22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 22, 2012

''၀ဘ်ဆိုဒ် ၂၅၀ ကျော်ကို အိန္ဒိယ ပိတ် လိုက်ပြီ''

အိန္ဒိယမှာ လတ်တလောဖြစ်နေတဲ့ အာသံပြည်နယ်အရေးနဲ့
ပတ်သက်ပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေမယ့် ကောလဟလတွေ ဖြန့်ချီနေတယ်ဆိုပြီး ၀ဘ်ဆိုဒ်
၂၅၀ ကျော်ကို အိန္ဒိယအစိုးရက ပိတ်လိုက်ပါတယ်။


ဂူဂယ်ပေါ်က ပုံတွေနဲ့ ယူကျူပေါ်က ဗီဒီယိုဖိုင်တွေလည်း ကန့်သတ်လိုက်သလို လူမှုဆက်သွယ်ရေးကွန်ယက်တွေဖြစ်တဲ့ Facebook, Twitter တွေကနေ မိုဘိုင်းဖုန်းတွေကိုဝင်တဲ့ Push Message တွေကိုပါ ကန့်သတ်လိုက်ပါတယ်။ ဒါ့အပြင် လူတယောက်အနေနဲ့ မိုဘိုင်းဖုန်းတွေဆီ SMS တပြိုင်တည်းပို့တဲ့အခါ အများဆုံး လူ ၅ ယောက်ကိုပဲ ပို့ခွင့်ရအောင် ကန့်သတ်ထားတယ်၊ ဒီလကုန်အထိ ဒီလိုကန့်သတ်မှုလုပ်ထားမယ်လို့ သိရပါတယ်။


အိန္ဒိယတောင်ပိုင်းက မြို့တွေမှာ ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ရောက်နေကြတဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်သားတွေ အားလုံးလိုလိုဟာ သူတို့ကို အန္တရာယ်ပြုမယ်ဆိုတဲ့ သဘောပါတဲ့ SMS တွေ လက်ခံရပြီးတဲ့နောက် ထိတ်လန့်တကြားဖြစ်ကုန်ပြီး အလုံးအရင်းနဲ့ ကိုယ့်ပြည်နယ်၊ ကိုယ့်မြို့ ကိုယ့်ရွာကို ပြန်ကြတာတွေ ဖြစ်လာတဲ့နောက်မှာ အိန္ဒိယအစိုးရက ဒီလို ကန့်သတ်မှုတွေ လုပ်လိုက်တာပါ။


အဲ့ဒီ SMS တွေမှာ ဘယ်မြို့မှာတော့ဖြင့် အရှေ့မြောက်ပြည်နယ်သား ဘယ်နှယောက် အရိုက်ခံရတယ်၊ ဘယ်မှာတော့ဖြင့် ဘယ်နှယောက် သေသွားတယ်ဆိုတဲ့ ကောလဟာလတွေ အပြင်၊ အရှေ့မြောက်ပြည်နယ်သားတွေအနေနဲ့ ကိုယ့်နေရာ ကိုယ်ပြန်မနေရင် မောင်းထုတ်ခံရမယ်၊ အသတ်ခံရမယ် စသဖြင့် ခြိမ်းခြောက်တာမျိုးတွေလည်း ပါတယ်လို့ အိန္ဒိယသတင်းတွေက ဆိုပါတယ်။

ပိတ်လိုက်တဲ့ထဲမှာ ဓာတ်ပုံအတုတွေ တမင်ဖန်တီးထားတဲ့ ဗီဒီယိုတွေနဲ့ ကောလဟာလ သတင်းတွေကို ပါကစ္စတန်ကနေ upload လုပ်နေတဲ့ ၀ဘ်ဆိုဒ်တွေ ပါတယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ ပါကစ္စတန်ကတော့ ဒီဟာစွပ်စွဲတာဖြစ်တယ် တိကျခိုင်လုံမှ ပြောပါလို့ ဆိုပါတယ်။ အိန္ဒိယ ပြည်ထဲရေးကတော့ သူတို့မှာ အထောက်အထားတွေရှိတယ် ဒါတွေကို ပါကစ္စတန်ကို ချပြမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စနဲ့ အာသံပြည်နယ်က ဘိုဒိုလူမျိုးစုတွေနေတဲ့နေရာတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ မဆိုင်တဲ့ ပုံတွေ၊ စာတွေ၊ ဗီဒီယိုဖိုင်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ဖြန့်ဝေနေကြပြီး အခြေအနေတွေကို ပိုဆိုးအောင် လုပ်နေတာတွေကို ရပ်တန်းက ရပ်ကြဖို့၊ ဒါတွေကို သတိရှိရှိနဲ့ လေ့လာကြဖို့၊ ကောလဟာလသတင်းတွေကို မယုံကြည်ကြဖို့၊ မကြောက်ရွံ့ကြဖို့ ဆိုထားပါတယ်။

အစိုးရအတိုက်အခံ ပါတီတွေကတော့ ဒီလို ပိတ်ပင်ကန့်သတ်တာ တခုတည်းနဲ့ အခြေအနေကို ထိန်းနိုင်မှာ မဟုတ်ပဲ အစိုးရအနေနဲ့ သေချာကိုင်တွယ်ဖို့ အရေးတကြီးလိုနေပြီလို့ ဝေဖန်ကြပါတယ်။

အိန္ဒိယ ဂူဂယ်လ်ရုံးကတော့ ယူကျုမှာ တင်လာတဲ့ ဗီဒီယိုတွေကို user တွေက ဒီဟာကတော့ဖြင့် မသင့်တော်ဘူး အကြမ်းဖက်မှုဆန်တယ် စသဖြင့် flag လုပ်လာတာနဲ့တပြိုင်နက် အဲ့ဒီ ဖိုင်တွေကို ချက်ခြင်း ဖျက်ပစ်တာမျိုးတွေ လုပ်နေပါတယ်လို့ ဆိုပါတယ်။

 ဇော် မင်း facebook မှ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )