲ့ ရာသီကြီးကို ကျွန်တော်တို့ ကျော်ဖြတ်ခဲ့ပါတယ်။ အဆုံးမှာတော့ ကျွန်တော်တို့ လုပ်စရာလိုတာကို ပြတ်ပြတ်သားသား လုပ်နိုင်ခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ငယ်ရွယ်နုပျိုတဲ့ အသင်းအတွက် အောင်မြင်မှု အများကြီးထဲက ပထမဆုံး စရလာတဲ့ တစ်ခုလို့ မျှော်လင့်ပါတယ်”ဟု ရီးယဲလ် အသင်းခေါင်းဆောင် ကားဆီးလက်စ်က ပြောကြားခဲ့သည်။ နောက်ခံလူ ဆာဂျီယို ရာမို့စ်က “သိပ်ပျော်ပါတယ်။ လာလီဂါဆိုတာ အရမ်းခက်တဲ့ ပြိုင်ပွဲပါ။ ဘာစီလိုနာဟာ ရှင်းပြလို့ မရအောင် အားကောင်းတဲ့ ပြိုင်ဘက်ဆိုတာ အားလုံး အသိပါပဲ။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ ကျွန်တော်တို့ဟာ ပရိသတ်နဲ့အတူ ပေါင်းစည်း အောင်ပွဲခံခွင့် ရနေပါပြီ”ဟု ပြောဆိုသွားသည်။
အောင်ပွဲခံနေကြသည့် ရီးယဲလ်အသင်းသားများ

မော်ရင်ဟိုသည် ပွဲအပြီးတွင် စပိန်သတင်းဌာနများနှင့် တွေ့ဆုံရန် ငြင်းပယ်ခဲ့သော်လည်း Real Madrid TVနှင့်မူ အင်တာဗျူး ပြုလုပ်ခဲ့သည်။ “ကျွန်တော်တို့အတွက် ခမ်းနားတဲ့ ချန်ပီယံဆုပါပဲ။ ဒီရာသီမှာ ကျွန်တော်တို့ဟာ ဘယ်သူ့ဆီကမှ ဘာကိုမှ လွယ်လွယ်နဲ့ ရခဲ့တာ မရှိဘူး။ ရာသီအစကနေ အဆုံးထိ တိုက်ပွဲဝင်သလို ရုန်းကန် ကြိုးစားခဲ့တာပါ။ ကစားသမားတွေက သိပ်ကို ထူးချွန်သလို ဒီဆုနဲ့ ထိုက်တန်ပါတယ်”ဟု အသက်(၄၉)နှစ်ရှိ ပေါ်တူဂီသားက ပြောကြားသွားခဲ့သည်။
Ref: ABC
လာလီဂါဆိုတာ အရမ်းခက်တဲ့ ပြိုင်ပွဲပါ။ ဘာစီလိုနာဟာ ရှင်းပြလို့ မရအောင် အားကောင်းတဲ့ ပြိုင်ဘက်ဆိုတာ အားလုံး အသိပါပဲ။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ ကျွန်တော်တို့ဟာ ပရိသတ်နဲ့အတူ ပေါင်းစည်း အောင်ပွဲခံခွင့် ရနေပါပြီ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )