22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

မဖြေရှင်းနိုင်သေးသော ပုစ္ဆာများနှင့် ဘင်လာဒင် ခိုအောင်းရာသို့ ၀င်ရောက်စီးနင်းမှု တစ်နှစ်အလွန်

၂၀၁၁ မေလ ၄ ရက်နေ့က ဘင်လာဒင်နေထိုင်ခဲ့ရာ နေအိမ်ခြံဝင်းကို အနီးရှိအဆောက်အအုံမှ မြင်တွေ့ရစဉ်
၂၀၁၂ ဧပြီလ ၂၅ ရက်နေ့က ဖြိုဖျက်ပြီးဖြစ်သော ခြံဝင်းမြေနေရာကို အနီးရှိအဆောက်အအုံမှ မြင်တွေ့ရစဉ်
ဧပြီလ၂၆ ရက်နေ့က ဘင်လာဒင် မိသားစုဝင်များကို ဆော်ဒီသို့ လေယာဉ်ဖြင့် ပို့ဆောင်ရန် ခေါ်ဆောင်လာစဉ်
အမေရိကန်ကွန်မန်ဒိုများ ဘင်လာဒင် ခိုအောင်းရာ ပါကစ္စတန်မြို့သို့ ၀င်ရောက်စီးနင်းခဲ့သည်မှာ  မေလ ၂ ရက်နေ့တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက်သမားသည် ပါကစ္စတန်၏ ၀က်စ်ပွိုင့်ဟုဆိုရမည့် စစ်အကယ် ဒမီရှိရာမြို့ငယ်တွင် အချိန်ကြာ မြင့်စွာ အေးအေးလူလူနေနိုင်ခဲ့ခြင်း၏ နောက်ကွယ်မှ အကြောင်းတရားများသည်ကား မဖြေရှင်းနိုင်သေးသည့် ပုစ္ဆာများအဖြစ် ရှိနေဆဲဖြစ်သည်။

စီးနင်းမှုသတင်း စတင်ထွက် ပေါ်လာစဉ်တွင် ပါကစ္စတန်အစိုးရဘက်က ကြိုဆိုခဲ့သော်လည်း နာရီပိုင်းအတွင်း သဘောထားက ပြောင်းလဲသွားသည်။ ပါကစ္စတန်စစ်တပ်က ဒီကိစ္စကို မသိခဲ့ခြင်းမှာ ထင်ရှားလာသောကြောင့် ဖြစ်သည်။ စီးနင်းမှုအကြောင်း အမေရိကန်က အသိပင် မပေးသည့်အပေါ် မကျေနပ်ဟူသော ထုတ်ပြန်ချက်ဖြင့် ပါကစ္စတန်အစိုးရက ဘင်လာဒင် ပါကစ္စတန်မှာ ဘယ်လိုပုန်းနေခဲ့သလဲဆိုသော မေးခွန်းကို ဖုံးကွယ်ခဲ့သည်။

ဘင်လာဒင်သည် အများယူဆထားသလို တောထဲတောင်ထဲ ပုန်းနေခြင်းမဟုတ်ခဲ့။ မြို့ထဲမှာနေခြင်း ဖြစ်သည်။ ပါကစ္စတန်စစ်ဘက်သည် နှစ်ဖက်ချွန်လုပ်နေခဲ့သည်ဆိုသော စွပ်စွဲချက်ရှိနေခဲ့သည်မှာလည်း ကြာခဲ့ပြီ။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဘင်လာဒင်တွင် ပါ ကစ္စတန် ကွန်ရက်ရှိနေကြောင်း ထုတ်ဖော်ခဲ့ပြီး စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့သည်။ ပါကစ္စတန်ဘက်ကလည်း ဒီကိစ္စကိုစုံစမ်းဖို့ ကော်မတီဖွဲ့သလို အမေရိကန်တပ်များဝင် ရောက်ခဲ့သည့်ကိစ္စကိုလည်း စုံစမ်းမည်ဟု ကြေညာခဲ့သည်။

ပါကစ္စတန်ဘက်က ထုတ်ပြန်လာသမျှကတော့ ဘင်လာဒင်ပုန်း အောင်းနေမှုနှင့် ပါကစ္စတန်ထောက်လှမ်းရေး၊ စစ်ဘက်တို့ မသက်ဆိုင် ဆိုတာပဲဖြစ်သည်။ ပြီးခဲ့သည့်အပတ်တွင် ပါကစ္စတန်ဘက်က နောက်ဆုံးထုတ်ပြန်ခဲ့သည်ကတော့ အစီရင်ခံစာ ပြီးစီးပြီဖြစ်သော်လည်း လူသိရှင် ကြား ထုတ်ပြန်မည်မဟုတ် ဆိုခဲ့သည်။ အမေရိကန်ဘက်က ဒီသတင်းကို စိတ်ပျက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်ထောက်လှမ်းရေးကတော့ ဘင်လာဒင်ပုန်းနေသည်ကို မသိခဲ့ခြင်းသည် ထောက်လှမ်းရေး ချို့ယွင်းအားနည်းမှုဟုသာ ထုတ်ပြန်ထားသည်။ သို့ပေမဲ့ ဘင်လာဒင် ဇနီးတစ်ဦးကို ရဲဘက်ကစစ်ဆေးစဉ်က ထွက်လာသည့်သတင်းက အံ့အားသင့်စရာ။ ဘင်လာဒင်သည် ပုန်းနေ သည့်ကာလအတွင်း အိမ်ငါးအိမ် ပြောင်းသည်၊ ကလေးလေးယောက် ထပ်မွေးသည်၊ နှစ်ယောက်ကိုဆိုလျှင် ပါကစ္စတန် ပြည်သူ့ဆေးရုံများမှာ မွေးခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်ဘက်ကတော့ ဒီသမိုင်းစာမျက်နှာကို အပြီးတိုင် ပြည်ဖုံးကားချဖို့ ကြိုးစားသည်။ သူခြောက် နှစ်လောက်နေလာခဲ့သော အဘော့တာဘတ်မြို့က သုံးထပ်အိမ်ပါခြံဝင်းကို ညကြီးသန်းခေါင် ဘူဒိုဇာဖြင့် ထိုးပစ်ခဲ့သည်။ ပြီးခဲ့သည့်အပတ်က သူ့ဇနီးသုံးယောက်နှင့် သမီး၊ မြေးများ ကို ဆော်ဒီအာရေဗျသို့ ပို့ပစ်ခဲ့သည်။
ကြွယ်ဝပြီး ဆိတ်ငြိမ်သော အဘော့တာဘတ်မြို့ကလေးကတော့ ဘင်လာဒင်ကြောင့် ထင်ရှားလာသည်။ သို့ပေမဲ့ မြို့သားတွေကြားမှာ ယုံတမ်းစကားတွေက ရှိနေဆဲဖြစ်သည်။ ဒီခြံဝင်းထဲမှာ ဘင်လာဒင် တကယ်မရှိခဲ့ဆိုတာမျိုးကို ယုံကြည်သူများ ရှိနေဆဲဖြစ်သည်။

ယခုအခါတွင်တော့ ဒီခြံဝင်းကြီးရှိခဲ့ရာနေရာသည် ကလေးများ ခရစ်ကက်ကစားရာ နေရာဖြစ်နေပြီ။ လယ်သမားတွေက ဒီနေရာကဖြတ်ပြီး လယ်ထဲဆင်းကြသည်။ မကြာသေးခင်ကဆိုလျှင် ဒီနားတစ်ဝိုက်မှာ သံတိုသံစလိုက်ရှာသည့် ကလေးတွေပင် ရှိခဲ့သည်။
ဘင်လာဒင် စစ်ဆင်ရေးအပြီးမှာ အမေရိကန်-ပါကစ္စတန် ဆက်ဆံရေးကတော့ ဆိုးရွားလာခဲ့သည်။ အာဖဂန်နယ်စပ်က အမေရိကန်စစ် ရေးလေ့ကျင့်ပေးသူတွေကို ပြန်လွှတ်သည်။ စီအိုင်အေနှင့် ထောက်လှမ်းရေး အဆက်အသွယ်ကို ပြန်ဖျက်သလို ပြည်ပသံတမန်တွေနှင့်အကူ အညီပေးရေးလုပ်သားများ ၀င်ရောက်ခွင့်ကို တင်းကျပ်တာမျိုးတွေရှိလာသည်။

ဘင်လာဒင်ကို ရှာဖွေရာမှာ အမေရိကန်ကို ကူညီပေးခဲ့သည်ဆိုသော ဆရာဝန်ကို ပါကစ္စတန်က ဖမ်းသည်။ အခြားဖမ်းဆီးမှုတွေ ရှိ မရှိကတော့ လူသိထင်ရှားမဖြစ်လှ။ ဘင်လာဒင် ကွန်ပျူတာထဲကရခဲ့သော ဖိုင်များကတော့ အမေရိကန်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အထောက်အကူပြုနိုင်တာတွေ ရှိခဲ့သည်။ သို့ပေမဲ့ ပုစ္ဆာအချို့ကတော့ အဖြေမထုတ်နိုင်သေး။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )