22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

ချယ်လ်ဆီးကို အနိုင်ယူပြီး ချန်ပီယံလိဂ် ၀င်ခွင့်ကို ဆုပ်ကိုင်ထားဆဲ နယူးကာဆယ်လ် ~ ချယ်လ်ဆီး ၀ - ၂ နယူးကာဆယ်လ် ယူနိုက်တက်

ချယ်လ်ဆီးသည် အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် နယူးကာဆယ်လ် ယူနိုက်တက်အား အရေး နိမ့်သွားပြီးနောက် ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အမှတ်ပေး ဇယား စတုတ္ထနေရာကို မျှော်လင့်ခွင့် အလွန် နည်းသွားပြီ ဖြစ်သည်။

ချယ်လ်ဆီးသည် ဖာနန်ဒိုတောရက်စ်၊ ဖလောရင့် မာလူဒါ၊ ဒန်နီရယ်လ် စတားရစ်ဂ်ျ၊ ရာမီရက်စ်၊ ရောလ်မီရာလက်စ်၊ ဂျွန်အိုဘီ မီခေးလ်၊ ရိုင်ယန်ဘာထရန်၊ ဂျွန်တယ်ရီ၊ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်၊ ဟိုဆေးဘော့ဆင်ဝါ၊ ပီတာဆက်ခ်ျတို့ဖြင့် ပွဲထွက်ခဲ့သည်။ နယူးကာဆယ်လ်တွင်မူ ဒမ်ဘာဘား၊ ပက်ပစ်ဆစ်ဆီ၊ ဟေတမ်ဘန်အာဖာ၊ ယိုနက်စ် ဂူတီယာရက်ဇ်၊ ချိခ်တီယော့တီ၊ ယိုဟန်ကာဘာယီ၊ ဒေးဗစ်ဆန်တန်၊ ဖာဘရီစီယို ကိုလော့စီနီ၊ မိုက်စ်ဝီလျံဆမ်၊ ဂျိမ်းစ်ပါ့ခ်ျ၊ တင်မ်ကရူးလ်တို့ ပါဝင် လာကြသည်။
အောင်ပွဲခံနေသည့် ဆစ်ဆီ

ပွဲချိန်(၁၀)မိနစ်တွင် ဘယ်ခြမ်းမှ တောရက်စ် ဆွဲပြေးသွားပြီး ချိုးပေးသည်ကို စတားရစ်ဂ်ျ ပြေးဝင် ပိတ်သွင်းသော်လည်း ဂိုးပေါက် လွဲခဲ့သည်။ (၁၅)မိနစ်တွင် ဘားက ဘောလုံးကို ရင်ဘတ်နှင့် တားယူပြီး ကန်သွင်းရန် ကြိုးစားသော်လည်း ဂိုးပေါက်ကို တိုက်ရိုက် မခြိမ်းခြောက် နိုင်ခဲ့ပြန်ချေ။ (၁၉)မိနစ်တွင် ဧည့်သည် နယူးကာဆယ်လ်တို့ အဖွင့်ဂိုး ရသွားသည်။ ဘယ်ခြမ်းမှ ဆန်တန် ဆွဲယူလာပြီး ချယ်လ်ဆီး နောက်ခံ လူများကြား ရောက်နေသည့် ဆစ်ဆီကို ထိုးပေးလိုက်ရာ ၎င်းက ဘောလုံးကို အတန်ငယ်မြောက်အောင် တားယူပြီး ဧရိယာ ထိပ်နားမှ အမြင့်ဘော ကန်ထည့်သွားခြင်းဖြစ်သည်။ (၃၈)မိနစ်တွင် ညာခြမ်းမှ တောရက်စ် ဘောလုံး ဆွဲယူပြီး ဖန်တီး ပေးလိုက်သည်ကို မာလူဒါ အကောင်းဆုံး ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဖြုန်းတီး ပစ်ခဲ့သည်။ (၃၉)မိနစ်တွင် မီရာလက်စ်၏ ထောင့်ကန်ဘောကို အိုင်ဗန်နိုဗစ် ခေါင်းတိုက် ခဲ့သော်လည်း ဂိုးဘားပေါ် ကျော်သွားသည်။ ပထမပိုင်း ပြီးခါနီးတွင် ထောင့်ကန်ဘောကို အနိမ့် လှိမ့်ကန်ပေးလိုက်ရာ ကာဘာယီက ခွကျော်ပေးလိုက်ပြီး ဘားက မနားတမ်း ကန်သွင်းရာ ချယ်လ်ဆီး ဂိုးဘားတန်ကို ခပ်ပြင်းပြင်း ထိထွက်သွားခဲ့သည်။ ပထမပိုင်း အပြီးတွင် နယူးကာဆယ်လ်က (၁-၀)ဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်စပြီး (၂)မိနစ်တွင် တောရက်စ်က ကိုလော့စီနီကို လှည့်စားက ဖန်တီးပေးလိုက်သော ဘောလုံးကို မာတာနှင့် မီရာလက်စ်တို့ ဂိုးသွင်းရန် ကြိုးစားသော်လည်း နယူးကာဆယ်လ် ကွင်းလယ်လူ တီယော့တီ အကောင်းဆုံး တားဆီးပိတ်ဆို့သွားသည်။ မိနစ်(၆၀)တွင် ချယ်လ်ဆီးမှ မီခေးလ်နှင့် အပြိုင် ခေါင်းခုန်တိုက်ရင်း မီခေးလ်၏ တံတောင်နှင့် ထိခိုက်မိသောကြောင့် တီယော့တီ ဒဏ်ရာရပြီး ထမ်းစင်ဖြင့် ကွင်းအတွင်းမှ ထွက်ခွာသွားရသည်။ (၇၁)မိနစ်တွင် ဘော့ဆင်ဝါ ဖြတ်ပို့သည်ကို ချယ်လ်ဆီး လူစားဝင် တိုက်စစ်မှူး ဒီဒီရာ ဒရော့ဂ်ဘာ ဂိုးသွင်းရန် ကြိုးစားသော်လည်း ၀ီလျံဆမ်က ကာကွယ်နိုင်ခဲ့သည်။ (၈၈)မိနစ်တွင် မာတာ၏ တိကျသော ထောင့်ကန်ဘော ကန်တင်ပေးမှုကို တယ်ရီ ဂိုးသွင်းရန် အားထုတ်မှုကို နယူးကာဆယ်လ် ခံစစ်မှူး ဆန်တန် ဂိုးစည်းပေါ်မှ ရှင်းထုတ်သွားသည်။ ဒုတိယပိုင်း နာကျင် အချိန်ပို (၄)မိနစ်တွင် အံ့ဩဖွယ်ရာ အနေအထားမှ ဆစ်ဆီက ၎င်း၏ ဒုတိယမြောက် ဂိုးကို ကန်သွင်းခဲ့သည်။ ဘယ်ခြမ်းတွင် ရရှိသော လက်ပစ်ဘောကို လူစားဝင် ကစားသမား ရှိုလာ အမီယိုဘီ ခေါင်းတိုက် ချပေးလိုက်ရာ ဆစ်ဆီက ဂိုးဧရိယာထောင့် အပြင်ဘက်မှ ဝေ့၀ိုက်ကန်သွင်းလိုက်ပြီးနောက် ဆက်ခ်ျကိုကျော်ကာ လှလှပပ ဂိုးဝင်သွားခဲ့သည်။

ပွဲအပြီးတွင် နယူးကာဆယ်လ် အသင်းသည်  ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အပြည့်အ၀ မျှော်လင့်နိုင်ခွင့်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ချယ်လ်ဆီးမှာမူ ရောဘတ်တို ဒီမက်တီယိုလက်ထက် ပထမဆုံးအကြိမ် အိမ်ကွင်းရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။
Ref: Euro sport
ဆန်တန် ဆွဲယူလာပြီး ချယ်လ်ဆီး နောက်ခံလူများကြား ရောက်နေသည့် ဆစ်ဆီကို ထိုးပေးလိုက်ရာ ၎င်းက ဘောလုံးကို အတန်ငယ်မြောက်အောင် တားယူပြီး ဧရိယာ ထိပ်နားမှ အမြင့်ဘော ကန်ထည့်သွား...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )